စွန့်ပစ်ပလပ်စတစ်မှ ဒီဇယ်ထုတ်နိုင်တဲ့စက်ကို တီထွင်ခဲ့တဲ့ စစ်ကိုင်တိုင်း ဘုတလင်မြို့က ကိုသန့်ဇင်ထွန်း

News


စွန့်ပစ်ပလပ်စတစ်မှ ဒီဇယ်ထုတ်နိုင်တဲ့နည်းပညာ

စစ်ကိုင်တိုင်းဒေသကြီး၊ ဘုတလင်မြို့က BE(Chemical) ဘွဲ့ရ ကိုသန့်ဇင်ထွန်း ဆိုသူဟာ

၂၀၁၅ ခုနှစ်မှာ စွန့်ပစ် ဂျွတ်ဂျွတ်အိတ်၊ ပီနံအိတ် နဲ့ အခြားစွန့်ပစ်ပလပ်စတစ်တွေကနေ ဒီဇယ်ဆီ တစ်နေ့ ဂါလံ ၂၀ ထုတ်လုပ်ထဲ့ Pilot Plant လေးကို တည်ဆောက်ပြီး သူ့ရဲ့ထုတ်လုပ်မှုကိုသရုပ်ပြခဲ့ရာမှာ သူ့ရဲ့ ဒီဇယ်ဆီ Product တွေထည့်ပြီးလယ်ယာသုံးစက်များကို မောင်းနှင်ပြခဲ့ပါတယ် တိုင်းဒေသကြီးအစိုးရကိုလည်း သူ့ရဲ့ Plan ကိုရှင်းပြကာ စက်ရုံအကြီးတည်ဆောက်နိုင်ရေးInvestment အတွက် SME ချေးငွေ သိန်း ၅ထောင်လိုအပ်ကြောင်း တင်ပြခဲ့ပါတယ်။

အဲဒီတုန်းက စည်ပင်ကလည်း ပလပ်စတစ်စွန့်ပစ်အမှိုက်ကိစ္စ ဖြေရှင်းနိုင်မယ့်နည်းလမ်းဖြစ်လို့အတော်စိတ်ဝင်စားကာ သူကို ချေးငွေ သိန်းငါးရာ ချေးပေးဖို့ အစီအစဉ်ရှိခဲ့သော်လည်းနောက်တော့အစီအစဉ်က ပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။ဘဏ်တွေမှာ ငွေချေးဖို့ကလည်း သူမှာ အာမခံအပေါင်ပစ္စည်းများများစားစားမရှိခဲ့တော့ အလုပ်မဖြစ်ခဲ့ပါဘူး

ကြာတော့လည်း သူ့ plant လေးက ထုတ်လုပ်မှုတွေ ကြာလာတာနဲ့အမျှ ပျက်စီးသွားခဲ့ပါတယ်။ဒါပေမယ့် လက်တော့မလျှော့သေးပါဘူး ယခင် Pllot Plant ထက် တော်တော်လေးသေးတဲ့တစ်နေ့ တစ်ဂါလံခွဲလောက်ထွက်တဲ့ အသေးစားလေးနဲ့စမ်းသပ်ထုတ်နေပါတယ်ဆိုတဲ့အတွက် မနေ့ကသွားရောက်လေ့လာဖြစ်ခဲ့ပါတယ်

ပိုသေးသွားတော့ ဘာဖြစ်လဲ စီးပွားရေးမကိုက်တော့ဘူးပေါ့ Process အချိန်တွေ အလုပ်သမားသုံးရတဲ့အချိန်တွေက အတူတူဘဲကိုး ဝါသနာအရသာထုတ်နေတာ ထုတ်သမျှရှုံးနေတော့မှာပေါ့သူပြောတာကတော့

ပထမအဆင့် ချေးငွေ သိန်းငါးရာ- တစ်ထောင်ရမယ်ဆို တစ်နေ့ ဂါလံ ၂၅၀ – ၃၀၀ ထွက်မယ့် Mini Plant တည်မယ်

ဒုတိယအဆင့် ချေးငွေ သိန်းငါးထောင် – တစ်သောင်း ရရင်တစ်နေ့ ဂါလံ ၂၅၀၀ ထွက်မယ့် Plant အကြီးလိုမယ် နောက်သူလိုနေတာ မြေနေရာ Mini အတွက် ၂ဧက Plant အကြီးအတွက် ၅ ဧကလိုမယ်

သူ့ရဲ့ နည်းပညာ၊ Plan နဲ့ Investment အတွက် ချေးငွေရရှိရေးကိုကျွန်တော်တို့ DG နဲ့ ဝန်ကြီးထံကို သင်္ကြန်မကျခင်က သွားတင်ပျထြားပါတယ်လို သူကဆိုပါတယ် ကဲ သူ့ရဲ့ နည်းပညာနဲ့ Innovation ကိုကြည့်လိုက်ရအောင်

၁။ စွန့်ပစ်ပလပ်စတစ်ကုန်ကြမ်းတွေကို Compact ဖြစ်သွားအောင်နှစ်ပေပတ်လည် ဘလောက်တုံးတွေအဖြစ်ဖိသိပ်လိုက်မယ်

၂။ အဲဒီဘလောက်တုန်းတွေကို လေမဲ့မီးရှို့တဲ့စနစ်ဖြစ်တဲ့Pyrolysis Reactor ထဲထည့်လိုက်တဲ့အခါ Plastoleum Oil လို့ခေါ်တဲ့ (မီးထိုးဆီ FO လို )ပလပ်စတစ်ဆီကို ရရှိမယ်( ဆီကြမ်းပေါ့)

၃။ အဲဒီ Plastoleum Oil ကို ပိုသန့်စင်သွားအောင်Chemical Treatment ထပ်လုပ်မယ်(အချို့ပလပ်စတစ်တွေက ပုံနှိပ်ဆေးတွေမှာပါတဲ့Chemical တွေကို သန့်စင်ပေးရတဲ့သဘော)

၎။ အဲဒီသန့်သွားတဲ့ Plastoleum Oil ကိုCatalytic Cracking Uint ထဲထည့်ပြီးအပူချိန်အမြင့်မှာDepolymerlization လုပ်ပြီးထပ်ဖြိုခွဲသန့်စင်ရပါတယ် (Depolymerlization ဆိုတာကတော့ သံကွင်းဆက်ကြိုးအရှည်ကြီးတစ်ခုကိုသံကြိုးကွင်းတစ်ခုချင်းစီ ကွဲထွက်သွားအောင်လုပ်တဲ့သဘောမျိုး ယူဆလို့ရပါတယ်။ အဲဒီအဆင့်မှာ ဓါတ်ကူပစ္စည်း ( Catalyst) တစ်မျိုးသုံးရပါတယ်။အဲဒီ Catalyst က နိုင်ငံခြားကဝယ်မယ်ဆို အင်မတန်ဈေးကြီးပါတယ် ဒါပေမယ့် ကိုသန့်ဇင်ထွန်းက အဲဒီ Catalyst ကို သူကိုယ်တိုင်ဖန်တီးတီထွင်ထုတ်လုပ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ထုတ်လုပ်မှုကုန်ကျစရိတ် အလွန်သက်သာသွားပါတယ်

၅။ Catalytic Cracking Uint ထဲကထွက်လာတဲ့ဆီဟာ ဓါတ်ဆီ၊ ဒီဇယ်အရောမျိုးဖြစ်ပြီး အဲဒီဆီကို Refinery Unit ( ရေနံချက်စက်ရုံအသေးစားမျိုး) နဲ့ သန့်စင်ချက်လုပ်ကာ ဒီဇယ် ၊ဓါတ်ဆီ ခွဲထုတ်ကာ သိုလှောင်ပြီး Chamical Treatment ထပ်မံပြုလုပ်ကာ Standard အဆင့်ထိပြုပြင်ထုတ်လုပ် ရောင်းချသွားမည့် အစီအစဉ်ပင်ဖြစ်ပါသည်။

စွမ်းအင်အကျိုးရှိစွာအသုံးချနိုင်မှုနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်ဖြင့်ကြည့်လျင်လေမဲ့မီးရှို့တဲ့စနစ်ဖြစ်သော Pyrolysis Reactor အားစတင်ပူပေးရာတွင် Diesel Burner ဖြင့် အပူစပေးရပြီးပလပ်စတစ်များမှ ထွက်လာသော မီသိန်း၊ အီသိမ်း ဓါတ်ငွေ့များအား အပူပေးရာတွင်ပြန်သုံးနိုင်ပြီး ကျန် flu ဓါတ်ငွေ့များ(ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုင်ထရိုဂျင်အောက်ဆိုဒ်၊ ကလိုရင်း နှုင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ပါဝင်နိုင်) အားလည်း Flu Gas Cleaning System ဆိုသည့် Chemical Treatment ပြုလုပ်ကာ အတတ်နိုင်ဆုံး ဖယ်ထုတ်သန့်စင်ပြီးမှ လေထဲသို့ြ

ပန်လည်စွန့်ထုတ်မည့်စနစ်အသုံးပြုခြင်း၊ စက်ရုံ Process ပြုလုပ်ရာမှာထွက်ရှိလာမည့် Chemical များပါသည့်စွန့်ပစ်ရေများအားလည်း Waste water Treatment System တစ်ခုတည်ဆောက်ကာ Chemical များအား Recovery ရယူကာ Process တွင်ပြန်လည်အသုံးချနိုင်ခြင်း၊ ရေများကိုလည်း ပြန်လည်အသုံးပြုနိုင်ခြင်း တို့အပြင်ထိုစနစ်မှ By Product အဖြစ် ကယ်လစီယမ်ကာဘွန်နိတ် သာထွက်ရှိမည်ဖြစ်ပြီး ၄င်း By Product မှာလည်း ရောင်ချနိုင်သည့်ဈေးကွက်ရှိခြင်း၊ မီးထိုးစနစ်မှလည်း ကာဗွန်များသာ ပြန်လည်ထွက်ရှိလာမည်ဖြစ်ရာ ၄င်းကာဗွန်များကိုလည်း ထင်းအစားထိုးလောင်စာပြုလုပ်ရန် ကုန်ကြမ်းအဖြစ်သုံးနိုင်ခြင်းစသည် အားသာချက်များရှိကြောင်းသိရပါသည်။

တစ်ကယ်သာ အနေနဲ့ Investment အတွက် အစိုးရကဖြစ်စေ၊ INGO တစ်ခုခုကဖြစ်စေပြည်တွင်းပြည်ပ Invester တစ်ဦးဦးဆီကနေအထောက်အပံ့တစ်ခုခုရခဲ့ရင် သဘာဝပတ်ဝန်းကျင်ကို ဒုက္ခပေးနေတဲ့စွန့်ပစ်အမှိုက်တွေတောင် ဈေးကွက်တစ်ခုဖြစ်သွားနိုင်ပါတယ်

ဒီနည်းပညာကို သူများလိုက်လုပ်ဖို့တော့ မလွယ်ပါဘူးProcess မှာအဓိကသုံးရတဲ့ Catalyst ထုတ်လုပ်မှုနည်းပညာကလည်း သူရဲ့ Trade Secret ဖြစ်နေတာကိုးဘယ်လိုဘဲဖြစ်ဖြစ် စွမ်းအင်ထုတ်လုပ်ရေး SME လုပ်ငန်းတစ်ခုအဖြစ်ဖြစ်တည်လာနိုင်လိမ့်မယ်လို့ယုံကြည်မျှော်လင့်မိပါတယ်။

ကျွန်တော်ရေးတာတော့ မပြည့်စုံနိုင်ပါဘူးအသေးစိတ်သိချင်ရင်တော့ကိုသန့်ဇင်ထွန်းကို မေးပါ

Ph 09400524677, 09794794082

ကျွန်တော်နဲ့လည်း FB friend ပါ။

Crd

Leave a Reply

Your email address will not be published.