ပသျှူးထမင်းကြော်

Food

😍ပသျှူးထမင်းကြော်😍

ပသျှူးထမင်းကြော်ဆိုတဲ့တိုင်း မွှေးလဲမွှေး
အရသာကလဲရှယ်စပ်ပြီးစားကောင်းပါတယ်။

ပသျှူးထမင်းကြော်ဖို့အတွက်
ချက်ပြီးထားထမင်း လူကြီး ၄ ယောက်စာ
ကြက်ဥမွှေကြော် ၂ လုံး

ကြက်သွန်ဖြူ/ငရုတ်သီးစိမ်း ( နုတ်နုတ်စင်း )
မုန်လာပန်း ( သေးသေးလေးနွှာထားပါ )
မုန်လာဥနီ ( သေးသေးလေးလှီးထားပါ )
ပဲပြုတ် ၂၀၀ ဖိုး
လောင်ကမ်းမားပဲပုပ်ကြော် ( ထမင်းစားဇွန်း ၂ )
ပဲငံပြာရည် ၂ ဇွန်း ( ဟင်းချက်ဇွန်း )
ဆား/ဟင်းချိုမှုန့် စသည်တို့လိုအပ်ပါတယ်။

ကဲ ပသျှူးထမင်းလေးစကြော်မယ်နော်
အရင်ဆုံး ကြက်ဥနှစ်လုံးကိုဆီပူပူမှာမွှေကြော်ပါ။
ကြက်ဥကျက်ရင် ကြက်သွန်ဖြူထည့်ကြော်ပါ။
ကြက်သွန်ဖြူကြော်ရဲလာရင် ငရုတ်သီးထည့်ပါ။
အဲ့ဒါတွေကြော်ပြီးရင်အဲ့ထဲကိုပဲ မုန်လာပန်း
မုန်လာဥနီထည့်ကြော်ပါ။

ပဲငံပြာရည်တစ်ဇွန်းပါထည့်မွှေကြော်ပါ။
ပြီးရင် ထမင်းထည့် ပဲပြုတ် ဆား ဟင်းချိုမှုန့်
ပဲငံပြာရည်တစ်ဇွန်း လောင်ကမ်းမားပဲပုပ်ကြော်
အဲ့ဒါတွေအားလုံးထည့်ပြီးကြော်ပါ။

အားလုံးနှံ့အောင်မွှေကြော်ပြီးသွားရင်တော့
ပသျှူးထမင်းကြော်စပ်မွှေးလေးရပါပြီ။
အော် မဆလာနံ့ကြိုက်ရင်ထည့်ကြော်နော်။
ကျမကတော့ ထမင်းကြော်ထဲမှာမဆလာနဲ့
အသားထည့်ကြော်တာမကြိုက်လို့မထည့်တာ။
ပသျှူးထမင်းကြော်က မဆလာထည့်ရပါတယ်။

#Nang Myat K Tar

😍ပသွှူးထမငြးကှောြ😍

ပသွှူးထမငြးကှောဆြိုတဲ့တိုငြး မှှေးလဲမှှေး






#Nang Myat K Tar

Leave a Reply

Your email address will not be published.