☘️ကြာဇံဟင်းခါး☘️




ပါဝင်ပစ္စည်းများ
ပဲကြာဇံ = 300g
ကြက်သား = 200g
ဆား = 2 Table Spoon
ကြက်ရိုး = 300g
ငံပြာရည် = 2 Table Spoon
ငရုတ်ကောင်း = 1 Table Spoon
ကြက်သားမှုန့် = 1 Table Spoon




ဂျင်း = 20g
ပိတ်စွယ် = 200g
မှိုခြောက် = 20g
ပန်းခြောက် = 10g
နနွင်းမှုန်. = 1 Tea Spoon
အရောင်တင်မှုန်. = 1 Tea Spoon
ရေ = 500g
ပဲပြား = ၁ ချပ်
ကြက်သွန်ဖြူ = ၁ လုံး
ကြက်သွန်နီ = ၅ လုံး
ငုံးဥ = ၁၀လုံး
နံနံပင် = ၁ စီး
သံပုရာသီး = ၂ လုံး




ပြုလုပ်ပုံ
၁။ အရင်ဆုံး ကြက်ရိုးများကို တစ်ရေပြုတ်ပြီး ရေဆေးချပါ။ ထို့နောက် ကြက်သွန်ဖြူ ၅မွှာ၊ ဂျင်း10g ၊ ဆား 1 Tea Spoon ထည့်ပြီး ရေ 500g ဖြင့်ပြုတ်ထားပါ။
၂။ မှိုခြောက် ပန်းခြောက်များကို ရေစိမ်ထားပါ။ ပွလာလျှင်ရေစင်အောင်ဆေး၍ အနေတော်ညှပ်ထားပါ။
၃။ ငုံးဥပြုတ်ထားပါ။ ပိတ်စွယ်များကိုသန့်စင်ထားပါ။




၄။ ဒယ်အိုးထဲ ဆီထည့်ပြီး ဆီပူလာလျှင် ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း (ထောင်းပြီး) ဆီသတ်ပါ။ နနွင်း၊ အရောင်တင်မှုန့်ထည့်ပါ။ ကြက်သားထည့်ပြီး ခဏမွှေပေးပါ။ ပြီးနောက်ကြက်ပြုတ်ရည်ထည့်ပါ။
၅။ အရသာအတွက် ငံပြာရည်၊ ကြက်သားမှုန့်၊ ဆား ငရုတ်ကောင်း ထည့်ပါ။




၆။ ထို့နောက် မှိုခြောက်၊ ပဲပြား၊ ပိတ်စွယ် ထည့်ပါ။ ၅မိနစ်ခန့်ကြာလျှင် ကြာဇံ နှင့် ပန်းခြောက်ထည့်ပါ။
၇။ ပွတ်ပွတ်ဆူပြီး ၁၅မိနစ်ခန့်ကြာရင် ငုံးဥထည့်ပါ။ ကဲ အရသာရှိသော ကြာဇံဟင်းခါးရပြီရှင်။




မှတ်ချက်။ ။ ကြာဇံဟင်းခါး စားတော့မယ်ဆိုရင် ပန်းကန်ထဲထည့်ပြီး ကြက်သွန်စိမ်း နံနံပင် သံပုရာသီးညှစ် အစပ်ကြိုက်ရင် ငရုတ်သီးအကျက်မှုန့်ထည့်ပြီး အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်ရှင့်။




ချက်ပြုတ်ခြင်းအနုပညာရပ်ကို မိမိတို့ကိုယ်တိုင်ပြုလုပ်ခြင်းဖြင့် ချစ်ခင်သူအပေါင်းနှင့် သံယောဇဉ်တိုးပွားပြီး ကျန်းမာသောမိသားစုများဖြစ်ကြပါစေရန် ရည်ရွယ်ပြီးတင်ပြလိုက်ပါသည်။




Crd MSCA Mandalay School of Culinary Arts
Crd photo