မှိုချဉ်ဟင်း ပြုလုပ်နည်း

Food

မှိုချဉ်ဟင်း

ဒီမနက်ဟင်းလျာလေးကိုတော့
သိတဲ့လူလည်း သိလောက်မယ်
မသိတဲ့လူလည်း မသိလောက်ဘူးပေါ့နော်

မှိုအပွင့်လေးတွေကို ရေပြောင်အောင်ဆေးကြောပီး
ထမင်းကြမ်းလေးနဲနဲရယ် ဆားလေးနဲနဲရယ်နဲ့ နယ်ပီး
ပုစွန်ချဉ်တို့ ငါးချဉ်တို့ လုပ်သလို မှိုချဉ်လေး လုပ်ထားတာကို ကြော်လိုက်တယ်

(ထုတ်ထုတ် ထုတ်ထုတ် ချဉ်ချဉ်လေးနဲ့ ပုစွန်ချဉ်အရသာလိုပဲပေါ့နော် ကျနော့မှိုချဉ်ဟင်လျာလေးကတော့ အသက်သတ်လွတ် ဟင်းလေးတစ်မျိုးပေါ့ဗျာ )

မှတ်ချက်- ဖက်စွတ်မှို /တောင်ပို့မှို/မှိုဖြူ အဲ့လိုမှိုတွေပဲ မှိုချဉ်လုပ်လ်ို့ရပါတယ်ဗျ မှိုချဉ်လုပ်ရင် သတိထားရမဲ့အချက်ကတော့ ဒီနေ့လုပ်ရင် မနက်ဖန်ဆို ကြော်စားပါတော့နော်

(အစိုကကြာကြာအထားမခံပါဘူး ဆီရွှဲရွှဲလေးနဲ့ ကြော်ပီးရင်တော့ အထားခံပါတယ်ဗျ) မှိုချဉ်ကိုနယ်ပီးရင်လည်း လေလုံတဲ့ဗူးနဲ့ ဒါမှမဟုပ် သဘာဝဖက်ရွက်တွေနဲ့ လေလုံအောင်ထုပ်ထားရပါတယ်ဗျ

အဆင်ပြေမယ် ဆိုရင်
အသက်သတ်လွတ်မှိုချဉ်ဟင်းလျာလေး လုပ်စားကြည့်နော်
ထူးထူးဆန်းဆန်းလေး စားဖူးတာပေါ့ဗျာ

Credit Saw Thu Rain

Leave a Reply

Your email address will not be published.