ပုဇွန်၊ရှောက်သီး၊ငါးပိသုပ်နည်း

Food

ပုဇွန်၊ရှောက်သီး၊ငါးပိသုပ်

အောင်းမလေး သရေတေကျနေပီ???
စလိုက်ရအောင်

-ပုဇွန် လက်သန်းလောက်10ကောင်ကို မီးဖုတ် သို့ လှော်ပြီး အခွံခွာထား
-ရှောက်သီး အလုံးကြီးလျှင် တစ်စိတ်ကို အမွှာလေးတွေထုတ်ပြီး ဆားရေစိမ်ထား(မခါးအောင်စိမ်တာပါ)

– ကြက်သွန်နီ 3လုံးကိုပါးပါးလှီးပြီး အမွှန်နံ့ပျောက်အောင် ရေဆေးပြီး ရေစင်အောင်ပြန်ညှစ်ထား
-မျှင်ငါးပိကို မီးဖုတ်ထား
-ငရုတ်ကောင်းမှုန့် ၊ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူကိုရောထောင်းထား

စသုပ်မယ်
ရှောက်ဖတ်တွေကို ဆားရေထဲကနေဆယ်မယ် ဆားရေတွေမပါအောင် လက်လေးနဲ့ အသာယာညှစ်ပစ်ပါ ။

ပြီးရင် အထက်မှာဖော်ပြထားတဲ့ အစာပလာတွေနဲ့ အရသာအတွက် ဟင်းချိုမှုန့် သို့ ကြက်သားမှုန့်ထည့်ပြီး သမအောင်နယ်လိုက်တော့ သရေမကျခံနိုင်တော့မလား?

ဟင်းချက်နည်းကောင်းများလေ့လာရန် group ကို joinလုပ်ထားပါ။

Credit

Leave a Reply

Your email address will not be published.