နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ သတင်းကောင်း…

Uncategorized

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်နယ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ

ရန်ကုန်ရှိ သူ၏ နေအိမ်ဖြစ်သော တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ သို့ စစ်ကောင်စီမှ ပြန်လည်ပို့ဆောင်ထားလိုက်ပြီဖြစ်ကြောင်း

နေပြည်တော်ရှိ စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရပါတယ်။

“ဟုတ်ပါတယ်။ ရန်ကုန်ကို ပြန်ပို့လိုက်တာကို ကျနော်ပြောလို့ရတယ်။ အင်္ဂါနေ့(ဇူလိုင် ၅ရက်) တရားရုံးထုတ်အပြီး

ညတွင်းချင်း စစ်တပ်က သူ့အစီအစဉ်နဲ့သူ ပို့လိုက်တာပါ။ အမှုကိစ္စတွေ၊ ကျန်တာတွေတော့ ကျနော်ဘာမှမသိဘူး” လို့ ပြောပါတယ်။

အန်နယ်ဒီ ဘက်မှ ၎င်းကိစ္စနှင့် ပက်သက်ပြီး တိတိကျကျ မသိရကြောင်း၊ အန်နယ်ဒီ အသိုင်းအဝိုင်းများအနေဖြင့်လည်း

ပြည်တွင်းရှိ စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးပြီး တိမ်းရှောင်ခြင်းမပြုသူများနှင့် ဒေါ်အောင်ဆန်းစုကြည် အနီးဝန်ကျင်ရှိ သူများနှင့်

အဆက်သွယ် မရှိသောကြောင့် အတိအကျ မသိရကြောင်း တိမ်းရှောင်နေကြရသော လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်

ပြီးခဲ့သည့် စနေနေ့(ဇူလိုင် ၂ ရက်)က ယခင် ဒေါ်အောင်ဆန်းစုကြည် အနီးပါးတွင် နေထိုင်ခဲ့ရသူများ၊

နေပြည်တော်ရှိ နေအိမ်ဖြစ်သော နှင်းဆီအိမ်တော်ပစ္စည်းများနှင့် သားဖြစ်သူ လက်ဆောင်ပေးခဲ့သော တိုက်ချီတိုခွေးကလေးကိုရော

ရန်ကုန်ရှိ ခြံအမှတ် ၅၄ သို့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။၎င်းကိစ္စနှင့် ပက်သက်ပြီး နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့ထံသို့

ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် တိတိကျကျ မသိရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထားသည့်အဆောင်နှင့် ပက်သက်ပြီး

မိမိတို့ အကျဉ်းဦးစီးဌာနက တိုက်ရိုက်မကိုင်တွယ်ရသည့် အနေအထားရှိနေတယ်လို့ ပြောပါတယ်။

သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့က ပြီးခဲ့သည့်ရက်က

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် အာဏာသိမ်းစစ်ကောင်စီကို အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန်ကို တိုက်တွန်းခဲ့သည့်အပြင်

တရုတ်အစိုးရအနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ နိုင်ငံရေး တည်ငြိမ်မှုမရှိလျှင် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို

တိုးမြှင့်ဆောင်ရွက်မှု ရပ်တန့်ထားမည့်အကြောင်း ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို

အာဏာသိမ်းစစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲကာ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီး

ကျန်သည့်အမှုများအတွက် တရားလိုပြသက်သေနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ

တင်သွင်းထားသော သက်သေများကို များစွာလျော့ချထားကြောင်း သိရပါတယ်။

Credit

Zawgyiအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်နယ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်မှ

ရန်ကုန်ရှိ သူ၏ နေအိမ်ဖြစ်သော တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ သို့ စစ်ကောင်စီမှ ပြန်လည်ပို့ဆောင်ထားလိုက်ပြီဖြစ်ကြောင်း

နေပြည်တော်ရှိ စစ်ကောင်စီနှင့် နီးစပ်သော သတင်းရင်းမြစ်များထံမှ သိရပါတယ်။

“ဟုတ်ပါတယ်။ ရန်ကုန်ကို ပြန်ပို့လိုက်တာကို ကျနော်ပြောလို့ရတယ်။ အင်္ဂါနေ့(ဇူလိုင် ၅ရက်) တရားရုံးထုတ်အပြီး

ညတွင်းချင်း စစ်တပ်က သူ့အစီအစဉ်နဲ့သူ ပို့လိုက်တာပါ။ အမှုကိစ္စတွေ၊ ကျန်တာတွေတော့ ကျနော်ဘာမှမသိဘူး” လို့ ပြောပါတယ်။

အန်နယ်ဒီ ဘက်မှ ၎င်းကိစ္စနှင့် ပက်သက်ပြီး တိတိကျကျ မသိရကြောင်း၊ အန်နယ်ဒီ အသိုင်းအဝိုင်းများအနေဖြင့်လည်း

ပြည်တွင်းရှိ စစ်ကောင်စီထံ ခံဝန်လက်မှတ်ထိုးပြီး တိမ်းရှောင်ခြင်းမပြုသူများနှင့် ဒေါ်အောင်ဆန်းစုကြည် အနီးဝန်ကျင်ရှိ သူများနှင့်

အဆက်သွယ် မရှိသောကြောင့် အတိအကျ မသိရကြောင်း တိမ်းရှောင်နေကြရသော လွှတ်တော်ကိုယ်စားလှယ်တချို့က ပြောပါတယ်။

ပြီးခဲ့သည့် စနေနေ့(ဇူလိုင် ၂ ရက်)က ယခင် ဒေါ်အောင်ဆန်းစုကြည် အနီးပါးတွင် နေထိုင်ခဲ့ရသူများ၊

နေပြည်တော်ရှိ နေအိမ်ဖြစ်သော နှင်းဆီအိမ်တော်ပစ္စည်းများနှင့် သားဖြစ်သူ လက်ဆောင်ပေးခဲ့သော တိုက်ချီတိုခွေးကလေးကိုရော

ရန်ကုန်ရှိ ခြံအမှတ် ၅၄ သို့ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။၎င်းကိစ္စနှင့် ပက်သက်ပြီး နေပြည်တော်အချုပ်ထောင်ရှိ အကျဉ်းဦးစီးဌာနမှ ဝန်ထမ်းတချို့ထံသို့

ဆက်သွယ်မေးမြန်းရာ ၎င်းတို့အနေဖြင့် တိတိကျကျ မသိရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို ထားသည့်အဆောင်နှင့် ပက်သက်ပြီး

မိမိတို့ အကျဉ်းဦးစီးဌာနက တိုက်ရိုက်မကိုင်တွယ်ရသည့် အနေအထားရှိနေတယ်လို့ ပြောပါတယ်။

သို့ရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်တို့က ပြီးခဲ့သည့်ရက်က

မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် အာဏာသိမ်းစစ်ကောင်စီကို အတိုက်အခံ အင်အားစုများနှင့် တွေ့ဆုံဆွေးနွေးရန်ကို တိုက်တွန်းခဲ့သည့်အပြင်

တရုတ်အစိုးရအနေဖြင့် တိုင်းပြည် တည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ နိုင်ငံရေး တည်ငြိမ်မှုမရှိလျှင် မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကို

တိုးမြှင့်ဆောင်ရွက်မှု ရပ်တန့်ထားမည့်အကြောင်း ပြောကြားခဲ့ပါတယ်။လက်ရှိအချိန်အထိ ဒေါ်အောင်ဆန်းစုကြည်ကို

အာဏာသိမ်းစစ်ကောင်စီက အမှုပေါင်း ၁၉ မှုဖြင့် တရားစွဲကာ အမှု ၆ မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားပြီး

ကျန်သည့်အမှုများအတွက် တရားလိုပြသက်သေနှင့် ဒေါ်အောင်ဆန်းစုကြည်ဘက်မှ

တင်သွင်းထားသော သက်သေများကို များစွာလျော့ချထားကြောင်း သိရပါတယ်။

Credit

Leave a Reply

Your email address will not be published.