ပုဇွန်ဖက်ထုပ်ကြော် ပြုလုပ်နည်း

Food

ပါဝင်ပစ္စည်းများ

ပုဇွန်ထုတ် – အခွံချွတ်ပြီးသား 300 g
ဖက်ထုတ်ရွက် – အရွက်၃၀ခန့် (ready made အရွက်ကို သုံးထားပါတယ်)
အချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
ဆား – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
Mushroom soy sauce – ထမင်းစားဇွန်း တစ်ဇွန်း


Corn flour – ထမင်းစားဇွန်း တစ်ဇွန်း
ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
တရုတ်မဆလာ – လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
မုံလာဥနီ – အနေတော် တစ်ဥ
ပြောင်းဖူးစေ့ – လှီးပြီးသား (ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးစာ)
နှမ်းဆီ – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
နေကြာဆီ – လီတာဝက်ခန့်

ပြင်ဆင်ပုံ

ပုဇွန်ထုတ်ကို အခွံခွာပြီး ကြောဖက်မှ အမည်းကြောင်းကို ထုတ်ထားပါ
ပုဇွန်ကို ကြိတ်စက်ထဲထည့်ပြီး ညက်နေအောင် ကြိတ်ပေးပါ
ကြိတ်စက်မသုံးပါက ဓါးနှင့် ခပ်နုတ်နုတ် ညက်နေအောင် စဉ်းပေးပါ
ပြောင်းဖူးကို အခွံခွာပြီး ရေဆေးကာ ခပ်ထူထူ လှီးပေးထားပါ

မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ ခပ်နုတ်နုတ် လှီးထားပါ
ဇလုံတစ်လုံးထဲမှာ ညက်နေအောင် ကြိတ်ထားသော ပုဇွန်အသား မုံလာဥနီ ပြောင်းဖူး တရုတ်မဆလာ ငရုတ်ကောင်းမှုန့် ဆား အချိုမှုန့် နှမ်းဆီ mushroom soy saue, cornflour တို့ထည့်ပြီး အရသာမျှအောင် ဇွန်းနှင့်မွှေပေးပါ
ဖက်ထုတ်ထုတ်ရန် ပြင်ဆင်ပုံ

ဖက်ထုတ်အရွက် တစ်ရွက်ယူပြီး အစာကို အလယ်တည့်တည့်မှာ လက်ဖက်ရည်ဇွန်း တဇွန်းစာလောက် ပုံပေးပါ
Ready made ခဲထားသော အရွက်ကို သုံးပါက အစာမထည့်ခင် နာရီဝက်လောက် ကြိုထုတ်ထားပေးပါ
ရေခဲပျော်မှ တစ်ရွက်ခြင်း လွှာယူရ လွယ်ကူစေပါတယ်

အစာထည့်ပြီးသော ဖက်ထုတ်အရွက်ရဲ့ အနား၂ဖက်ကို ရေနှင့် အနည်းငယ် စွတ်ပေးပြီး ပုံပါအတိုင်း ခေါက်ပေးပါ
အနား၂ဖက် ကပ်သွားစေရန် လက်မနှင့် လက်ညှိုးကြားထည့်ကာ လိုက်ဖိပေးပါ
ထုတ်ပြီးသော ဖက်ထုတ်များကို တစ်ခုနှင့် တစ်ခုမကပ်စေရန် ခပ်ဝေးဝေးထားပါ
ချက်ချင်း ကြော်မစားသေးပါက နာရီဝက်လောက် လေသလပ်ခံပြီးမှ တစ်ခုနှင့်တစ်ခု ထပ်ထားပြီး သိမ်းပေးပါ
ထိုနည်းအတိုင်း ဖက်ထုတ်အရွက်များ ကုန်တဲ့အထိ ထုပ်ပေးပါ
ထုတ်ပြီးသွားသော ဖက်ထုတ်များကို စားနိူင်သလောက် ကြော်ပြီး ပိုသောဖက်ထုတ်များကို ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ သိမ်းထားပြီး လိုမှထုတ်၍ ကြော်နိူင်ပါတယ်။
ကြော်ရန် ပြင်ဆင်ပုံ

ကြော်နေစဉ် ဖက်ထုတ်အပြင်သား အကျက်မမြန်စေရန်အတွက် အိုးအသားထူသော ဒယ်အိုးကို အပူပေးပါ
အိုးပူလာတာနဲ့ ဆီကိုထည့်ပေးပါ
ဆီအငွေ့တက်လာတာနဲ့ မီးကို အလယ်လောက်ထိ လျှော့လိုက်ပါ

မီးအားအရမ်းပြင်းလျှင် ဖက်ထုတ်အပြင်ခွံ ကျက်ပြီးအရောင် မလှသလို အတွင်းက အစာများ မကျက်ဘဲ ဖြစ်တတ်ပါတယ်
မီးလျော့ပြီး အိုးထဲမှဆီ အငွေ့သေလောက်မှ ဖက်ထုတ်များကို တစ်ထုတ်ခြင်း တစ်ခုနှင့်တစ်ခု မကပ်အောင် ထည့်ပေးပါ
ကြော်နေစဉ် အကျက်ညီစေရန် တစ်ဖက်ကျက်မှ တစ်ဖက်ကို လှန်ပေးပါ
နှစ်ဖက်လုံး ရွှေအိုရောင် သန်းလာတာနဲ့ ဆယ်ပြီးဆီစစ်ထားပါ
ဆီစစ်တာနဲ့ အရသာရှိလွန်းသော ပုဇွန် ဖက်ထုတ်ကြော်ကို နှစ်သက်ရာ အချဉ်ဖြင့် စားသုံးနိူင်ပါပြီ။

မူရင်း ရေး သားသူအား လေး စားစွာ credit ပေးပါသည်










Leave a Reply

Your email address will not be published.