#ဇီးဖြူသီးထောင်း




ဇီးဖြူသီးကိုရေနည်းနည်းထည့်ပြုတ်ပြီးအစေ့ထုတ်ထားပါ၊
ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းလှော်ထားပါ၊
ငပိထောင်းဗူးအလွယ်ရှိလျင် ထမင်းစားဇွန်း ၁ ဇွန်းထည့်၊ (ငပိမကြိုက်ကမထည့်လဲရ)




ဇီးဖြူသီးထောင်းနည်း




အရင်ဆုံးပုဇွန်ခြောက်ထောင်းပါ၊
ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းထောင်းပါ၊
ညှက်လျင် ဇီးဖြူသီးထည့်ထောင်းပါ၊
နောက်ဆုံး ငပိထောင်း၊ဆား၊ဟင်းခတ်မှုန့် / အချိုမှုန့်ထည့်ပြီး သမအောင်ထောင်းပါ။




ဇီးဖြူသီးကိုအဖြူထည်လေးကြိုက်လျင် ငပိမထည့်ပဲထောင်းပါ။




ထောင်းပြီးကြက်သွန်မိတ်နဲ့သုပ်စားလဲကောင်း၊
ဒီအတိုင်းစားလဲကောင်းပါတယ်။
ဟင်းချို၊ဟင်းခါးလေးနဲ့တွဲဖက်စား သိပ်ကိုလိုက်ဖက်ပါတယ်။




ဇီးဖြူသီးကသွေးနည်းနည်းချုပ်တတ်တာကလွဲလို့ သူ့ရဲ့ကောင်းကျိုးတွေအများကြီးပါ။
ထောင်းစား၊သုပ်စား၊တို့စရာအဖြစ်နဲ့စားစား အကျိုးများလို့ စားကြည့်စေချင်ပါတယ်။




ချစ်တဲ့သငြးစုမူးရငျးေ ရးသားသူအားလေးစားလကြျပါအားလေးစားလကွပြါ