ကိုရီးယားအစားစာ ပဲခေါက်ဆွဲ ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် လုပ်နည်း ( ၂ ) မျိုး

Food

ကိုရီးယားအစားစာ ပဲခေါက်ဆွဲ ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် လုပ်နည်း ( ၂ ) မျိုးမျှဝေလိုက်တယ်နော်။

ကိုးရီးယားပဲခေါက်ဆွဲကိုကိုးရီးယားကားတွေထဲစားနေတာဘဲမြင်ဖူးတာမို့အရသာသစ်တခုကိုမြည်းစမ်းကြည့်ချင်လို့ချက်စားဖြစ်ခဲ့တာလေးပါ။ချက်နည်းမေးလာတဲ့သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာတမျိုးနဲ့စွဲမက်ဖွယ်ပဲခေါက်ဆွဲကိုချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်း(၄ပွဲစာ)

ဂျုံခေါက်ဆွဲ – တစည်း
ကြက်သား- ၃၀၀ ဂရမ်

ဆား – အနည်းငယ်
ဟင်းခပ်မှုန့်- အနည်းငယ်

ပဲငပိအမဲအနှစ်(ကိုးရီးယား)- ၁၅၀ ဂရမ်
ၾကက္သြန္နီ – တစ္လုံး

ဖရုံသခွား – တစ်စိတ်
ဂေါ်ဖီထုပ် – အနည်းငယ်

အာလူး(အႀကီး)- တစ္လုံး
မွို(button mushroom) – ၅လုံး

မုန်လာဥနီ- တစ်စိတ်
ကြက်ပြုတ်ရည် – ၃၅၀ml

ငရုပ်ကောင်း – တစ်ဇွန်း လ္ဘက်ဇွန်း
ဂျင်းမှုန့် – ၂ဇွန်းစားပွဲဇွန်း

ဆန်ဗီနီဂါ- ၃ဇွန်း စားပွဲဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့်- ၃ဇွန်းစားပွဲဇွန်း

ရေ – နှစ်ဇွန်း
ဆီ- အနည်းငယ်

တွဲဖက်စားရန်
ကြက်ဥပြုတ် – ၄လုံး (optional)
သခွားသီး- တခြမ်း(အမျှင်)

ပြင်ဆင်ပြုလုပ်ပုံ
1.ဦးစွာကြက်သားသို့မဟုတ်နှစ်သက်ရာအသားကိုရေဆေးသန့်စင်ပြီးဆားဟင်းခပ်မှုန့်ငရုပ်ကောင်းဖြင့်နယ်ထားပါ။

2.ကျန်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအရွယ်တူအတုံးလေးများစိတ်ထားပါ။ခေါက်ဆွဲခြောက်ကိုပြုတ်ထားပါ။ကြက်ဥပြုတ်ထားပါ။သခွားသီး ကိုအမျှင်လေးများစိတ်ထားပါ။

3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအာလူးကိုအရောင်ရရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။အိုးထဲတွင်ဆီ အနည်းငယ်ချန်ပြီးပဲနှစ်ကိုဆီသပ်ပါ။အနံ့မွေးလာပါကဖယ်ထုတ်ထား ပါ။

4.အိုးထဲဆီအနည်းငယ်ထပ်ထည့်ပြီးအရသာနှပ်ထားသောအသားကိုချကြော်ပါ။

5.အသားအရောင်ပြောင်းသည်နှင့်သီးနှံများအားလုံးထည့်ပြီးကြော်ပါ။

6.သီးနှံများကြော်မိပါကဆီသပ်ထားသောပဲအနှစ်ထည့်ပြီးအားလုံးသမအောင်မွေပေးပါ။

7.ကြက်ပြုတ်ရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်ကောင်းနှင့်ဆန်ဗီနီဂါဂျင်းမှုန့်ထည့်ပြီး သမအောင်မွေပေးပါ။

8.ဆူပွက်ပါကပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းဖြင့်ဖျော်ပြီးလောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။

9.ပြန်လည်ဆူပွက်ပါကခေါက်ဆွဲနှင့်တွဲဖက်စား ရန်အသင့်ဖြစ်ပါပြီ။

10.အသင်ြ့ပုတ်ပြီးသားခေါက်ဆွဲကိုပန်းကန်တွင်ထည့်ပြီးချက်ထားသောပဲအနှစ်ဟင်းကိုအပေါ်မှဆမ်းပေးပြီးကြက်ဥပြုတ်သခွားသီးထည့်ကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

Credit original upload
`
` ကိုရီးယား ပဲခေါက်ဆွဲ´´လုပ်နည်း(၂)

ဒီတစ်ပတ်မှာ ပဲခေါက်ဆွဲကြိုက်တဲ့သူများအတွက် အိမ်မှာလုပ်စားဖို့အဆင်ပြေအောင် လုပ်ပုံလုပ်နည်းကို ညွှန်းပေးလိုက်ပါတယ်။ ကိုရီးယားအစားအစာကြိုက်တဲ့သူတွေ အတော်များများနှစ်သက်တဲ့ အစားအစာတွေထဲက တစ်မျိုးဆိုရင်လဲမမှားပါဘူး။ အခုဆိုရင်မြန်မာလူမျိုးအများစုကပါ ကိုရီးယားအစားအစာကို ကြိုက်နှစ်သက်လာတာတွေ့ရပါတယ်။ တချို့ဆို အိမ်မှာတကူးတကလုပ်စားလာတာ တွေ့ရပါတယ်။ အိမ်မှာလည်း လုပ်စားဖို့အဆင်ပြေတဲ့ ပဲခေါက်ဆွဲလုပ်ပုံလုပ်နည်းကို ပြောပြလိုက်ပါတယ်။

ပဲခေါက်ဆွဲအတွက်ပါဝင်သောပစ္စည်း

၀က်သား – အနည်းငယ်
ကိုရီးယားပဲအနှစ် (Choonjang) – စားပွဲတင်ဇွန်း ၄ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ပြောင်းဖူးမှုန့် သို့ ကော်မှုန့်- စားပွဲတင်ဇွန်း ၂ဇွန်း
ၾကက္သြန္နီ – ၂လုံး
Zucchini – ၁လုံး
အာလူး – ၂လုံး
ဂျပန်သခွားသီး – အနည်းငယ်
ရေ – အနည်းငယ်

ပဲခေါက်ဆွဲ ပြုလုပ်နည်း

ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။ ဝက်သားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။

ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါဝင်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

ခေါက်ဆွဲကို မိမိကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲအသုံးပြုနိုင်သလို ဝက်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။

(အသုံးပြုနိုင်သလို ဝက်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။

#Credit

Unicode

ကိုရီးယားအစားစာ ပဲခေါက်ဆွဲ ကိုယ်တိုင်ပြုလုပ်လိုသူများအတွက် လုပ်နည်း ( ၂ ) မျိုးမျှဝေလိုက်တယ်နော်။

ကိုးရီးယားပဲခေါက်ဆွဲကိုကိုးရီးယားကားတွေထဲစားနေတာဘဲမြင်ဖူးတာမို့အရသာသစ်တခုကိုမြည်းစမ်းကြည့်ချင်လို့ချက်စားဖြစ်ခဲ့တာလေးပါ။ချက်နည်းမေးလာတဲ့သူငယ်ချင်းများအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ပြုလုပ်ရလွယ်ကူပြီးအရသာတမျိုးနဲ့စွဲမက်ဖွယ်ပဲခေါက်ဆွဲကိုချက်စားကြည့်ကြရအောင်နော်။

ပါဝင်ပစ္စည်း(၄ပွဲစာ)

ဂျုံခေါက်ဆွဲ – တစည်း
ကြက်သား- ၃၀၀ ဂရမ်

ဆား – အနည်းငယ်
ဟင်းခပ်မှုန့်- အနည်းငယ်

ပဲငပိအမဲအနှစ်(ကိုးရီးယား)- ၁၅၀ ဂရမ်
ကြက်သွန်နီ – တစ်လုံး

ဖရုံသခွား – တစ်စိတ်
ဂေါ်ဖီထုပ် – အနည်းငယ်

အာလူး(အကြီး)- တစ်လုံး
မှို(button mushroom) – ၅လုံး

မုန်လာဥနီ- တစ်စိတ်
ကြက်ပြုတ်ရည် – ၃၅၀ml

ငရုပ်ကောင်း – တစ်ဇွန်း လ္ဘက်ဇွန်း
ဂျင်းမှုန့် – ၂ဇွန်းစားပွဲဇွန်း

ဆန်ဗီနီဂါ- ၃ဇွန်း စားပွဲဇွန်း
ပြောင်းဖူးမှုန့် /ကော်မှုန့်- ၃ဇွန်းစားပွဲဇွန်း

ရေ – နှစ်ဇွန်း
ဆီ- အနည်းငယ်

တွဲဖက်စားရန်
ကြက်ဥပြုတ် – ၄လုံး (optional)
သခွားသီး- တခြမ်း(အမျှင်)

ပြင်ဆင်ပြုလုပ်ပုံ
1.ဦးစွာကြက်သားသို့မဟုတ်နှစ်သက်ရာအသားကိုရေဆေးသန့်စင်ပြီးဆားဟင်းခပ်မှုန့်ငရုပ်ကောင်းဖြင့်နယ်ထားပါ။

2.ကျန်သီးနှံများအားလုံးကိုရေဆေးသန့်စင်ပြီးအရွယ်တူအတုံးလေးများစိတ်ထားပါ။ခေါက်ဆွဲခြောက်ကိုပြုတ်ထားပါ။ကြက်ဥပြုတ်ထားပါ။သခွားသီး ကိုအမျှင်လေးများစိတ်ထားပါ။

3.အားလုံးအသင့်ဖြစ်ပါကအိုးထဲတွင်ဆီထည့်ပြီးအာလူးကိုအရောင်ရရုံကြော်ပြီးဆယ်ယူဆီစစ်ထားပါ။အိုးထဲတွင်ဆီ အနည်းငယ်ချန်ပြီးပဲနှစ်ကိုဆီသပ်ပါ။အနံ့မွေးလာပါကဖယ်ထုတ်ထား ပါ။

4.အိုးထဲဆီအနည်းငယ်ထပ်ထည့်ပြီးအရသာနှပ်ထားသောအသားကိုချကြော်ပါ။

5.အသားအရောင်ပြောင်းသည်နှင့်သီးနှံများအားလုံးထည့်ပြီးကြော်ပါ။

6.သီးနှံများကြော်မိပါကဆီသပ်ထားသောပဲအနှစ်ထည့်ပြီးအားလုံးသမအောင်မွေပေးပါ။

7.ကြက်ပြုတ်ရည်ထည့်ပြီးအရသာအပေါ့အငံမြည်းပါ။ငရုပ်ကောင်းနှင့်ဆန်ဗီနီဂါဂျင်းမှုန့်ထည့်ပြီး သမအောင်မွေပေးပါ။

8.ဆူပွက်ပါကပြောင်းဖူးမှုန့်ကိုရေနှစ်ဇွန်းဖြင့်ဖျော်ပြီးလောင်းထည့်ကာခပ်မြန်မြန်မွေပေးပါ။

9.ပြန်လည်ဆူပွက်ပါကခေါက်ဆွဲနှင့်တွဲဖက်စား ရန်အသင့်ဖြစ်ပါပြီ။

10.အသင်ြ့ပုတ်ပြီးသားခေါက်ဆွဲကိုပန်းကန်တွင်ထည့်ပြီးချက်ထားသောပဲအနှစ်ဟင်းကိုအပေါ်မှဆမ်းပေးပြီးကြက်ဥပြုတ်သခွားသီးထည့်ကာကင်မ်ချီဖြင့်တွဲဖက်တည်ခင်းနိုင်ပါပြီ။

Credit original upload
`
` ကိုရီးယား ပဲခေါက်ဆွဲ´´လုပ်နည်း(၂)

ဒီတစ်ပတ်မှာ ပဲခေါက်ဆွဲကြိုက်တဲ့သူများအတွက် အိမ်မှာလုပ်စားဖို့အဆင်ပြေအောင် လုပ်ပုံလုပ်နည်းကို ညွှန်းပေးလိုက်ပါတယ်။ ကိုရီးယားအစားအစာကြိုက်တဲ့သူတွေ အတော်များများနှစ်သက်တဲ့ အစားအစာတွေထဲက တစ်မျိုးဆိုရင်လဲမမှားပါဘူး။ အခုဆိုရင်မြန်မာလူမျိုးအများစုကပါ ကိုရီးယားအစားအစာကို ကြိုက်နှစ်သက်လာတာတွေ့ရပါတယ်။ တချို့ဆို အိမ်မှာတကူးတကလုပ်စားလာတာ တွေ့ရပါတယ်။ အိမ်မှာလည်း လုပ်စားဖို့အဆင်ပြေတဲ့ ပဲခေါက်ဆွဲလုပ်ပုံလုပ်နည်းကို ပြောပြလိုက်ပါတယ်။

ပဲခေါက်ဆွဲအတွက်ပါဝင်သောပစ္စည်း

ဝက်သား – အနည်းငယ်
ကိုရီးယားပဲအနှစ် (Choonjang) – စားပွဲတင်ဇွန်း ၄ဇွန်း
ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
သကြား – စားပွဲတင်ဇွန်း ၂ဇွန်း
ခရုဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
ပြောင်းဖူးမှုန့် သို့ ကော်မှုန့်- စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်နီ – ၂လုံး
Zucchini – ၁လုံး
အာလူး – ၂လုံး
ဂျပန်သခွားသီး – အနည်းငယ်
ရေ – အနည်းငယ်

ပဲခေါက်ဆွဲ ပြုလုပ်နည်း

ပထမဆုံး ဒယ်အိုးထဲကိုဆီထည့်ပါ။ ကြက်သွန်နီတစ်လုံးကို ပါးပါးလှီးပြီး ကြက်သွန်နီ နီရဲပြီးကျွမ်းသွားတဲ့ အထိဆီသတ်ပေးပါ (အနံ့ပဲယူတာဖြစ်ပါတယ်)။ ကြက်သွန်နီအဖတ်များကို ဆယ်ထုတ်ပြီးလွင့်ပစ်လိုက်ပါ။ ပြီးနောက် ဆီထဲကို ကိုရီးယားပဲအမဲရောင်အနှစ် စားပွဲတင်ဇွန်း ၄ ဇွန်းထည့်ပြီး မီးအေးအေးနဲ့ နှံ့အောင်မွှေပေးပါ။ ပြီးရင်တော့ အိုးထဲက ဆီတွေကိုဇွန်းနဲ့အသာခပ်ထုတ်ပြီး ပန်းကန်လုံးတစ်ခုထဲ ထည့်ထားပါ။ အဲဒီနောက် ဒယ်အိုးထဲကို ပဲအနှစ်ထဲပြီး သကြားစားပွဲတင်ဇွန်း ၂ဇွန်းထည့် နှံ့အောင်မွှေပေးပြီး မီးပိတ်ထားပေးပါ။

ဝက်သားကိုလဲ သေးသေးလေးတွေတုံးပြီး ဖယ်ထားတဲ့ဆီကြာ်ပါ။ ဆီနည်းလျှင် ဆီထပ်ထည့်ပြီးကြော်ပေးပါ။ အသားနူးသွားပါက ပါဝင်တဲ့ပစ္စည်းတွေဖြစ်တဲ့ (ကြက်သွန်နီ၊ Zucchini၊ အာလူး) တို့ကို အတုံးသေးလေးတွေတုံးပြီး အသားနဲ့ရောနယ်ပါ။ ခရုဆီ စားပွဲတင်ဇွန်း ၁ဇွန်းထည့်ပါ။ ပြီးနောက် ပြောင်းဖူးဖလာမှုန့် (ပြောင်းဖူးပုံပါတဲ့ အကြော်မှုန့်) မရှိပါက အခြားဂျုံမှုန့် ၂ဇွန်းကို ရေ ၃ ဇွန်းဖြင့် ဖျော်ပြီးထည့်ပေးပါ။ နောက်ဆုံးမှာ ဆီသတ်ထားတဲ့ ကိုရီးယားပဲအနှစ်ကို ရောထည့်ပြီးမွှေပေးပါ။ ရေအနည်းငယ်ထည့်ပြီး အရသာမြည်းကြည့်လို့ အာလူးနဲ့အသီးအနှံများနူးတာနဲ့ ပြုတ်ထားတဲ့ခေါက်ဆွဲပေါ်ကိုလောင်းထည့်ပြီး အသင့်စားသုံးနိုင်ပြီ ဖြစ်ပါတယ်။

ခေါက်ဆွဲကို မိမိကြိုက်နှစ်သက်တဲ့ ခေါက်ဆွဲအသုံးပြုနိုင်သလို ဝက်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။

(အသုံးပြုနိုင်သလို ဝက်သားအစား ကြက်သား သုံးလို့ရသလို အသားမပါဘဲ သတ်သတ်လွတ်လုပ်စားသုံးလို့လည်းရပါတယ်။

Leave a Reply

Your email address will not be published.