သွားပဲ့နေလို့ဆိုပြီး အွန်လိုင်းကနေ သွားအတုမှာယူခဲ့ရာ လှမသွားသည့်အပြင် သွားပါ…see more

Knowledge

သွားပဲ့နေလို့ဆိုပြီး အွန်လိုင်းကနေ သွားအတုမှာယူခဲ့ရာ လှမသွားသည့်အပြင် သွားပါခေါသွားရသည့် အဖြစ်

ယနေ့ခေတ်တွင် အွန်လိုင်းပေါ်ကနေ ပစ္စည်းမှာယူခြင်းသည် ရေပန်းစားလာပြီး အချို့သောသူများကျ အမှန်တကယ်

ပစ္စည်းမှန် ဈေးမှန်ရောင်းချသည့်သူများနှင့်တွေ့ရပြီး အများစုကတော့ ဂျင်းထည့်ခံရကြသည်။

ယခုအခါတွင်လည်း ဖိလစ်ပိုင်နိုင်ငံမှ အမည်မသိမိန်းကလေးတစ်ဦးသည် အွန်လိုင်းပေါ်ဈေးဝယ်ခြင်းများ ခေတ်စားနေ၍

ယုံစားမိပြီး သူမလိုအပ်နေသော သွားအတုလေးအား မှာယူခဲ့သည်။

မိန်းကလေးသည် ကြော်ငြာစာကိုကြည့်ပြီး ဈေးနှုန်းမှာလည်း ထင်ထားတာထက် ပိုတန်ကာ ပစ္စည်းကောင်းမည်အထင်နှင့်

မှာယူခဲ့ရာ ၃လအကြာမှ ပစ္စည်းက အိမ်ကိုရောက်လာတော့သည်။

မိန်းကလေးခမျာ မှာယူသော ပစ္စည်းအား သုံးလပင်စောင့်ခဲ့ရသော်လည်း စောင့်ရကျိုးမနပ်ကာ သွားအတုကို တပ်လိုက်

ချိန်တွင် စိတ်ကူးထဲက ပြီးပြည့်စုံသောအပြုံးပိုင်ရှင်ဆိုပေမယ့်
လက်တွေ့မှာတော့ သွားခေါလေးဖြစ်သွားခဲ့သည်။

မိန်းကလေးလည်း သူမဧ။် အွန်လိုင်းဈေးဝယ် အတွေ့အကြုံကို လူမှုကွန်ယက်တွင် မျှဝေခဲ့တော့သည်။

Credit

Leave a Reply

Your email address will not be published.