7.7.2022 မှ 13.7.2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

ဗေဒင်

7.7.2022 မှ 13.7.2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

7.7.2022 မှ 13.7.2022 အထိ တစ်ပတ်စာ ၇ရက်သားသမီး ဟောစာတမ်း

#တနင်္ဂနွေ

ဒီအပတ်အတွင်း လူကြီးတွေရဲ့အကြံတွေရလာတတ်ပါတယ်။ ဆရာသမားတွေရဲ့အကူအညီပေးမှုတွေ အပြည့်အ ဝရလာနိုင်ပါတယ်။

ဘဝတူမိတ်ဆွေတွေရဲ့ အခက်အခဲကို တက်စွမ်းသမျှကူညီနိုင်ပါလိမ့်မယ်။ အိုးအိမ် ကိစ္စ၊နေရာထိုင်ခင်းကိစ္စတွေ၊

အလုပ်ရာထူးကိစ္စတွေ အထူးကောင်းပါတယ်။ ငွေကံအားကောင်းတာတွေများနေပါ လိမ့်မယ်။

မြုပ်နေတဲ့ ကောင်းနေတဲ့ကံတွေပေါ်ထွန်းလာနိုင်တဲ့ကာလဖြစ်ပါတယ်။ လူမျိုးခြား နိုင်ငံခြားသားတွေနဲ့ ဆက်စပ်လုပ်ကိုင်ရသော ကိစ္စများမှာ

အမှားအယွင်းပြဿနာကြုံရပါလိမ့်မယ်။ ခရီးကိစ္စများပျက်ရတတ်ပါတယ်။ မိမိကို မနာလိုသူတွေ ဝန်းရံနေတတ်ပါတယ်။

မိမိကို ချောက်ချမဲ့သူတွေရှိနေတတ်ပါတယ်။ မိမိအနေအထိုင် အပြော အဆိုဆင်ခြင်ပါ။

ရွှေငွေလက်ဝတ်ရတနာများ အထားမှားပြီး ပျောက်ရှတတ်ပါတယ်။ ရပ်ဝေးက ကူညီပေးမဲ့သူတွေ အိမ်ရောက် လာတတ်ပါတယ်။

ကျန်းမာရေးအနေနဲ့ အဆိုးဝါးကြီးမဟုတ်ပေမဲ့ ရောဂါဟောင်း ဝေဒနာဟောင်း ပြန်လည် ဖြစ်ရတတ်ပါတယ်။

အချစ်ရေးကံကလဲ မိမိမျှော်လင့်ထားသလိုဖြစ်လာမှာပါ။သာယာတဲ့ အချစ်ခရီးလမ်း ပါပဲ။

အိမ်ထောင်ရေး မှာတော့ မိမိကိုမြူဆွယ်ထောင်ချောက်ဆင်သူတွေရဲ့ဂွင်ထဲ ရောက်သွားတတ်ပါတယ်။

အိမ် တွင်း ရေး သောက ကြုံရနိုင်ပါတယ်။ လင်ကတစ်မျိုး သားကတစ်မျိုးဆိုသလိုပေါ့ ဗျာ။ပညာရေးကံကတော့ ကောင်း ပါတယ်။

အကျိုးပေးဂဏန်း ၁/၅/၀

အထူးဟော အလုပ်ပြန်ကောင်းလာမည်။ယတြာ ပေါင်မုန့်ထောပတ်သုပ်ပြီး ဘုရားကပ်လှူပါ။

#တနင်္လာ

အနည်းငယ်သတိထားစရာများတယ်။ အပျော်အပါးမက်ပြီး အပျော်လွန်သူတွေဒုက္ခများနိုင်ပါတယ်။

တတ် နိုင်သမျှငွေကြေးနဲ့ပတ်သက်ပြီး အသုံးအဖြုန်းလျော့ပါ။ ခရီးနဲ့ပတ်သက်ရင်လဲ မလိုအပ်ရင်

ခရီးရှည်မသွားတာက ဒီအပတ်မှာအကောင်းဆုံးပါပဲ။ ဒီကာလအတွင်းဥပဒေနဲ့ မလွတ်ကင်းတဲ့ စီးပွားရေးများ အရေးယူခြင်းခံရပါ လိမ့်မယ်။

ရိုးသားပါ ။ မိခင်ကျန်းမာရေးအထူးဂရုစိုက်ပါလို့ မှာချင်ပါတယ်။ ငွေကြေးရင်းနှီးမြုပ်နှံမှုတွေမှား တတ်ပါတယ်။

ကြွေးယူခြင်း ကြွေးတောင်းခြင်းတွေမလုပ်ပါနဲ့ ။ အလုပ်တိုးတတ်ပေမဲ့ အလုပ်ချဲ့ဖို့ ငွေလိုနေတတ် ပါတယ်။

ဇာတာရှင်အတွက် ဆုံးဖြတ်ရခက်ခြင်း၊ရှေ့တိုးရမလို နောက်ပဲဆုတ်ရမလိုဖြစ်ခြင်းမျိုး ကြုံရမှာပါ။

သူများ တွေက ဝင်ရောက်ဆုံးဖြတ် ပေးရင်တော့ မကောင်းပါဘူး။မိမိစိတ်ကူးအတွေးအကြံအတိုင်းသာ လုပ်ပါ။

လူမျိုးခြား ဘာသာခြားတွေရဲ့ လိမ်လည် လှည့်ဖျားခြင်းကို ခံရဖွယ်ရှိတဲ့ ကာလပါပဲ။

ကုန်သွယ်မှုအလုပ် ၊ အွန်လိုင်းအလုပ်များ အဆင်ပြေလိမ့်မယ်။ ဆွေမျိုးနီးစပ်ထဲမှ ကျန်းမာရေးညံ့၍ လူနာသွားမေးရတတ်တယ်။

မိမိကျန်းမာရေးကတော့ ပူပင်စရာမရှိပါဘူး။ မတ်တပ်ဖျား မတ်တပ်နာလောက်ပါပဲ။

အိမ်ထောင်ရေး လဲအညံ့အဆိုးနည်းပါးပါလိမ့်မယ်။ ပုံမှန်မဟုတ်တာက အချစ်ရေးပါ။

မလွတ်လပ်သူနဲ့ ငြိစွန်းလွယ်ပါတယ်။ ပညာရေးကတော့ အလွန်ကောင်းတယ်လို့ ဆိုရမှာပါ။

အကျိုးပေးဂဏန်း ၅/၄/၉

အထူးဟော ကံအကောင်းရော၊အဆိုးရော ရောထွေးနေမည်။ယတွာ ကျောက်ကျောဘုရားကပ်ပါ

#အင်္ဂါ

ဒီကာလအတွင်းနေရာထိုင်ခင်းအပြောင်းအလဲများကြုံတွေ့ရခြင်းအလုပ်အပြောင်းအလဲများကြုံရခြင်း တွေလဲဖြစ်ရတတ်ပါတယ်။

ဖခင်ရဲ့ ကျန်းမာရေးဂရုစိုက်ပါ။ လူကြီးတွေ မိမိအပေါ် ငြို ငြင်တာမျိုး မဖြစ်ပါစေနဲ့။ အလုပ်ကံမဆိုးပါ။ အလုပ်များနေပါလိမ့်မယ်။

အလုပ်တော့ များပါရဲ့ ငွေကတော့ ထင်သလောက်မဝင်ဘူးပေါ့လေ။ စိတ်ပန်းကိုယ်နွမ်းဖြစ်နေရမဲ့အချိန်ပါ။

မိမိကိစ္စထက်သူတစ်ပါးကိစ္စတွေကို ကူညီလုပ်ကိုင်ပေးနေရပါလိမ့်မယ်။ ရှောင်လွှဲလို့မရတဲ့လူမှုရေးကိစ္စ

သာရေးနာရေးကိစ္စတွေနဲ့ လုံးပန်းနေရပါလိမ့်မယ်။ ရွှေထွက်တတ်ပါတယ်။ အလုပ်နဲ့ပတ်သက်တဲ့ ခရီးလေးတွေလဲသွားရပါလိမ့်မယ်။

ကျန်းမာရေးအတွက်ဂရုစိုက်စေချင်ပါတယ်။ နေမထိ ထိုင်မသာ ဖြစ်ပြီဆိုကတည်းကမပေါ့သင့်ပါဘူး။

ဆေးမြီးတိုနဲ့ မကုသင့်တဲ့ ကာလပါပဲ။မိုးဒဏ်လဲသိပ်မခံပါနဲ့။ အအေးမိတတ်ခြင်း ၊ရေချိုးမှားခြင်းမျိုးကြုံ လာတတ်လို့ပါ။

အချစ်ရေးကံကတော့ အလွန်ကောင်းနေချိန်ပဲဗျ။ ချစ်သူသစ်ရခြင်း ၊ချစ်သူက တန်ဖိုးထားစရာလက်ဆောင်ပေးခြင်းမျိုးလဲ ကြုံရတတ်ပါတယ်။

အိမ်ထောင်ရေး ကတော့ ရန်ဖြစ်လိုက် ပြန်အဆင်ပြေလိုက်ပါပဲ။ပညာရေးကံကတော့ မိမိအနေနဲ့အချိန်ပေးဖို့လိုပါတယ်။

အခြားဗာဟီရတွေလုပ်နေရတာကြောင့် စာကျက်ချိန်လျော့သွားတတ်လို့ပါ။

အကျိုးပေးဂဏန်း ၂/၇/၀

အထူးဟော ကျန်းမာရေးညံ့နိုင်တာကိုတွေ့ရတယ်။ယတြာ နံပြားနဲ့ကော်ဖီဘုရားကပ်ပေးပါ။

#ဗုဒ္ဓဟူး/ရာဟု

မှန်းထားသည်ထက်ငွေပိုဝင်ပါလိမ့်မယ်။။ကံမြင့်မားနေ ချိန်ဆိုတော့ ဘာသာတရားတွေအားပြု ပြီးလုပ် ဆောင် မယ်ဆိုရင်

ကံကောင်းသည်ထက်ကောင်းလာပါလိမ့်မယ်။ အထက်ပုဂ္ဂိုလ်တွေရဲ့ ကြည့်ရှုစောင်မခြင်းကို ရပါလိမ့်မယ်။

မိမိအားမနာလို မရှုစိမ့်သူများ ဒီကာလအတွင်း မိမိကိုယ်ခင်ခင်မင်မင် ပြန်လည်ဆက်ဆံလာတာမျိုး ကြုံရပါလိမ့်မယ်။

ထီဝါသနာပါသူများအနေနဲ့ကတော့ မိမိတို့မြို့မှာရှိတဲ့ အကြီးဆုံးထီဆိုင်မှာ ထီကံစမ်းလိုက်ပါ။

ဒီရက်ထဲ ကံကြမ္မာကမိမိဘက်မှာ ရပ်တည်နေပါတယ်။ လုပ်ကိုင်သမျှ ကြံစည်သမျှ အောင်မြင်ထွန်း ပေါက် ခြင်း ကို ဖြစ်ပေါ်စေပါလိမ့်မယ်။

ငွေကြေးကံလဲမြင့်မားနေချိန်ပါပဲ။ လာဘ်ရွှင်မဲ့ကာလလို့ပဲ ယေဘုယျ သုံးသပ် ရ မှာပါ။ရစရာ ရှိတဲ့ ငွေကြေးတွေရလာပါလိမ့်မယ်။

သူများငွေတွေ သိမ်းပေးထားတာမျိုးမလုပ်ပါနဲ့။ လာဘ်ပိတ်တတ်ပါ တယ်။ ကျန်းမာရေး လဲအညံ့အဆိုးကင်းနေပါလိမ့်မယ်။

စန်းပွင့် နေမဲ့ကာလပါ။မိမိကို purpose လုပ်မဲ့သူတွေရှိလာပါ လိမ့် မယ်။

အိမ်ထောင်ရေးမှာ အနည်းငယ်အဖုအထစ်ရှိရုံ ကလွဲပြီး အညံ့နည်းပါတယ်။ ပ

ညာရေးထူးချွန်မှာပါ။ သင်လွယ် တတ်လွယ်ပြီး ဉာဏ်ပွင့်မဲ့ ကာလမို့ပါပဲ။

အကျိုးပေးဂဏန်း ၁/၃/၈

အထူးဟော ကံမြင့်မားနေမည်။ယတြာ အုန်းဆီတစ်ဗူးရင်းနှီးသူကိုလက်ဆောင်ပေးပါ။

#ကြာသပတေး

အလုပ်နဲ့ပတ်သက်ပြီးကံကောင်းပြီ။ ငွေကြေးကံကတော့ လိုက်လေ ဝေးလေပါပဲ။ငွေကဝင်သလောက်ပြန် ထွက်နေပါလိမ့်မယ်။

ရပ်ဝေးကမိတ်ဆွေတွေရဲ့အကူအညီတွေ လက်ဆောင် ပစ္စည်းတွေရလာပါလိမ့်မယ်။ ဒီကာလ ဟာ လုပ်ချင်တာလေးတွေ

ကြံစည်ထားတာလေးတွေအကောင်အထည် ဖော်နိုင်မဲ့ကာလပါပဲ။ နိုင်ငံရပ်ခြားကိစ္စ၊ လူမျိုးခြားဘာသာခြားတွေနှင့်

ဆက်သွယ်လုပ်ကိုင်ရသောကိစ္စတွေမှာ အထူးအကျိုးဖြစ်ထွန်းပါလိမ့်မယ်။ ဒီကာလ အတွင်း

အလှကုန်ပစ္စည်းအသစ်တွေဝယ်လို့ အကောင်းဆုံးကာလပါပဲ။ အောက်လက်ငယ်သားတွေနဲ့ တိုင်တိုင်ပင်ပင် လုပ် ကိုင်ပါ။

ရစရာရှိတဲ့အရာများ ကြန့်ကြာနေတာမျိုးကြုံရရင်လဲ ဒီကာလမှာပြန်လည်ရ ရှိလာပါလိမ့်မယ်။ လုပ်ငန်း စီး ပွား တိုးချဲ့နိုင်ပါပြီ။

ကျန်းမာရေးက အကောင်းဘက်ကိုရောက်နေပါပြီ။ ဆရာကောင်းသမား ကောင်း နဲ့တွေ့ပြီး အနာ နဲ့ ဆေး တည့်သွားပါလိမ့်မယ်။

အချစ်ရေးမှာ ချစ်သူရဲ့အထင်လွဲခြင်းကိုခံရတတ်ပါတယ်။နားလည်မှု တွေ တည် ဆောက်ရ ခက်နေမဲ့ကာလတစ်ခုပါပဲ။

အိမ်ထောင်ရေးသာယာပါလိမ့်မယ်။ ကွဲကွာနေတဲ့ အိမ်ထောင်ဘက် တွေလူကြီးတွေညှိနှိုင်းပေးလို့ ပြန်အဆင်ပြေပါလိမ့်မယ်။

ပညာရေးနဲ့ပတ်သက်ရင် အားရစရာ ကောင်းတဲ့ အနေ အထားမျိုး တွေ့ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂/၄/၅

အထူးဟော ကြန့်ကြာနေတဲ့ကိစ္စတွေ အကုန်အဆင်ပြေမယ်။ယတြာ မိဘတွေကို တတ်နိုင်တဲ့ငွေကြေးနဲ့ ကန်တော့ပါ။

#သောကြာ

ဒီကာလမှာ တတ်နိုင်သ၍စကားနည်းပါစေ။ သူများစကားတွေကို တစ်ခြားလူဆီလက်ဆင့်မကမ်းမိပါစေနဲ့။

စကားတွေကြောင့်ပဲပြဿနာများရတတ်လို့ပါ။အလုပ်နဲ့ပတ်သက်၍ဖြစ်စေ၊ အခြားကိစ္စကြောင့်ဖြစ်စေ

အပြောင်း အလဲတစ်စုံတစ်ရာမလုပ်တာ အကောင်းဆုံးပါပဲ။ ငွေကြေးနဲ့ပတ်သက်ပြီးတော့ စိတ်ညစ်စရာကြုံလာ နိုင်တဲ့အခိုက် အတန့်ပါပဲ။

ငွေကြေးကို စနစ် တကျသုံးစွဲသင့်တဲ့ကာလပါ။ လုပ်စရာကိစ္စတွေ၊ အလုပ်အကြွေး တွေနဲ့ပင်ပန်းနေ ရတတ်ပါတယ်။

တစ်နေ့ အလုပ် တစ်နေ့ အပြီးလုပ်တာတောင်မှ အလုပ်တွေက မပြီးနိုင် မစီးနိုင်ဖြစ်ရပါလိမ့်မယ်။

ရပ်ဝေးကနေ အကူအညီ လာ တောင်းသူများ ၊ငွေကြေးချေးငှားသူများရောက်လာတတ်ပါတယ်။ ငွေမချေးပါနဲ့ ။

ပြန်ရဖို့ ကြန့်ကြာတတ်လို့ပါ။ ဒီအပတ်ထဲ အခြားအချင်းအရာထက် ကျန်းမာရေးကိုပိုဂရုစိုက်ပါ။

ကျန်းမာရေး ဒေါင်ဒေါင် မြည်နေသူတောင်မှ ဒီကာလအတွင်းခြူ ခြာလွယ်ပါတယ်။

အိပ်ရေးမဝခြင်း ၊ခေါင်းကိုက်ခေါင်းမူး ဖြစ် ခြင်းမျိုး ခံစားရပါလိမ့်မယ်။ အချစ်ရေးမှာ မတင်မကျဖြစ်စရာကိစ္စများ ၊

သံသယဖြစ်စရာကိစ္စများ ကြုံရပါလိမ့် မယ်။သို့သော်ပွင့်ပွင့်လင်းလင်းဖြေရှင်းလိုက်ခြင်းဖြင့် ပြန်လည်အဆင်ပြေမှုကိုရရှိပါလိမ့်မယ်။

အိမ်ထောင် ရေး သာယာ စိုပြေ ပါလိမ့်မယ်။မိသားစုကိုအချိန်ပေးနိုင်ပါလိမ့်မယ်။ပညာရေးကံကတော့ အကောင်းဘက်မှာရှိနေပါပြီ။

အကျိုးပေးဂဏန်း ၃/၅/၆

အထူးဟော တတ်နိုင်သမျှ မိမိလုပ်စရာရှိတဲ့အလုပ်ကိုသာစိတ်နှစ်ထားပါ။ယတြာ စံပယ်ပန်းလေးတွေ ဘုရားမှာကပ်လှူပေးပါ။

#စနေ

ကိုယ်ပိုင်အလုပ် များအားလုံး ဒီကာလအတွင်း ကောင်းပါလိမ့်မယ်။ ရောင်းပန်းဝယ်ပန်းတွေပွင့်လိမ့်မယ်။ လုပ်ငန်းချဲ့ထွင်နိုင်ပါ လိမ့်မယ်။

အလုပ်ထဲမှာနေရာပေးခံရခြင်း၊နာမည်ကောင်းရခြင်းမျိုးလဲကြုံရမှာပါ။ ကုန်သွယ်မှု လုပ်ငန်းများ ၊ ခရီးသွား လုပ်ငန်းများ ၊

နိုင်ငံခြားနဲ့ ပတ်သက်ဆက်နွယ်သောအလုပ်များ အထူးကောင်းမဲ့ကာလပါပဲ။ ဒီကာလအတွင်း စိတ်မြန်လက်မြန်လုပ်ခြင်းကလဲ

လမိးကြောင်းမှန်ပေါ်ရောက်သွားတတ်ပါတယ်။ ငွေကံမညံ့ ပါဘူး။ အလုပ်ကောင်းနေတော့ ငွေကံလဲကောင်းနေတတ်ပါတယ်။

မွေးချင်းမောင်နှမတွေနဲ့ စကားအခြေအတင် ဖြစ်ရ တတ်ပါ တယ်။ ငွေကြေးကိစ္စနဲ့ပတ်သက်ပြီး မိသားစုနဲ့ သဘောထားကွဲလွဲရတတ်ပါတယ်။

ကျန်းမာရေးကတော့ အစာမကြေတာ ရင်ပြည့်တာမျိုးတွေလဲဖြစ်တတ်ပါတယ်။ အစာကြေဆေး ဆောင်ထားပါလို့ပြောချင်ပါ တယ်။

အချစ် ရေးကတော့ အပြင်မှာထက် onlineပေါ်ကနေ ချစ်သူတွေ့တတ်ပါတယ်။ လေလှိုင်းထဲမှာ အဆင်ပြေမဲ့ အချစ်ရေးပါပဲ။

အိမ်တွင်းရေး အိမ်ထောင်ရေးတော့အနည်းငယ်ညံ့ပါတယ်။ အိမ်ထောင်ဘက်နဲ့ စကားများရန်ဖြစ်ရ တာမျိုးကြုံရ နိုင်ပါတယ်။

တတ်နိုင်သမျှခွန်းတုန့်ပြန်ပြောမနေနဲ့။ ပြောလေပိုဆိုးလေဖြစ်လို့ပါပဲ။

ပညာရေးကံကလဲ စူးစမ်းလိုစိတ်နဲ့ သိလိုစိတ်ပြင်းထန်တဲ့ကာလဖြစ်တော့ မိမိသာအာရုံ စိုက်ထားမယ်ဆို အကောင်းဆုံးပါပဲ။

အကျိုးပေးဂဏန်း ၄/၆/၀

အထူးဟော ကံသင့်ပါတယ်။ယတြာ သံပုရာရည်ဘုရားကပ်လှူပေးပါ။

၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ(ဗေဒင်သုတေသီ) 0977 5555 695 ၊ 09 44 5555 695

Credit

Leave a Reply

Your email address will not be published.