Online Mediaပေါ်ပျံ့နှံ့လျက်ရှိသော သင်ဇာဝင့်ကျော်သတင်းနဲ့ပတ်သက်၍ sspp၏ ထုတ်ပြန်ကြေငြာချက်

Cele News

သင်ဇာ၀င့်ကျော်ဖမ်းဆီးခံရတာ ဟုတ်မှန်တယ်လို့ SSPP အတည်ပြု

ရုပ်ရှင်သရုပ်ဆောင် သင်ဇာ၀င့်ကျော်ကို စစ်ကောင်စီက ဖမ်းဆီးပြီး စစ်ဆေးနေတယ်လို့ စစ်ကောင်စီရဲ့သတင်းတွေကို ဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဒီနေ့ဇူလိုင်လ ၆ ရက်ညပိုင်းကစလို့ ရေးသားလာကြပါတယ်။

မင်းသမီးဖမ်းဆီးခံရတာဟုတ်မှန်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) SSPP ပြောခွင့်ရသူက ဘီဘီစီကိုအတည်ပြုပါတယ်။

သရုပ်ဆောင်သင်ဇာ၀င့်ကျော်ဟာ ပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းက ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ် တည်ရှိရာ ၀မ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့အတွက် အဲဒီဒေသကိုရောက်ရှိခဲ့ပါတယ်။

SSPP တပ်ဖွဲ့၀တ်စုံကို ၀တ်ဆင်ထားတဲ့ သင်ဇာ၀င့်ကျော်ရဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာခဲ့တဲ့နောက် သူ့ကိုဖမ်းဆီးဖို့ဆိုပြီး စစ်ကောင်စီနဲ့နီးစပ်တဲ့ စစ်ကောင်စီရဲ့သတင်းတွေကို အသားပေးဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေကနေ တိုက်တွန်းမှုတွေရှိခဲ့ပါတယ်။

ဒါကြောင့် SSPP ဘက်က မင်းသမီးရဲ့ ဒီအခြေအနေနဲ့ပတ်သက်လို့ ဖြေရှင်းချက်ကို သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်ပြန်ခဲ့ရပါတယ်။

အဲဒီမှတ်တမ်းရုပ်ရှင်ကို ဇူလိုင် ၃ ရက်နေ့မှာ စတင်ရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကူးရေး၀တ်စုံနဲ့ပဲ မင်းသမီးဟာ မင်္ဂလာညစာစားပွဲတစ်ခုကိုတက်ရောက်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့ SSPP က ဆိုပါတယ်။

သင်ဇာ၀င့်ကျော်အနေနဲ့ ရိုက်ကူးရေးကအပြန် အချိန်မီအောင် ခုလိုရိုက်ကူးရေး၀တ်စုံနဲ့တက်ရောက်ခဲ့တာသာဖြစ်ပြီး တခြားမည်သည့်နိုင်ငံရေးရည်ရွယ်ချက်မပါကြောင်းလည်း ထုတ်ပြန်ချက်က ဆိုထားပါတယ်။

အခုလို ဖမ်းဆီးခံရကြောင်း ဓာတ်ပုံတွေနဲ့တကွ သတင်းတွေထွက်ပေါ်နေပြီး ဘီဘီစီအနေနဲ့ သင်ဇာ၀င့်ကျော်ရဲ့ မိသားစုတွေ၊ တစ်ခါနီးစပ်သူတွေအပြင် စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဇော်မင်းထွန်းထံ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

Crd: BBC

Leave a Reply

Your email address will not be published.