အိမ်ခြေရာမဲ့ဘဝကနေ ဒီဇိုင်နာတစ်ဦးရဲ့ ကျေးဇူးကြောင့် ကလေးမော်ဒယ်တစ်ယောက်ဖြစ်လာခဲ့သော မိန်းကလေး




များသောအားဖြင့် လူတိုင်းနီးပါးက တစ်ယောက်ကိုတစ်ယောက် အပေါ်ယံကြည့်ပြီးတော့သာ သူတို့ရဲ့ဖြစ်တည်မှုကို အထင်သေးအမြင်သေးတာမျိုးတွေပြုမူတတ်ကြသည်။




သို့ဖြစ်၍ ဗီယက်နမ်နိုင်ငံမှ အသက်၁၀နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မိဘနှစ်ပါးကဆင်းရဲနွမ်းပြီး အိုးပိုင်အိမ်ပိုင်ပင်မရှိ၍ လမ်းဘေးမှာ တဲလေးထိုးကာ စားဝတ်နေရေးအတွက်




တိုလီမှုတ်စအသုံးအဆောင် ပစ္စည်းတစ်ချို့ရောင်းရင်းနဲ့ အသက်မွေး၀မ်းကျောင်းပြုခဲ့ကြသည်။




မိန်းကလေးရဲ့ မိသားစုဝင်မှာ ၅ဦးပင်ရှိသော်လည်း ကျဥ်းမြောင်းစုတ်ပြတ်နေသော တဲငယ်လေးထဲမှာ နေထိုင်ခဲ့ရ၍




ကျောင်းသွားသည့်အခါ ပေါင်းသင်းမည့် သူငယ်ချင်းပင်မရှိပဲ အမြဲတမ်း အနှိမ်ခံဘဝကို ဖြတ်သန်းခဲ့ရသည်။




ကံကောင်းစွာပဲ မိန်းကလေးသည် ဖြူစင်ရိုးသားပြီးချောမောသောရုပ်ရည်သွင်ပြင်ကို ဒီဇိုင်နာတစ်ဦးမှ မြင်တွေ့ခဲ့ပြီး မော်ဒယ်ပြိုင်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်စေခဲ့ရာ လူအများရဲ့




အားပေးမှုကို ရရှိခဲ့ပြီး သူမရဲ့မိသားစုအတွက်လည်း အထောက်ပံ့များစွာရရှိခဲ့သည်။




Rain (For Ialinks)
Crd