သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ခေါ်ယူမေးမြန်းခြင်းသာဖြစ်တယ်လို့ စစ်ကောင်စီပြော

News

မနေ့ ဇူလိုင် ၆ ရက်နေ့ညပိုင်းမှာ ဝမ်ဟိုင်းဒေသကအပြန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ဖမ်းဆီး ထိန်းသိမ်းမှုခံရတဲ့ သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဖမ်းဆီးတာမဟုတ်ဘဲ ခေါ်ယူမေးမြန်းတာသာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရက ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာပြောပါတယ်။

သရုပ်ဆောင်သင်ဇာဝင့်ကျော်က ပြီးခဲ့တဲ့ ဇူလိုင်လဆန်းကတည်းက ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော်(SSPP/SSA) ဌာနချုပ်ရှိရာ ဝမ်ဟိုင်းမြို့မှာဒေသဖွံ့ဖြိုးရေး မှတ်တမ်းရုပ်ရှင်ရိုက်ကူးဖို့သွားရောက်ခဲ့တာဖြစ်ပြီး အပြန်မှာ ဖမ်းဆီးခံလိုက်ရတာဖြစ်ကြောင်းနဲ့ စစ်ကောင်စီထံညှိနှိုင်းမှုတွေလုပ်နေတဲ့အကြောင်းလည်း SSPP က ဘီဘီစီကို အတည်ပြုပြောဆိုထားပါတယ်။

”ဖမ်းဆီးထိန်းသိမ်းထားခြင်းမရှိဘူး။ ရိပ်သာမှာပဲ မေးမြန်းစရာရှိတာတွေခေါ်ယူမေးမြန်းနေတာဖြစ်တယ်’’ လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

လက်ရှိမှာတော့ သရုပ်ဆောင်သင်ဇာဝင့်ကျော်အပါအဝင် အတူပါသွားသူ ၆ ဦးဟာ လားရှိုးမြို့မှာဆက်လက်ထိန်းသိမ်းခံထားရဆဲဖြစ်ပြီး ပြန်လွတ်မြောက်ခြင်းမရှိသေးဘူးလို့ SSPP ဘက် ပြောပါတယ်။

#ဘီဘီစီမြန်မာပိုင်း

#ဘီဘီစီမြန်မာပိုင်

Leave a Reply

Your email address will not be published.