ဖက်ထုပ် လုပ်စားပြီး အချဥ်ရည် လုပ်ဖို့ အဆင်မပြေသူတွေရှိလို့ မဂီဆီ လာလာပြီး အချဥ်ရည် လုပ်နည်း မေးသူတွေ ရှိပါတယ်
ဂီလဲ အချဥ်ရည်ကောင်းကောင်း မလုပ်တတ်ပါဘူး
လုပ်လိုက်ရင်လဲ ငရုပ်သီးစိမ်းအနံ့စိမ်းရွှင်ရွှင်ကြီးနဲ့ ကြက်သွန်ဖြူ အနံ့စိမ်းစိမ်းကြီးပဲ ရရနေတာရယ်




အခုတော့ ဂီ့နဲ့ ဂီ့ဆီက ဖက်ရွက် ဝယ်သူတွေ အဆင်ပြေစေမဲ့ အချဥ်ရည်လုပ်နည်းလေး တွေ့ထားလို့ မျှဝေလိုက်ပါတယ် လိုက်ပြီး လုပ်စားကြည့်နော်




လုပ်နည်းလေး ကြည့်ရအောင်အကင် တို့ ဟော့ပေါ့တို့ စားရင်တို့စားဖို့ ,မန်ကျည်းအချဥ်ရည် လုပ်နည်းလေးကိုတင်ပေးပါရစေရှင်




မန်းကျည်းမှည့်
သကြား
ငရုတ်သီးစိမ်း
ကြက်သွန်ဖြူ
ဂျင်း
နှမ်းလှော်




မန်းကျည်းမှည့်ကို သဲ ဖုန်မှုန့်မပါအောင် ရေနဲ့ အမြန်ဆေးလိုက်ပါတယ်ပြီးရင် မန်းကျည်းမှည့်ကို ရေနွေးထည့်လောင်းပြီး မန်းကျည်းမှည့်ပွလာအောင် စိမ်ထားပါ




ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂျင်းတို့ကို ထောင်းထား (သို့မဟုတ်) ကြိတ်ထားပါမန်းကျည်းမှည့်ပွလာပြီဆိုရင် ခြေပြီး မန်းကျည်းမှည့်အနှစ်ရအောင် ဇကာဖြင့်တိုက်ပါ… ဒါဆိုရင် မန်းကျည်းမှည့် အဖတ်တွေမပါတော့ဘဲ မန်းကျည်းအနှစ်ချည်း ရလာပါလိမ့်မယ်




အိုးထဲ မန်းကျည်းမှည့်အနှစ်တွေထည့် သကြားထည့် ဆားထည့် ပဲငံပြာရည်အကျဲ ထည့် ( အရောင်ညိုချင်ရင်ကြာညို့ အနည်းငယ်ထည့်နိုင်ပါတယ်) ပြီး ခနကျိုပေးပါ




သကြားအရေပျော်ပြီဆိုရင် မီးဖိုမီးပိတ်ထားပါ၊အရသာက ချိုချိုချဥ်ချဥ်အရသာလေးနော်ပြီးရင် ကြိတ်ထားတဲ့ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ဂျင်း ထည့် နှမ်းလှော်ထည့်မွှေပါ




(မြေပဲထောင်း နံနံပင်ကြိုက်လျှင်ထည့်နိုင်ပါတယ်)
ဒါဆိုရင် ချဥ်ငံစပ် မန်းကျည်းအချဥ်ရေလေးရပါပြီနော် ချစ်တို့ရေ




Crd.
#CreditOriginalUploader