Zawgyi
လင္ယူမွားလို႔ အျဖစ္ဆိုးနဲ႔ၾကံဳျပီး ကြယ္လြန္ခဲ့ရတဲ့ မိန္းခေလးရဲ႕အျဖစ္…
၄ ရက္တာေပ်ာက္ဆုံးေနသည့္သမီး၏႐ုပ္အေလာင္းအား သရက္ၿခံထဲတြင္ ေတြ႕ရွိရၿပီး လူသတ္တရားခံသည္ သားမက္ျဖစ္ေနေၾကာင္း ရဲတပ္ဖြဲ႕မွစုံးစမ္းသိရရွိရသျဖင့္ ဖမ္းဝရမ္းထုတ္ခဲ့ပါတယ္ …။ထိုင္းႏိုင္ငံ အန္းေထာင္းခ႐ိုင္ စဝဲန္ဟာၿမိဳ႕နယ္ ရပ္ကြက္ ၉ အနီး ဒြန္ကရန္း – စဝဲန္ဟာလမ္းမႀကီးေဘးမွ
မီတာ ၁၀၀ အကြာရွိ သရက္ၿခံႀကီးထဲမွ ေခ်ာင္း႐ိုးျပတ္ထဲတြင္ ပလတ္စတစ္အိပ္အမဲျဖင့္ ထုတ္ပိုးကာ ပစ္ခ်ထားတဲ့ အမ်ိဳးသမီးတစ္ဦး၏႐ုပ္အေလာင္းအား မနက္ ၁၀: ၃၀ အခ်ိန္က ၿခံလုပ္သားမ်ားမွေတြ႕ရွိေၾကာင္း ရဲတပ္ဖြဲ႕သို႔ သတင္းပို႔ခဲ့ၾကသျဖင့္ သြားေရာက္စစ္ေဆးရာ
ေသဆုံးသူမိန္းမပ်ိဳသည္ ေပ်ာက္ဆုံးေနေသာ အသက္ ၂၅ ႏွစ္အ႐ြယ္ နန္းဝနိဒါ ဘြန္နက္ ( ခ ) Joy ျဖစ္ေနေၾကာင္းအတည္ျပဳႏိုင္ခဲ့ပါတယ္ …။ေသဆုံးသူသည္ ေနအိမ္မွ ႐ုတ္တရက္ေပ်ာက္ဆုံးသြားသျဖင့္ အသက္ ၄၇ ႏွစ္အ႐ြယ္ မိခင္ျဖစ္သူ နန္းဘြန္းခ်ဴး ဘြန္နက္မွ ရဲစခန္းတြင္ လူေပ်ာက္တိုင္ခ်က္ဖြင့္ခဲ့ၿပီး
ေနရာအႏွံ႔ ရွာေဖြခဲ့ၾကေသာ္လည္း ရွာေဖြေတြ႕ရွိခဲ့ျခင္း မရွိခဲ့ပါ။ အဆိုပါသရက္ၿခံအနီးတြင္လည္း ရွာေဖြခဲ့ၾကတယ္လို႔ ဆိုပါတယ္ …။သမီးျဖစ္သူသည္ ခင္ပြန္းျဖစ္သူ ႏိုင္ ေမ့ခ္ စူခမ္း ( ခ ) တမ့္ ႏွင့္ အယုဒၵယၿမိဳ႕နယ္ ဘန္႔ဖရမ္ရပ္ကြက္ ၊ ရပ္ကြက္ ၉ ရွိအိမ္အမွတ္ ၁၀၆ တြင္ အတူတကြငွားရမ္းေနထိုင္ၿပီး စက္႐ုံတစ္ခုတြင္အ လုပ္လုပ္ကိုင္ၾကတယ္လို႔ သိရပါတယ္ …။
CCTV မွတ္တမ္းမ်ားအရ ဩဂုတ္လ ၁၇ ရက္ေန႔ မနက္ပိုင္းကေသဆုံးသူႏွင့္ ခင္ပြန္းျဖစ္သူတို႔ ဆိုင္ကယ္အတူတူစီးသြားခဲ့သည္ကိုစစ္ေဆးေတြ႕ရွိရသျဖင့္ ရဲတပ္ဖြဲ႕မွ ခင္ပြန္းျဖစ္သူအားသကၤာမကင္းျဖစ္ခဲ့ရာမွ ၎၏သူငယ္ခ်င္းမ်ားအားေခၚယူစစ္ေဆးရာ အိုက္တမ့္သည္ သူ၏မိန္းမႏွင့္စကားမ်ားရာမွ
လည္ပင္းညႇစ္မိၿပီး မေတာ္တဆေသဆုံးသြားခဲ့တယ္လို႔ သူငယ္ခ်င္းမ်ားကိုေျပာဆိုခဲ့ၿပီး စူဖန္ဘူရီၿမိဳ႕ဘက္သို႔ ဆိုင္ကယ္ေမာင္းႏွင္သြားတယ္လို႔ သိရွိရတဲ့အတြက္ ရဲတပ္ဖြဲ႕မွ လူသတ္အေလာင္းေဖ်ာက္မႈျဖင့္ ခင္ပြန္းျဖစ္သူ အိုက္တမ့္ ( ၃၂ ) ႏွစ္အားဖမ္းဆီးရမိႏိုင္ေရးအတြက္ ဖမ္းဝရမ္းထုတ္ခဲ့ပါတယ္ …။
မိခင္ျဖစ္သူကေတာ့ သားမက္ျဖစ္သူမွသူ၏သမီးႏွင့္မၾကာခဏသဝန္တိုအူတိုမႈေၾကာင့္ ကြာရွင္းထားစဥ္ ယခုလိုေသဆုံးသြားတာျဖစ္ႏိုင္ေၾကာင္း ရဲစခန္းတြင္ ရင္ဖြင့္ေျပာဆိုခဲ့ပါတယ္ …။ရဲတပ္ဖြဲ႕ကေတာ့ အျဖစ္မွန္ေပၚေပါက္ေရးႏွင့္ တရားခံအားဖမ္းဆီးရမိႏိုင္ေရးအတြက္ ျပည္သူႏွင့္အတူပူးေပါင္းကာ အျမန္ဆုံးႀကိဳးစားေဆာင္႐ြက္သြားမယ္လို႔သိရွိရပါတယ္ …။ ။
Photo Crd
Unicode
လင်ယူမှားလို့ အဖြစ်ဆိုးနဲ့ကြုံပြီး ကွယ်လွန်ခဲ့ရတဲ့ မိန်းခလေးရဲ့အဖြစ်…
၄ ရက်တာပျောက်ဆုံးနေသည့်သမီး၏ရုပ်အလောင်းအား သရက်ခြံထဲတွင် တွေ့ရှိရပြီး လူသတ်တရားခံသည် သားမက်ဖြစ်နေကြောင်း ရဲတပ်ဖွဲ့မှစုံးစမ်းသိရရှိရသဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ် …။ထိုင်းနိုင်ငံ အန်းထောင်းခရိုင် စဝဲန်ဟာမြို့နယ် ရပ်ကွက် ၉ အနီး ဒွန်ကရန်း – စဝဲန်ဟာလမ်းမကြီးဘေးမှ
မီတာ ၁၀၀ အကွာရှိ သရက်ခြံကြီးထဲမှ ချောင်းရိုးပြတ်ထဲတွင် ပလတ်စတစ်အိပ်အမဲဖြင့် ထုတ်ပိုးကာ ပစ်ချထားတဲ့ အမျိုးသမီးတစ်ဦး၏ရုပ်အလောင်းအား မနက် ၁၀: ၃၀ အချိန်က ခြံလုပ်သားများမှတွေ့ရှိကြောင်း ရဲတပ်ဖွဲ့သို့ သတင်းပို့ခဲ့ကြသဖြင့် သွားရောက်စစ်ဆေးရာ
သေဆုံးသူမိန်းမပျိုသည် ပျောက်ဆုံးနေသော အသက် ၂၅ နှစ်အရွယ် နန်းဝနိဒါ ဘွန်နက် ( ခ ) Joy ဖြစ်နေကြောင်းအတည်ပြုနိုင်ခဲ့ပါတယ် …။သေဆုံးသူသည် နေအိမ်မှ ရုတ်တရက်ပျောက်ဆုံးသွားသဖြင့် အသက် ၄၇ နှစ်အရွယ် မိခင်ဖြစ်သူ နန်းဘွန်းချူး ဘွန်နက်မှ ရဲစခန်းတွင် လူပျောက်တိုင်ချက်ဖွင့်ခဲ့ပြီး
နေရာအနှံ့ ရှာဖွေခဲ့ကြသော်လည်း ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိခဲ့ပါ။ အဆိုပါသရက်ခြံအနီးတွင်လည်း ရှာဖွေခဲ့ကြတယ်လို့ ဆိုပါတယ် …။သမီးဖြစ်သူသည် ခင်ပွန်းဖြစ်သူ နိုင် မေ့ခ် စူခမ်း ( ခ ) တမ့် နှင့် အယုဒ္ဒယမြို့နယ် ဘန့်ဖရမ်ရပ်ကွက် ၊ ရပ်ကွက် ၉ ရှိအိမ်အမှတ် ၁၀၆ တွင် အတူတကွငှားရမ်းနေထိုင်ပြီး စက်ရုံတစ်ခုတွင်အ လုပ်လုပ်ကိုင်ကြတယ်လို့ သိရပါတယ် …။
CCTV မှတ်တမ်းများအရ ဩဂုတ်လ ၁၇ ရက်နေ့ မနက်ပိုင်းကသေဆုံးသူနှင့် ခင်ပွန်းဖြစ်သူတို့ ဆိုင်ကယ်အတူတူစီးသွားခဲ့သည်ကိုစစ်ဆေးတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့မှ ခင်ပွန်းဖြစ်သူအားသင်္ကာမကင်းဖြစ်ခဲ့ရာမှ ၎င်း၏သူငယ်ချင်းများအားခေါ်ယူစစ်ဆေးရာ အိုက်တမ့်သည် သူ၏မိန်းမနှင့်စကားများရာမှ
လည်ပင်းညှစ်မိပြီး မတော်တဆသေဆုံးသွားခဲ့တယ်လို့ သူငယ်ချင်းများကိုပြောဆိုခဲ့ပြီး စူဖန်ဘူရီမြို့ဘက်သို့ ဆိုင်ကယ်မောင်းနှင်သွားတယ်လို့ သိရှိရတဲ့အတွက် ရဲတပ်ဖွဲ့မှ လူသတ်အလောင်းဖျောက်မှုဖြင့် ခင်ပွန်းဖြစ်သူ အိုက်တမ့် ( ၃၂ ) နှစ်အားဖမ်းဆီးရမိနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ခဲ့ပါတယ် …။
မိခင်ဖြစ်သူကတော့ သားမက်ဖြစ်သူမှသူ၏သမီးနှင့်မကြာခဏသဝန်တိုအူတိုမှုကြောင့် ကွာရှင်းထားစဉ် ယခုလိုသေဆုံးသွားတာဖြစ်နိုင်ကြောင်း ရဲစခန်းတွင် ရင်ဖွင့်ပြောဆိုခဲ့ပါတယ် …။ရဲတပ်ဖွဲ့ကတော့ အဖြစ်မှန်ပေါ်ပေါက်ရေးနှင့် တရားခံအားဖမ်းဆီးရမိနိုင်ရေးအတွက် ပြည်သူနှင့်အတူပူးပေါင်းကာ အမြန်ဆုံးကြိုးစားဆောင်ရွက်သွားမယ်လို့သိရှိရပါတယ် …။ ။
Crd