ဗိုလ်အောင်ဒင် မမ နဲ့ တွေ့ပေးလိုက်သောအခါ…………………..

News

ဗိုလ်အောင်ဒင် မမ နဲ့ တွေ့ပေးလိုက်သောအခါ…………………..

ပုလဲ၌ ဗိုလ်အောင်ဒင်သီချင်းဖွင့်ကာ စိန်ခေါ်နေသည့် စစ်ကောင်စီတပ်သားများ လက်နက်ကြီးအပစ်ခံရ၍ (၁) ဦးသေ

ပုလဲ၊ ဇူလိုင် (၅)

လူငယ့်ခေတ်

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၌ အကြမ်းဖက်ကောင်စီတပ်က ဗိုလ်အောင်ဒင်သီချင်းဖြင့် မြို့အနှံ့လိုက်လံစိန်ခေါ်နေခြင်းကြောင့် ယမန်နေ့ ဇူလိုင်လ (၄) ရက် ညပိုင်းတွင် စစ်ကောင်စီနှင့်ပတ်သက်သည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့မှ သိရသည်။

“လက်နက်ကြီး အချက် (၂၀) လောက်ပဲထုနိုင်ခဲ့တယ်၊ အဲကောင်တွေက ဗိုလ်အောင်ဒင်သီချင်းဖွင့်ပြီး မြို့ပေါ်ကို ပတ်ပြီးစိန်ခေါ်နေတဲ့ စကစတပ်သားတွေပါ”ဟု ကျားသစ်နက်ပျောက်ကြားတပ်ဖွဲ့ ဒုတိယစစ်ဆင်ရေးခေါင်းဆောင် ကိုဖိုးသားက လူငယ့်ခေတ်သို့ ပြောသည်။

တိုက်ခိုက်မှုကြောင့် ဗိုလ်အောင်ဒင်သီချင်းကိုဖွင့်ကာ မိုက်ကြေးခွဲနေသည့်အဖွဲ့မှ စစ်ကောင်စီလက်ပါးစေ (၁) ဦး သေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ေကျားတပ်ဖွဲ့က ယနေ့ထုတ်ပြန်ထားသည်။

ပစ်ခတ်မှုမှာ နာရီဝက်နီးပါးကြာမြင့်ခဲ့ပြီး မဟာမိတ်တပ်ပေါင်းစုများမှာ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။တိုက်ခိုက်မှုကို ပုလဲတပ်ရင်း(၄)၊ ပုလဲတပ်ရင်း (၅)၊ ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့၊ ဒေါင်းနက်ပြောက်ကျားတပ်ဖွဲ့နှင့်အတူ မဟာမိတ် တပ်ပေါင်းစုတွင်ပါဝင်သည့် မြိုင်မြို့နယ်မှ တော်လှန်ရေးအဖွဲ့ဝင်များ ၊ ပုလဲမြို့နယ် ဒေသခံတော်လှန်ရေးအဖွဲ့ဝင်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် (၂) ရက်နေ့ကလည်း ပုလဲမြို့မှထွက်ခွာလာသည့် စစ်ကောင်စီအင်အား (၉၀) ခန့် မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

ထိုတိုက်ခိုက်မှုတွင် သေဆုံးခဲ့သည့် စစ်ကောင်စီလက်ပါးစေ (၇) ဦးအနက် အရာရှိတစ်ဦး၏ အလောင်းကို ယမန်နေ့က ရဟတ်ယာဉ် (၂) စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

ဓာတ်ပုံ – ကျားသစ်နက်အပါအဝင် တော်လှန်ရေးအဖွဲ့ဝင်များ၏ လက်နက်ကြီးကို ဇွန်လအတွင်းက မြင်ရစဉ်

Crd

Unicode

ပုလဲ၌ ဗိုလ္ေအာင္ဒင္သီခ်င္းဖြင့္ကာ စိန္ေခၚေနသည့္ စစ္ေကာင္စီတပ္သားမ်ား လက္နက္ႀကီးအပစ္ခံရ၍ (၁) ဦးေသ

ပုလဲ၊ ဇူလိုင္ (၅)

လူငယ့္ေခတ္

စစ္ကိုင္းတိုင္း၊ ပုလဲၿမိဳ႕နယ္၌ အၾကမ္းဖက္ေကာင္စီတပ္က ဗိုလ္ေအာင္ဒင္သီခ်င္းျဖင့္ ၿမိဳ႕အႏွံ့လိုက္လံစိန္ေခၚေနျခင္းေၾကာင့္ ယမန္ေန႔ ဇူလိုင္လ (၄) ရက္ ညပိုင္းတြင္ စစ္ေကာင္စီႏွင့္ပတ္သက္သည့္ေနရာမ်ားကို လက္နက္ႀကီးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕မွ သိရသည္။

“လက္နက္ႀကီး အခ်က္ (၂၀) ေလာက္ပဲထုနိုင္ခဲ့တယ္၊ အဲေကာင္ေတြက ဗိုလ္ေအာင္ဒင္သီခ်င္းဖြင့္ၿပီး ၿမိဳ႕ေပၚကို ပတ္ၿပီးစိန္ေခၚေနတဲ့ စကစတပ္သားေတြပါ”ဟု က်ားသစ္နက္ေပ်ာက္ၾကားတပ္ဖြဲ႕ ဒုတိယစစ္ဆင္ေရးေခါင္းေဆာင္ ကိုဖိုးသားက လူငယ့္ေခတ္သို႔ ေျပာသည္။

တိုက္ခိုက္မႈေၾကာင့္ ဗိုလ္ေအာင္ဒင္သီခ်င္းကိုဖြင့္ကာ မိုက္ေၾကးခြဲေနသည့္အဖြဲ႕မွ စစ္ေကာင္စီလက္ပါးေစ (၁) ဦး ေသဆုံးခဲ့ေၾကာင္း က်ားသစ္နက္ေျပာက္ေက်ားတပ္ဖြဲ႕က ယေန႔ထုတ္ျပန္ထားသည္။

ပစ္ခတ္မႈမွာ နာရီဝက္နီးပါးၾကာျမင့္ခဲ့ၿပီး မဟာမိတ္တပ္ေပါင္းစုမ်ားမွာ အထိအခိုက္မရွိ ဆုတ္ခြာနိုင္ခဲ့သည္ဟု ဆိုသည္။တိုက္ခိုက္မႈကို ပုလဲတပ္ရင္း(၄)၊ ပုလဲတပ္ရင္း (၅)၊ က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕၊ ေဒါင္းနက္ေျပာက္က်ားတပ္ဖြဲ႕ႏွင့္အတူ မဟာမိတ္ တပ္ေပါင္းစုတြင္ပါဝင္သည့္ ၿမိဳင္ၿမိဳ႕နယ္မွ ေတာ္လွန္ေရးအဖြဲ႕ဝင္မ်ား ၊ ပုလဲၿမိဳ႕နယ္ ေဒသခံေတာ္လွန္ေရးအဖြဲ႕ဝင္မ်ားက ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ၿပီးခဲ့သည့္ ဇူလိုင္ (၂) ရက္ေန႔ကလည္း ပုလဲၿမိဳ႕မွထြက္ခြာလာသည့္ စစ္ေကာင္စီအင္အား (၉၀) ခန္႔ မိုင္းဆြဲတိုက္ခိုက္ခံခဲ့ရေသးသည္။

ထိုတိုက္ခိုက္မႈတြင္ ေသဆုံးခဲ့သည့္ စစ္ေကာင္စီလက္ပါးေစ (၇) ဦးအနက္ အရာရွိတစ္ဦး၏ အေလာင္းကို ယမန္ေန႔က ရဟတ္ယာဥ္ (၂) စီးျဖင့္ လာေရာက္သယ္ေဆာင္သြားေၾကာင္း က်ားသစ္နက္ေျပာက္က်ားတပ္ဖြဲ႕ထံမွ သိရသည္။

ဓာတ္ပုံ – က်ားသစ္နက္အပါအဝင္ ေတာ္လွန္ေရးအဖြဲ႕ဝင္မ်ား၏ လက္နက္ႀကီးကို ဇြန္လအတြင္းက ျမင္ရစဥ္

Crd

Leave a Reply

Your email address will not be published.