ထူးထူးခြားခြား ကိုယ့်ဈာပနပွဲကို ကိုယ်တိုင်ပြင်ခွင့်ရတဲ့ မော်ဒယ်မလေးအကြောင်း

Knowledge

ဖက်ရှင်ကျစွာ ဝတ်စားဆင်ယင်ခြင်းကို နှစ်သက်တဲ့မော်ဒယ်လ်မလေး Racine Pregunta ဟာ သူမရဲ့ ဘဝကိုချစ်

မြတ်နိုးပြီး အနာဂတ်အတွက် အစီအစဉ်များစွာ ထားရှိခဲ့ပါတယ်။ သို့ပေမဲ့ ကိုယ်မသိနိုင်တဲ့ကိုယ့်ရဲ့ ကံကြမ္မာဆိုးကြီးရောက်လာခဲ့ပါတယ်။

Rolyn Pregunta လို့ခေါ်တဲ့ Racine ရဲ့အစ်မဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ osteosarcoma အရိုးထဲမှာ စတင်တည်ရှိတဲ့ ရှားပါးရောဂါကို ဝေမျှခဲ့ပါတယ်။

Racine က သူမဘဝအတွက် ဆက်လက်တိုက်ပွဲဝင်နေပြီး သူမရဲ့ညာဘက်ဒူးကို ခွဲစိတ်ကုသရန်လိုအပ်ကြောင်း ပြောကြားခဲ့ပါတယ်။

လအတန်ကြာ Rolyn က သူ့ညီမလေး Racine ရဲ့ ပြင်းထန်တဲ့ ကြေကွဲဖွယ်သတင်းကို ပြောကြားခဲ့ပါတယ်။

သို့ပေမဲ့ Racine က သူမ သေဆုံးသွားခဲ့ရင် သူမကိုယ်တိုင်အသုဘအတွက် ပြင်ဆင်ထားပုံကို သူမမျှဝေခဲ့တာကြောင့် အလွန်အမင်းချိုသာလှပါတယ်။

နောက်တစ်လမှာ Racine ဟာ အကယ်လို့သူမဆုံးခဲ့လိုရှိရင် သူမအနေနဲ့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်လိုတယ်လို့ သူမရဲ့အစ်မကို ပြောကြားခဲ့ပါတယ်။

နောက်ပြီး သူမရဲ့ဖခင်အုတ်ဂူဘေးမှာ မြှုပ်နှံလိုကြောင်း ပြောကြားခဲ့တာပါ။

သူမရဲ့ အသုဘပွဲကိုစီစဉ်ပြီးနောက် April လ ၁၇ ရက်မှာ အသက် ၂၀ အရွယ် Racine ဟာ လှပစွာသေဆုံးခဲ့ပါတယ်။

Racine ဟာ သူမရဲ့လှပတဲ့ခေါင်းတလား‌တွေနဲ့ လှလှပပသေဆုံးသွားခဲ့ပါတယ်။

သူမဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတာကြောင့် မိသားစုတွေရဲ့ နှလုံးသားကိုကြေကွဲစေပေမဲ့

လည်း သူမစီစဉ်ထားတဲ့အတိုင်း လှလှပပနဲ့ငြိမ်းချမ်းစွာသေဆုံးခဲ့ရခြင်းကြောင့် သူတို့ပျော်ရွှင်ခဲ့ကြပါတယ်။crd

Leave a Reply

Your email address will not be published.