အဆီလုံးဝ မပါတဲ့ ဝက်ခေါက်ကြွပ်ကြော်နည်း

Food

အဆီလုံးဝ မပါတဲ့ ဝက်ခေါက်ကြွပ်ကြော် လေးပါရှင် ….


အမှန်တကယ် ဝန်ခံရရင် ကျမလုပ်ရ ခက်တဲ့ အစားအစာ တမျိုးလေးလဲဖြစ်တယ်ရှင်ရှင် ….
၃ ခါမြောက်မှ လုပ်လို့အောင်မြင်တယ် လုပ်မတတ်ရင် ဝက်ခေါက် ကြော် မာသွားတယ် … နောက်ပီး ကြည့့်ရတာ ပွပွကြွပ်ကြွပ်လေးပုံစံမ ျို း စားလိုက်တော့အသားမာပီး လုံးဝ စားမကောင်းပါရှင်

စိတ်ဓာတ်မကြဘဲ ဆက်ကြိုးစားပီး ဘာမဆိုလုပ်လို့ အောင်မြင်တယ် သူငယ်ချင်းတို့ရေ Figting Fighting !

အဆီလုံးဝ မပါတဲ့ ဝက်ခေါက်ကြွပ်ကြော်
****-****-*****-****-****-****-****

၁။ သန့်ရှင်းလတ်ဆတ်တဲ့ ဝက်ခေါက် အပြားကြီးကို စင်အောင်ဆေးပီး ပြုတ်ပေးထားပါ ။

( ပြုတ်နည်း ဝယ်လာတဲ့ ဝက်ခေါက်မှာ ဝက်ကောင် အသက် အရွယ်ကြီး အရွယ်ငယ်ရှိသလို ပြုတ်ချိန်လဲကွာတယ်ရှင်)
ပြုတ်ပီး ဝက်ခေါက်ကို ဇကာနဲ့ရေစစ်ပေး မပူအောင် ထားပေးပါ
ပီးရင် ဝက်ခေါက်မှာ ကျန်နေတဲ့ အမွှေး + အဆီ တွေကို ဓားနဲ့ အကုန်သွေပေးပါ။

ထို့နောက် ဆားနဲ့နယ်ပေးပီး အရသာစိမ့့်
သွား အောင် တခဏ ထားထားပါ ..
#တချို့က ဝက်အသားမှုန့် / အချိုမှုန့်နဲ့ရော နယ်ပေးပါတယ်ရှင် #
ဝက်ခေါက်ပြားကြီးကို ၃ လက်မလောက် အပိုင်းများ ပိုင်းထားပေးပါ ။ ထို့နောက် ၃ လက်မ အရွယ် ဝက်ခေါက်ကို လိပ်ပေး ပီးရင် ၁ လက်မ အရွယ် ပြန်လှီးပေးပါ ။
ဝါးဇကာ အဝိုင်းကြီးပေါတွင် ဝက်ခေါက်ကို နေအပူနဲ့ လှောင်ပေးပါ ။ ၃ နာရီ တခါ သွားမွှေပေးပါ
၁ရက် ( သို့ ) ၂ ရက် လောက် နေ အပူနဲ့လှောင်ပေးပါ ။

ကြော်နည်း
ဒယ်အိုးတွင် ဆီ များများနဲ့ မီး အနည်းငယ် နဲ့သာ အပူပေးပေး ပီး ပထမအကြိမ် …ဝက်ခေါက်ကို အကျက် ၆၀% လောက်အရင်ကြော်ပေးပီး ဇကာနဲ့ ဆယ်ထားပေးပါ ။
ကြော်ထားတဲ့ ဝက်ခေါက် လုံးဝ အပူမရှိအောင် ထားထားပေးပီးမှ
ဒုတိယ အကြိမ် မီးအား အနေတော်ဖြင့် ဝက်ခေါက်ကို နောက်ဆုံး ကြော်ပေးပါရှင်။

ဝက်ခေါက်ကြော် ကြွပ်ကြွပ်လေးကို ကွတ်တယို ခေါက်ဆွဲနဲ့ဘဲစားစား … သင်္ဘောသီးထောင်းနဲ့ဘဲတွဲစား တွဲစား … ထမင်းပူပူ တို့စရာ ငပိလေးရည်လေးနဲဘဲ တွဲစားစား အားလုံးတွဲစားလို့ ကောင်းတယ်ရှင်
ရောင်းဖို့အတွက်လဲ အဆင်ပြေတယ်လို့ ကျမထင်တယ်


Credit ချက်စားကြည့်ကြစို့ ထိုင်းအစားအစာများ
Crd

အဆီလုံးဝ မပါတဲ့ ဝကခြေါကကြှှပကြှောြ လေးပါရှငြ ….

****-****-*****-****-****-****-****







Crd

Leave a Reply

Your email address will not be published.