Rain (For Ialinks)
Unicode
ဆိုင်ရှင်လေးကအားကိုးချင်စရာကောင်းသော ကြွက်သားတွေနဲ့မို့ လူငယ်အများစုကသူတို့ရဲ့ ချစ်သူမိန်းကလေးတွေကို ထိုဆိုင်သို့တစ်ယောက်တည်း သွားမစားဖို့ပိတ်ပင်ထားခဲ့ရသည့်အဖြစ်
ဘဝမှာစိတ်ကူးယဥ်ခြင်းကသာ လွယ်ကူပြီး တကယ်တမ်း လက်တွေ့ပုံဖော်သည့်အခါ ခက်ခဲတာမျိုးရှိ၍ အချို့ကလက်လျှော့လိုက်ရတာမျိုးဖြစ်လာပြီး အချို့ကျတော့လည်း ဇွဲရှိရှိနဲ့ကြိုးစားခဲ့ရာကနေ အောင်မြင်မှုကိုရောက်ရှိတတ်ကြသည်။
သို့ဖြစ်၍ စင်္ကာပူနိုင်ငံမှ အသက်၂၅နှစ်အရွယ် ကောင်လေးတစ်ဦးသည် လေကြောင်းလိုင်းတစ်ခုမှာ လေယာဥ်မှူးဝန်ထမ်းအဖြစ် လုပ်ကိုင်ခဲ့ဖူးသော်လည်း အမှားအယွင်းတစ်ခုကြောင့် အလုပ်ပြုတ်သွားခဲ့ရကာ စီးပွားရေးလောကထဲဝင်ရောက်ခဲ့ပေမယ့် လိမ်ညာသူတွေနဲ့တွေ့ရှိပြီး အမြတ်မမြင်ရပဲ အရင်းပါပြုတ်ခဲ့ရပြန်သည်။
ကောင်လေးသည် ကြံ့ခိုင်ရေးအားကစားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခဲ့ရာတွင်လည်း ဆုတံဆိပ်မရရှိသည့်အခါ သူငယ်ချင်းတွေကလှောင်ပြောင်ခဲ့သော်လည်း မိဘတွေအသက်မွေးဝမ်းကျောင်းပြုနေသော စားသောက်ဆိုင်မှာသာ ဦးစီးပြီးလုပ်ကိုင်ခဲ့တော့သည်။
ကောင်လေးသည် စားသောက်ဆိုင်မှာဝင်လုပ်သည့်နေ့မှာပဲ သူ့ရဲ့ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ်ကြွက်သားလေးကို သဘောကျပြီး ခန့်ညားမှုတို့ကြောင့် မိန်းကလေးဖောက်သည်များစွာ လာရောက်ခဲ့ပြီး အားပေးသွားခဲ့သည်။
ကောင်လေးသည် ရုပ်ရည်ကြည့်ကောင်းမှုနဲ့ သူကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပေးသော အစားအစာများက အရသာရှိလွန်းတာကြောင့် ချက်ချင်းပဲ နာမည်ကြီးသွားကာ အချို့ကောင်လေးတွေမှာ သူတို့ရဲ့ချစ်သူမိန်းကလေးတွေကို ထိုစားသောက်ဆိုင်မှာ တစ်ယောင်တည်းသွားမစားဖို့ ပိတ်ပင်လခဲ့ကြသည်။
Rain (For Ialinks)
Crd