ချဉ်ငန်စပ်ကြာဇံပြုတ်ပြုလုပ်နည်း

Food

“ချဉ်ငန်စပ်ကြာဇံပြုတ်ပြုလုပ်နည်း” 🍜

ဒီနေ့တော့ ကြာဇံပြုတ်ကို စားနေကျအတိုင်းမစားဘဲပိုစားကောင်းတဲ့ အရသာလေးဖြစ်အောင် လုပ်စားကြည့်တာ အရမ်းစားကောင်းပြီး
လွယ်ကူလို့တင်ပေးလိုက်တယ်နော်….


“ချဉ်ငန်စပ်ကြာဇံပြုတ်ပြုလုပ်ရန်” အတွက်
ပါဝင်ပစ္စည်းများ
၁။ ဝေဝေ ကြာဇံ ၂ ထုပ်
၂။ မုန်ညင်းရွက်၂ စည်း (ပုံပါအတိုင်း)
၃။ ပဲပြား ၁ တုံး
၄။ ကြက်သွေးခဲ ၁ ခဲ
၅။ ကြက်ဥချောင်း ၁ ချောင်း (CP)
၆။ ငုံးဥ ၆ လုံး
၇။ ငရုတ်သီးစိမ်းအနည်းငယ်/သံပုရာသီး ၁ လုံး


“ချဉ်ငန်စပ်ကြာဇံပြုတ်ပြုလုပ်နည်း” အဆင့်ဆင့်
၁။ မုန်ညင်းရွက်တွေကို ရေဆေးထားပါ။ ပဲပြား/ ကြက်သွေးခဲ/ ကြက်ဥချောင်းတွေကို အတုံးလေးတွေလှီးထားပါ။ ငရုတ်သီးစိမ်းကိုပါးပါးလှီးထားပါ။ သံပုရာသီးကို အစိတ်တွေစိတ်ထားပါ။
၂။ မုန်ညင်းရွက်နဲ့ငုံးဥတွေက်ို ရေနွေးဆူဆူထဲမှာ ပြုတ်ထားပြီး ငုံးဥတွေကို အခွံခွာထားပါ။


၃။ ပဲပြား၊ ကြက်သွေးခဲ၊ ကြက်ဥချောင်း အတုံးလှီးထားတာတွေကို ရေနွေးဆူဆူထဲမှာ (၁၀မိနစ်ခန့်) ပြုတ်ပေးပါ။
၄။ ဝေဝေကြာဇံ ၂ထုပ်ကို ပြုတ်ပါ။ ပြီးရင်သူ့ထဲမှာပါတဲ့ အစာပလာ(အမှုန့်တွေ၊ ဆီတွေက်ိုထညြ့်ပီးမွှေပေးပါ)
၅။ ကြာဇံပြုတ်ထဲကို ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်းတွေရယ်၊ သံပုရာသီး ၃ စိတ်ရယ်ထည့်ပြီး မွှေပေးပါ။ ပြီးရင် ခုနကပြုတ်ထားတဲ့ မုန်ညင်းရွက်၊ ငုံးဥ၊ ပဲပြား၊ ကြက်သွေးခဲ၊ ကြက်ဥချောင်းတွေကို ထည့်ပါ။


(အပေါ့အငန်မြည်းကြည့်ပါ ၊ လိုအပ်လျှင် ဟင်းချိုမှုန့်နဲ့ ဆားအနဲငယ်ဆီထည့်ပေးပါ)
၆။ ကဲ….နောက်ဆုံးတော့ အရသာရှိလှတဲ့ “ချဉ်ငန်စပ်ကြာဇံပြုတ်လေး”ကိုသုံးဆောင်လို့ရပါပြီ။
(အရသာက ကြေးအိုးချဉ်ငန်စပ်လေးနဲ့ ခပ်ဆင်ဆင်တူပါတယ်။ ချဉ်ချဉ်စပ်စပ်လေးနဲ့ စားရတာအရမ်းကောင်းတယ်)
လွယ်ကူပြီး အရသာရှိလို့ လုပ်စားကြည့်ကြပါဦးလို့ ….


Crd.Zph

Leave a Reply

Your email address will not be published.