ညနေ အိမ်အပြန်မှာ ရုံးကားမောင်းတဲ့ ကုမ္ပဏီဝန်ထမ်းတဦး ပစ္စည်းလုခံရပြီး လှိုင်သာယာ လမ်းဘေးတွင်… See more

Local News

Zawgyi

ညေန အိမ္အျပန္မွာ ႐ုံးကားေမာင္းတဲ့ ကုမၸဏီဝန္ထမ္းတဦး ပစၥည္းလုခံရၿပီး လိွဳင္သာယာ လမ္းေဘးတြင္… See more

ရန္ကုန္က Mercury Online Shopping Mall က ျဖည့္ဆည္းေရးစင္တာတာဝန္ခံ ကိုအာကာမိုးကိုကို ဆိုသူ ကားနဲ႔အိမ္ျပန္ခ်ိန္ ရိုက္ႏွက္ ပစၥည္းေတြလုယူကာ လူကိုသတ္ၿပီး အေလာင္းကို လွိုင္သာယာၿမိဳ့ လမ္းေဘးမွာ စြန္႔ပစ္ခံခဲ့ရတယ္လို့သိရပါတယ္။

” ႐ုံးကား ေမာင္းၿပီး အိမ္ျပန္ခ်ိန္ မသမာသူလူေတြက ကားတံခါးဖြင့္တက္လာၿပီး ပစၥည္းလုတယ္၊ အသာတၾကည္မေပးလို့ ထိုးႀကိတ္ရိုက္ႏွက္ၿပီး လူကိုပါ အေသသတ္သြားခံရၿပီး ကားေရာလူပါ လွိုင္သာယာလမ္းေဘးတေနရာမွာပစ္ထားခဲ့ပါတယ္။ ကားေပၚမွာ အဝတ္စုတ္၊ ကြမ္းတံေတြးေတြက်န္ခဲ့တာ ေတြ႕ရပါတယ္။ ကာယကံရွင္က ကြမ္းမစား၊ ေဆးလိပ္မေသာက္တတ္ပါ”လို့ Mercury ဘက္ကေျပာပါတယ္။

ဇူလိုင္ ၆ ရက္ ညေန အိမ္အျပန္မွာ ရိုက္ႏွက္အသတ္ခံလိုက္ရတာျဖစ္ၿပီး အိုင္ဖုန္း 13 တလုံးနဲ႔ ႐ုံးမွ ASUS M4 13 DA လက္ေတာ့ပ္၊ ေငြေလးသိန္း လုယူခံလိုက္ရတာျဖစ္တယ္လို့သိရပါတယ္။

” အခုေလာေလာဆယ္ က်ေနာ္တို့ သူငယ္ခ်င္းေကာင္းရာမြန္ရာေရာက္ေအာင္ပဲ လုပ္ေနတယ္။ျဖစ္ခဲ့တဲ့ကိစၥေတြက က်ေနာ္တို့ ျမင္ရတာလည္းမဟုတ္ေတာ့ ေသခ်ာမေျပာနိုင္ဘူး။ အခုကိစၥေတြၿပီးရင္ အေသးစိတ္သိရရင္ က်ေနာ္ ျပန္ဆက္သြယ္ေပးပါ့မယ္ “လို့ ကိုအာကာမိုးကိုကိုရဲ့ မိတ္ေဆြတဦးကေျပာပါတယ္။

ကိုအာကာမိုးကိုကိုဟာ တာေမြၿမိဳ့နယ္ကျဖစ္ၿပီး အသက္ ၂၃ ႏွစ္အရြယ္လူငယ္ျဖစ္ေၾကာင္း၊ ႐ုပ္အေလာင္းကိုေတာ့ ဇူလိုင္လ ၉ ရက္ေန႔ ေရေဝးသုႆာန္မွာ ဂူသြင္းသၿဂႋဳဟ္မယ္လို့ သိရပါတယ္။

ရန္ကုန္မွာ ေနအိမ္အတြင္း ဝင္ေရာက္လုယက္တာ ၊ လူသတ္ၿပီးပစၥည္းဓားျပတိုက္တာ၊ ဆိုင္ကယ္နဲ႔ကားေမာင္းသူေတြကို ရိုက္ႏွက္ၿပီး ပစၥည္းလုတာ စတဲ့ လုယက္မွုေတြ ျဖစ္ပြားေနပါတယ္။

Unicode

ညနေ အိမ်အပြန်မှာ ရုံးကားမောင်းတဲ့ ကုမ္ပဏီဝန်ထမ်းတဦး ပစ္စည်းလုခံရပြီး လှိုင်သာယာ လမ်းဘေးတွင်… See more

ရန်ကုန်က Mercury Online Shopping Mall က ဖြည့်ဆည်းရေးစင်တာတာဝန်ခံ ကိုအာကာမိုးကိုကို ဆိုသူ ကားနဲ့အိမ်ပြန်ချိန် ရိုက်နှက် ပစ္စည်းတွေလုယူကာ လူကိုသတ်ပြီး အလောင်းကို လှိုင်သာယာမြို့ လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရတယ်လို့သိရပါတယ်။

” ရုံးကား မောင်းပြီး အိမ်ပြန်ချိန် မသမာသူလူတွေက ကားတံခါးဖွင့်တက်လာပြီး ပစ္စည်းလုတယ်၊ အသာတကြည်မပေးလို့ ထိုးကြိတ်ရိုက်နှက်ပြီး လူကိုပါ အသေသတ်သွားခံရပြီး ကားရောလူပါ လှိုင်သာယာလမ်းဘေးတနေရာမှာပစ်ထားခဲ့ပါတယ်။ ကားပေါ်မှာ အဝတ်စုတ်၊ ကွမ်းတံတွေးတွေကျန်ခဲ့တာ တွေ့ရပါတယ်။ ကာယကံရှင်က ကွမ်းမစား၊ ဆေးလိပ်မသောက်တတ်ပါ”လို့ Mercury ဘက်ကပြောပါတယ်။

ဇူလိုင် ၆ ရက် ညနေ အိမ်အပြန်မှာ ရိုက်နှက်အသတ်ခံလိုက်ရတာဖြစ်ပြီး အိုင်ဖုန်း 13 တလုံးနဲ့ ရုံးမှ ASUS M4 13 DA လက်တော့ပ်၊ ငွေလေးသိန်း လုယူခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။

” အခုလောလောဆယ် ကျနော်တို့ သူငယ်ချင်းကောင်းရာမွန်ရာရောက်အောင်ပဲ လုပ်နေတယ်။ဖြစ်ခဲ့တဲ့ကိစ္စတွေက ကျနော်တို့ မြင်ရတာလည်းမဟုတ်တော့ သေချာမပြောနိုင်ဘူး။ အခုကိစ္စတွေပြီးရင် အသေးစိတ်သိရရင် ကျနော် ပြန်ဆက်သွယ်ပေးပါ့မယ် “လို့ ကိုအာကာမိုးကိုကိုရဲ့ မိတ်ဆွေတဦးကပြောပါတယ်။

ကိုအာကာမိုးကိုကိုဟာ တာမွေမြို့နယ်ကဖြစ်ပြီး အသက် ၂၃ နှစ်အရွယ်လူငယ်ဖြစ်ကြောင်း၊ ရုပ်အလောင်းကိုတော့ ဇူလိုင်လ ၉ ရက်နေ့ ရေဝေးသုဿာန်မှာ ဂူသွင်းသြင်္ဂိုဟ်မယ်လို့ သိရပါတယ်။

ရန်ကုန်မှာ နေအိမ်အတွင်း ဝင်ရောက်လုယက်တာ ၊ လူသတ်ပြီးပစ္စည်းဓားပြတိုက်တာ၊ ဆိုင်ကယ်နဲ့ကားမောင်းသူတွေကို ရိုက်နှက်ပြီး ပစ္စည်းလုတာ စတဲ့ လုယက်မှုတွေ ဖြစ်ပွားနေပါတယ်။crd

Leave a Reply

Your email address will not be published.