ပင်ဂွင်းငှက်လေးနဲ့တူသော ဦးခေါင်းရှိသည့်ငါးကြင်းတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သော တံငါသည်တစ်ဦး

International News

ပင်ဂွင်းငှက်လေးနဲ့တူသော ဦးခေါင်းရှိသည့်ငါးကြင်းတစ်ကောင်ကို ရှာဖွေတွေ့ရှိခဲ့သော တံငါသည်တစ်ဦး

ကမ္ဘာကြီးသည် နေ့စဥ်ထူးဆန်းသောအဖြစ်အပျက်များနဲ့ ပြည့်နှက်နေရာ တစ်ခါတစ်လေ စိတ်ကူးနဲ့တောင်တွေးကြည့်လို့မရ

သည့် အဖြစ်လေးတွေသည် ကိုယ်တိုင်မျက်စိနဲ့တပ်အပ်မြင်တွေ့မှသာ ယုံချင်စရာဖြစ်နေတတ်သည်။

ယခုတွင်လည်း တရုတ်နိုင်ငံ Guizhouပြည်နယ်ရှိ တံငါသည်တစ်ဦးသည် မြစ်ကမ်းနံဘေးမှာ ငါးမျှားနေရင်းက

ထူးဆန်းသောငါးကြင်းလေးတစ်ကောင်ကို ဖမ်းမိခဲ့ပြီးအိမ်သို့ချက်ချင်းပြန်လာကာ အိမ်နီးချင်းတွေကို ခေါ်ပြခဲ့သည်။

အမျိုးသားဖမ်းမိသောငါးလေးမှာ ငါးကြင်းမျိုးစိတ်ဖြစ်ပေမယ့် ဦးခေါင်းက ပင်ဂွင်းငှက်လေးနဲ့တူနေရာ အချို့က ငါးကြင်းနဲ့

လင်းပိုင်မျိုးစိတ်တို့စပ်ပြီး မွေးထားသည်ဟုပင် ထင်ကြေးပေးခဲ့ကြသည်။

သို့ပေမယ့် ငါးနဲ့ပက်သက်ပြီး ကျွမ်းကျင်သူတစ်ဦးမှ ထိုငါးသည် ငါးကြင်းမျိုးစိတ်သက်သက်သာဖြစ်ပြီး ရေချိုဒေသ

တွေမှာအဖြစ်များပြီး ရေထဲမှာအောက်စီဂျင်လုံလောက်စွာမရရှိခြင်းဖြင့် သန္ဓေသားပျက်စီးပြောင်းလဲခြင်းတို့ဖြစ်ပေါ်တတ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.