လမ်းပျောက်လို့အကူအညီတောင်းရင်းကနေ မထင်မှတ်ဘဲ ဒေသခံမိန်းကလေးတစ်ဦးနှင့်ချစ်သူဖြစ်သွားခဲ့တဲ့ အမျိုးသားတစ်ဦး

Lifestyle

ကိုယ်မကျင်လည်တဲ့တိုင်းတစ်ပါးမှာစတင်သွားလာရတဲ့သင့်ရဲ့လမ်း ကြောင်းဟာခက်ခဲကောင်းခက်ခဲနိုင်ပါတယ်။လမ်းညွှန်မှုအတွက် GP Sကိုမှီခိုခြင်းထက်ဒေသခံတစ်ဦးအားမေးမြန်းလိုက်ခြင်းကသင့်အတွ က်ပိုစိတ်ချထားနိုင်ပါတယ်။

ထိုင်ဝမ်တွင်လမ်းပျောက်သွားခဲ့တဲ့စင်္ကာပူနိုင်ငံသားတစ်ဦးအတွက် လမ်းညွှန်မှုတောင်းခံခြင်းဟာရုပ်ဖျက်ထားတဲ့ကောင်းချီးတစ်ခုဖြစ်ခဲ့ရပါတယ်။သူချဉ်းကပ်ခဲ့တဲ့အမျိုးသမီးကသူ့အားသူ့ဦးတည်ရာသို့ခေါ်ဆောင်သွားရုံသာမက၎င်းတို့ဟာအချင်းချင်းမိတ်ဆက်ရင်းco tactချင်းဖလှယ်ခွင့်ရခဲ့ပါတယ်။၅နှစ်အကြာမှာတော့၎င်းတို့နှစ်ဦးဟာလက်ရှိမှာတူညီတဲ့နိုင်ငံမှာအတူတူရှိနေကြပါပြီ။

အသက်၂၆နှစ်အရွယ်မူကြိုဆရာမဖြစ်သူထိုင်ဝမ်အမျိုးသမီး Ang elဟာသူမတို့ရဲ့ ၅နှစ်တာLDRအဖြစ်အပျက်ကိုပြန်ဝေမျှကာသူမတို့တွေ့ဆုံခဲ့တဲ့ကံကြမ္မာကိုလည်းပြန်ပြောပြခဲ့ပါတယ်။

Angle ကအစတော့သူမရဲ့လက်ရှိချစ်သူJasonကထိုင်ဝမ်၌ကျေ ာပိုးအိတ်သယ်ရင်းလမ်းပျောက်နေခဲ့ပြီသူမတို့စုံတွဲဟာTaipei Mainဘူတာရုံ၏စက်လှေကားပေါ်တွင်ပထမဆုံးတွေ့ဆုံခဲ့ကြောင်း ၊ ထို့ပြင် Jasonဟာသူမအားအကူအညီတောင်းဖို့သူမရဲ့ပခုံးကိုကန ဦးအစပုတ်ခဲ့ပြီးလမ်းညွှန်ပေးရန် သူမကို“အဒေါ်”လို့လည်းခေါ်ခဲ့ကြောင်း MS News သို့ပြောကြားခဲ့ပါတယ်။

ထို့နောက် သူမတို့ကလမ်းကြောင်းတစ်ခုတည်းကိုဦးတည်နေတယ်ဆိုတာသိတာနဲ့ Angel ကလည်းJasonနဲ့အတူရထားစီးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာဇာတိမြေ၌နိုင်ငံခြားသားတစ်ဦးအားလမ်း မှားပြမိသွားမှာကိုစိုးရိမ်နေခဲ့ပါတယ်။နောက်ဆုံး သူမတို့နှစ်ဦးဟာရထားစီးနင်းခဲ့ကြပြီးနောက်အချင်းချင်းအဆက်အသွယ်များဖလှယ်ခဲ့ကြပါတယ်။

ထို့နောက် ၎င်းတို့ဟာ ရုပ်ပိုင်းဆိုင်ရာနည်းလမ်းများဖြင့်လမ်းခွဲခဲ့သော်လည်း အဆက်အသွယ်မပြတ်ခဲ့ကြပါဘူး။ ၄ နှစ်အကြာမှာတော့ Angel ဟာ တရုတ်ပြည် ရှန်ဟိုင်းမြို့တွင်အလုပ်လုပ်နေစဉ် Jason ဟာလည်း စင်္ကာပူ၌ရှိနေခဲ့ပါတယ်။

ခွဲခွါနေရသော်လည်း Jason ဟာ သူမအတွက် အမိမြေမဟုတ်တဲ့ရှန်ဟိုင်းမြို့မှာ ၂ နှစ်တာကာလရှိနေခဲ့တဲ့ Angel အား အထီးမကျန်အောင် နံနက်နှင့်ညအချိန် ပုံမှန်ဖုန်းဆက်ပေးခဲ့ပါတယ်။

မိုင်ပေါင်းတစ်ထောင်အကွာအဝေးက သူမတို့စုံတွဲအတွက်ကြမ်းတမ်းပေမဲ့ Angel က သူမတို့ရဲ့LDR ဟာ ယုံကြည်မှုနှင့်ဆက်သွယ်မှုတို့ဖြင့် ရှေ့ဆက်နေကြောင်းပြောကြားခဲ့ပါတယ်။ သူမဟာ Jason နှင့်အမှတ်တရများဖန်တီးဖို့ စင်္ကာပူသို့အလည်အပတ်သွားခဲ့ပါသေးတယ်။

သို့ပေမဲ့ ကူးစက်ရောဂါရဲ့ခရီးသွားလာမှုကန့်သတ်ချက်တွေကြောင့် သူမတို့စုံတွဲဟာ ကြားထဲမှာ တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်ကြာမတွေ့ဘဲနေခဲ့ရပါတယ်။ ထို့နောက် Jason ဟာ ထိုင်ဝမ်၌အလုပ်လျှောက်ထားဖို့အကောင်းဆုံးကြိုးပမ်းခဲ့သော်လည်း ကူးစက်ရောဂါကြောင့် အရာရာဟာခက်ခဲခဲ့ရပါတယ်။ သို့သော်လည်း Angel ဟာ သူမကို့သူမတွန်းအားပေးခဲ့ပြီး နောက်ဆုံးတွင်စင်္ကာပူ၌ တရုတ်မူကြိုဆရာတစ်ဦးအဖြစ် အလုပ်လုပ်ခွင့်ရခဲ့ပါတော့တယ်။

ကံကြမ္မာက သူမတို့နှစ်ယောက်ကို အချိန်မှန်နေရာမှန်မှာ ဆုံဆည်းခွင့်ပေးခဲ့ပေမဲ့ ၎င်းတို့ဟာ ၎င်းတို့ရဲ့လက်ရှိပန်းတိုင်ကိုရောက်စေဖို့ နှစ်ဦးနှစ်ဖက်စလုံး တတ်နိုင်သလောက်ကြိုးစားအားထုတ်ခဲ့ကြရပါတယ်။

၎င်းဟာ LDR တိုင်းအတွက် ပန်းတိုင်တစ်ခုဖြစ်သလို ၎င်းတို့စုံတွဲကလည်း ဘယ်လောက်ဘဲဝေးဝေး ၊ ဘယ်လောက်ဘဲ နိုင်ငံမတူ ၊ လူမျိုးမတူနေပါစေ အချစ်အတွက် အရာအားလုံးကိုကျော်ဖြတ်နိုင်ကြောင်းကိုလည်း ပြသပေးခဲ့ကြပါတယ်။ ၎င်းတို့စုံတွဲလည်း ထာဝရအမြဲအတူရှိနိုင်ပါစေလို့ဆုတောင်းမိပါတယ်။

ကမ္ဘာကြီးက ပုံမှန်ပြန်ဖြစ်သွားလို့အခွင့်အရေးရှိတဲ့အခါ စာဖတ်သူတို့လည်း အခြားတိုင်းတစ်ပါးသို့ ခြေဆန့်ကြည့်လိုက်ပါ ၊ ဒေသခံတွေလည်း စကားပြောကြည့်ပါ ၊ အဲ့တာတွေက သင်တို့ရဲ့ဘဝကို ကောင်းမွန်တဲ့နည်းလမ်းနဲ့မပြောင်းလဲသွားနိုင်ဘူးလို့ ဘယ်သူကပြောနိုင်မှာလဲဗျာ။

Zawgyi

လမ္းေပ်ာက္လို႔အကူအညီေတာင္းရင္းကေန မထင္မွတ္ဘဲ ေဒသခံမိန္းကေလးတစ္ဦးႏွင့္ခ်စ္သူျဖစ္သြားခဲ့တဲ့ အမ်ိဳးသားတစ္ဦး

ကိုယ္မက်င္လည္တဲ့တိုင္းတစ္ပါးမွာ စတင္သြားလာရတဲ့သင့္ရဲ႕လမ္းေၾကာင္းဟာ ခက္ခဲေကာင္းခက္ခဲႏိုင္ပါတယ္။ လမ္းၫႊန္မႈအတြက္ GPS ကိုမွီခိုျခင္းထက္ ေဒသခံတစ္ဦးအားေမးျမန္းလိုက္ျခင္းက သင့္အတြက္ပိုစိတ္ခ်ထားႏိုင္ပါတယ္။ ထိုင္ဝမ္တြင္ လမ္းေပ်ာက္သြားခဲ့တဲ့စကၤာပူႏိုင္ငံသားတစ္ဦးအတြက္ လမ္းၫႊန္မႈေတာင္းခံျခင္းဟာ ႐ုပ္ဖ်က္ထားတဲ့ေကာင္းခ်ီးတစ္ခုျဖစ္ခဲ့ရပါတယ္။ သူခ်ဥ္းကပ္ခဲ့တဲ့အမ်ိဳးသမီးက သူ႔အား

သူ႔ဦးတည္ရာသို႔ေခၚေဆာင္သြား႐ုံသာမက ၎တို႔ဟာ အခ်င္းခ်င္းမိတ္ဆက္ရင္း contact ခ်င္းဖလွယ္ခြင့္ရခဲ့ပါတယ္။ ၅ ႏွစ္အၾကာမွာေတာ့ ၎တို႔ႏွစ္ဦးဟာ လက္ရွိမွာတူညီတဲ့ႏိုင္ငံမွာ အတူတူရွိေနၾကပါၿပီ။ အသက္ ၂၆ ႏွစ္အ႐ြယ္မူႀကိဳဆရာမျဖစ္သူ ထိုင္ဝမ္အမ်ိဳးသမီး Angel ဟာ သူမတို႔ရဲ႕ ၅ႏွစ္တာ LDR အျဖစ္အပ်က္ကိုျပန္ေဝမွ်ကာ သူမတို႔ေတြ႕ဆုံခဲ့တဲ့ကံၾကမၼာကိုလည္းျပန္ေျပာျပခဲ့ပါတယ္။

Angle က အစေတာ့ သူမရဲ႕လက္ရွိခ်စ္သူ Jason က ထိုင္ဝမ္၌ေက်ာပိုးအိတ္သယ္ရင္းလမ္းေပ်ာက္ေနခဲ့ၿပီး သူမတို႔စုံတြဲဟာ Taipei Main ဘူတာ႐ုံ၏စက္ေလွကားေပၚတြင္ပထမဆုံးေတြ႕ဆုံခဲ့ေၾကာင္း ၊ ထို႔ျပင္ Jason ဟာ သူမအား အကူအညီေတာင္းဖို႔ သူမရဲ႕ပခုံးကိုကနဦးအစပုတ္ခဲ့ၿပီး လမ္းၫႊန္ေပးရန္ သူမကို“ အေဒၚ” လို႔လည္းေခၚခဲ့ေၾကာင္း MS News သို႔ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္ သူမတို႔က လမ္းေၾကာင္းတစ္ခုတည္းကိုဦးတည္ေနတယ္ဆိုတာသိတာနဲ႔ Angel ကလည္း Jason နဲ႔အတူရထားစီးဖို႔ဆုံးျဖတ္လိုက္ပါတယ္။ သူမဟာ ဇာတိေျမ၌ႏိုင္ငံျခားသားတစ္ဦးအား လမ္းမွားျပမိသြားမွာကိုစိုးရိမ္ေနခဲ့ပါတယ္။ ေနာက္ဆုံး သူမတို႔ႏွစ္ဦးဟာရထားစီးနင္းခဲ့ၾကၿပီးေနာက္ အခ်င္းခ်င္းအဆက္အသြယ္မ်ားဖလွယ္ခဲ့ၾကပါတယ္။


ထို႔ေနာက္ ၎တို႔ဟာ ႐ုပ္ပိုင္းဆိုင္ရာနည္းလမ္းမ်ားျဖင့္လမ္းခြဲခဲ့ေသာ္လည္း အဆက္အသြယ္မျပတ္ခဲ့ၾကပါဘူး။ ၄ ႏွစ္အၾကာမွာေတာ့ Angel ဟာ တ႐ုတ္ျပည္ ရွန္ဟိုင္းၿမိဳ႕တြင္အလုပ္လုပ္ေနစဥ္ Jason ဟာလည္း စကၤာပူ၌ရွိေနခဲ့ပါတယ္။ ခြဲခြါေနရေသာ္လည္း Jason ဟာ သူမအတြက္ အမိေျမမဟုတ္တဲ့ရွန္ဟိုင္းၿမိဳ႕မွာ ၂ ႏွစ္တာကာလရွိေနခဲ့တဲ့ Angel အား အထီးမက်န္ေအာင္ နံနက္ႏွင့္ညအခ်ိန္ ပုံမွန္ဖုန္းဆက္ေပးခဲ့ပါတယ္။


မိုင္ေပါင္းတစ္ေထာင္အကြာအေဝးက သူမတို႔စုံတြဲအတြက္ၾကမ္းတမ္းေပမဲ့ Angel က သူမတို႔ရဲ႕LDR ဟာ ယုံၾကည္မႈႏွင့္ဆက္သြယ္မႈတို႔ျဖင့္ ေရွ႕ဆက္ေနေၾကာင္းေျပာၾကားခဲ့ပါတယ္။ သူမဟာ Jason ႏွင့္အမွတ္တရမ်ားဖန္တီးဖို႔ စကၤာပူသို႔အလည္အပတ္သြားခဲ့ပါေသးတယ္။


သို႔ေပမဲ့ ကူးစက္ေရာဂါရဲ႕ခရီးသြားလာမႈကန႔္သတ္ခ်က္ေတြေၾကာင့္ သူမတို႔စုံတြဲဟာ ၾကားထဲမွာ တစ္ေယာက္နဲ႔တစ္ေယာက္ တစ္ႏွစ္ၾကာမေတြ႕ဘဲေနခဲ့ရပါတယ္။ ထို႔ေနာက္ Jason ဟာ ထိုင္ဝမ္၌အလုပ္ေလွ်ာက္ထားဖို႔အေကာင္းဆုံးႀကိဳးပမ္းခဲ့ေသာ္လည္း ကူးစက္ေရာဂါေၾကာင့္ အရာရာဟာခက္ခဲခဲ့ရပါတယ္။ သို႔ေသာ္လည္း Angel ဟာ သူမကို႔သူမတြန္းအားေပးခဲ့ၿပီး ေနာက္ဆုံးတြင္စကၤာပူ၌ တ႐ုတ္မူႀကိဳဆရာတစ္ဦးအျဖစ္ အလုပ္လုပ္ခြင့္ရခဲ့ပါေတာ့တယ္။

ကံၾကမၼာက သူမတို႔ႏွစ္ေယာက္ကို အခ်ိန္မွန္ေနရာမွန္မွာ ဆုံဆည္းခြင့္ေပးခဲ့ေပမဲ့ ၎တို႔ဟာ ၎တို႔ရဲ႕လက္ရွိပန္းတိုင္ကိုေရာက္ေစဖို႔ ႏွစ္ဦးႏွစ္ဖက္စလုံး တတ္ႏိုင္သေလာက္ႀကိဳးစားအားထုတ္ခဲ့ၾကရပါတယ္။

၎ဟာ LDR တိုင္းအတြက္ ပန္းတိုင္တစ္ခုျဖစ္သလို ၎တို႔စုံတြဲကလည္း ဘယ္ေလာက္ဘဲေဝးေဝး ၊ ဘယ္ေလာက္ဘဲ ႏိုင္ငံမတူ ၊ လူမ်ိဳးမတူေနပါေစ အခ်စ္အတြက္ အရာအားလုံးကိုေက်ာ္ျဖတ္ႏိုင္ေၾကာင္းကိုလည္း ျပသေပးခဲ့ၾကပါတယ္။ ၎တို႔စုံတြဲလည္း ထာဝရအၿမဲအတူရွိႏိုင္ပါေစလို႔ဆုေတာင္းမိပါတယ္။ ကမာၻႀကီးက ပုံမွန္ျပန္ျဖစ္သြားလို႔အခြင့္အေရးရွိတဲ့အခါ စာဖတ္သူတို႔လည္း အျခားတိုင္းတစ္ပါးသို႔ ေျခဆန္႔ၾကည့္လိုက္ပါ ၊ ေဒသခံေတြလည္း စကားေျပာၾကည့္ပါ ၊ အဲ့တာေတြက သင္တို႔ရဲ႕ဘဝကို ေကာင္းမြန္တဲ့နည္းလမ္းနဲ႔မေျပာင္းလဲသြားႏိုင္ဘူးလို႔ ဘယ္သူကေျပာႏိုင္မွာလဲဗ်ာ။crd

Leave a Reply

Your email address will not be published.