စမူဆာပြုလုပ်နည်း




နေ့လည်စာ အစာပြေ လုပ်စားနိုင်မယ့် စမူဆာကြော်လေးပါ။ အိန္ဒိယစတိုင် အာလူး၊ ကြက်သွန်နီကို အစားသွပ်ထားပြီ အရသာ ခပ်စပ်ရှိန်ရှိန်လေးနဲ့ စားလို့ အရမ်းကောင်းပါတယ်။ စမူဆာ လုပ်ပုံအဆင့်ဆင့်ပါ ထည့်သွင်းထားတာမို့ လုပ်စားရ လွယ်ကူမှာပါ။




ပါဝင်ပစ္စည်းများ
ကော်ပြန့်ရွက် – ၈ရွက်
ကြက်သွန်နီ – ၂ခွက်စာ (ပါးပါးလှီးပါ)
အာလူး – ၅လုံး (နူအောင်ပြုတ်ပြီ အတုံးသေးများ တုံးထားပါ)




မှတ်ချက် ။ ။ ကြက်သွန်နီနှင့် အာလူး အချိုးအစား တူညီသည်..
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
ဇီယာမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
မဆလာ – စားပွဲတင်ဇွန်း ၁ဇွန်း
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း




ပြုလုပ်နည်း
၁။ အရင်ဆုံး ဇလုံ တစ်ခုထဲတွင် အစာသွပ်ရန် ပါဝင်ပစ္စည်းများ ဖြစ်သော (ကြက်သွန်နီ၊ အာလူး၊ ငရုတ်သီးမှုန့်၊ ဇီယာမှုန့်၊ နံနံပင်၊ မဆလာ၊ ဆား) တို့ကို ရောနုယ်ထားလိုက်ပါ။
၂။ ကော်ပြန့်ရွက် တစ်ရွက်ကို ထပ်ပိုင်းပိုင်းလိုက်ပါ။
၃။ ပြီနောက် ထပ်ပိုင်းပိုင်းထားသော ကော်ပြန့်ရွက် အောက်နားကို ရေစွပ်ပေးပါ။




၄။ ပြီမှ ကော်ပြန့်ရွက်ကို ပြောင်းပြန်လှန်ပြီ ပုံတွင် ပါသည့်အတိုင်း တြိဂံပုံ ကန်တော့ ဖြစ်အောင် ခေါက်ပေးသွားပါ။
၅။ ပြီလျှင် ကော်ပြန့်ရွက်ထဲသို့ စမူဆာအတွက် အစာသွပ်ရန် နုယ်ထားသော အာလူး၊ ကြက်သွန်နီများကို အစာသွပ်ပေးပါ။




၆။ ပြီနောက်မှ ကန်တော့အပေါ်နားကို ရေစွပ်ပြီ တြိဂံပုံဖြင့်အောင် ပိတ်လိုက်ပါ။
ရ။ ပြီမှ ဒယ်ထဲ ဆီများများထည့်ပြီ ဆီပူလာလျှင် စမူဆာများကို အညှိရောင်သန်းသည်အထိ ထည့်ကြော်ပေးပါ။
၈။ ထို့နောက် စမူဆာကြော် များကို ဇကာဖြင့် ပြန်ဆယ်ပြီ အရသာရှိစွာသုံးဆောင် လို့ရပါပြီ…




မှတ်ချက် ။ ။ ပိုမို ကြွပ်ရွ စေချင်လျှင် ကြော်ထားသော စမူဆာများကို ၅မိနစ် အအေးခံပြီမှ နောက်တစ်ခါ ဆီဖြင့် ထပ်ကြော်ပေးပါ။




Credit မူရင်းတင်သူ
အမည်ရှာလို့ မတွေ့ပါသောကြောင့်
Sunday ပိတ်ရက်အားနေရင် လုပ်စားလို့ရအောင်