ချဉ်ပေါင်ရွက်နဲ့မျှစ်အချဉ်ဟင်းချက်နည်း..😍

Food

ချဉ်ပေါင်ရွက်နဲ့မျှစ်အချဉ်ဟင်းချက်နည်း..😍

ချဉ်ပေါင်ရွက်ကို ပုဇွန်၊ မျှစ် နဲ့ အချဉ်ဟင်းအရည်သောက် အရသာရှိရှိလေးချက်ကြည့်ရအောင်ပါ

ပါဝင်ပစ္စည်းများ
ချဉ်ပေါင်ရွက် (အရွက်ခြွေ) ၂ စည်း
မျှစ် ၅ ကျပ်သား
ပုဇွန်ဆိတ် ၅ ကျပ်သား
ကြက်သွန်နီ ၁ လုံး
ကြန်သွန်ဖြူ ၃ မွှာ
ငရုတ်သီးမှုန့် ၁ ဇွန်း(လက်ဖက်ရည်သောက်ဇွန်း)
ဆီ ၁ ဇွန်း( ထမင်းစာဇွန်း)
မျင်ငါးပိ ၁ ဇွန်း (ထမင်းစာဇွန်း)
ငရုတ်သီးစိမ်း ၅ တောင့်

ချက်နည်း
• ရှေးဦးစွာ ကြက်သွန်နီကြက်သွန်ဖြူ နှင့် ငရုတ်သီးမှုန့်တို့ကို ဟင်းအနှစ်ဖြစ်အောင်ထောင်းထားပါ
• ဒယ်အိုးကိုအပူပေး၍ ဆီထည့်ပါ

• ဆီပူလာလျှင် ထောင်းထားသော ကြက်သွန်နီကြက်သွန်ဖြူ နှင့် ငရုတ်သီးမှုန့်အနှစ်ကို့ထည့်၍ ဆီသတ်ပါ
• ထို့နောက် ပုဇွန်ထည့်ပါ
• ပုဇွန်ကျက်လာလျှင် ချဉ်ပေါင်ရွက်ထည့်ပါ

• ချဉ်ပေါင်ရွက် နွမ်းလာလျှင် မျှစ်နှင့် ငရုတ်သီးစိမ်းထည့်ပါ
• ပြီးလျှင် ငါးပိထည့်ပြီး ကြေအောင်ချေပေးပြီး (၅)မိနစ်ခန့် ဆက်လက်ချက်ပါ

• ထို့နောက်ရေကို (၁)လီတာတည့်ပါ ဆူလာပြီးဆိုလျှင် အပေါ့အငံ အရသာမြည်း၍ လိုအပ်သလိုပြင်ပါ
အဆင်ပြေရင်တော့ အရသာလဲရှိ ကျန်းမာရေးနဲ့လဲညီတဲ့ အချဉ်ဟင်းလေးက အဆင်သင့် ဖြစ်ပါပြီ။

လေးစားလျှက်..crd.
Credit:The Green Farm Myanmar

Leave a Reply

Your email address will not be published.