ငါတို့အတွက် မနက်ဖန်………

News

ငါတို့အတွက် မနက်ဖန်………

အာဆမ်ကိုယ်စားလှယ်ကို MAH ပြောတဲ့စကားကြည့်ရင် ဒီပလိုမေစီအတွက် ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်မှန်းသိသာနေတယ် ဒါဟာ ကမ္ဘာကိုလိမ်ညာဖို့သက်သက်ပြောတဲ့ စကားပဲလို့ကောက်ချက်ချလို့ရတယ်

သူ့စကားကိုပြန်သုံးသပ်ကြည့်တဲ့အခါ သူဟာအာဏာကို
လက်ဆုပ်လက်ကိုင်ကိုင်ထားသူ လက်နက်ကိုင်အဖွဲ့အစည်းကို ချုပ်ထိန်းထားနိုင်သူဖြစ်တာကြောင့် လာဆွေး
နွေးမယ်ဆိုရင် သူ့သဘောအတိုင်းသာ ဖြစ်ရမယ်ဆိုတဲ့ အောင်နိုင်သူပုံစံမျိုးပြော လာတာဖြစ်တယ်

တစ်ဖက်ကပြန်စဥ်းစားကြည့်ရင် သူ့ရဲ့တုန့်လူပ်မူ့နဲ့ ရေရှည်မှာသူဘယ်လို ရပ်တည်မလဲဆိုတာအတွက် စိုးရိမ်
တဲ့ပုံစံမျိုးဖြစ်လာပါတယ်

US နဲ့ UN အနောက်အုပ်စုကလဲ အာဆမ်ရဲ့ မူ ငါးချက်အပေါ် စကစဘာလုပ်မလဲ စောင့်ကြည့်နေရုံကလဲဲပြီး ခုထိတော့ ထိရောက်တဲ့ အရေးယူမူ့မျိုးတွေ လုပ်တာမတွေ့
ရသေးဘူး တရားဝင်မူ့ကိုတော့ အသိအမှတ်မပြု ကန့်သတ်တာတွေပဲရှိပါသေးတယ်

စကစဘက်က အချိန်ဆွဲပြီး ရွာတန်းရှည်မယ်ဆိုရင်တော့
အပြောင်းအလဲဟာ မြန်သွားပါလိမ့်မယ် ဝမ်ယိဟာ စကစ တရားဝင်မူ့ရဖို့အတွက် ​ပုဂံမှာလုပ်တဲ့ မဲခေါင်အစည်းအဝေးကို လာတက်ပေမယ့် သူအပါအဝင် ဘယ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မှ နေပြည်တော်က MAHဆီ
သွားမတွေ့ကြပါဘူး

ဝမ်ယိက အတိုက်အခံတွေနဲ့ဆွေးနွေးသင့်တယ် 2008
ခြေဥအောက်ကနေ ပြည်သူကိုအာဏာပြန်အပ်ပါဆိုတဲ့
စကားသုံးလာတာ 2023 PR Election ကို ရည်ညွှန်းတယ်

လို့ သဘောပေါက်နားလည်လို့ရတယ် MAH ကလဲ ဝမ်ယိ
နဲ့သာမတွေ့တာ ဝမ်ယိပြောတဲ့စကားနီးပါးထပ်တူပြောလာတာပါပဲ

ဆွေးနွေးရင် သူတို့ 2008 အောက်ကဆွေးနွေးပြီး သူတို့လိုသလိုဖြည့် သူတို့သာတစ်ဖက်သတ်အာဏာမြဲဖို့လုပ်ထားတဲ့ PR အတိုင်းဝင်လာခဲ့ပုံစံမျိုးပြောတာကြောင့် သူ

ပြောဆိုပုံဟာ ဆွေးနွေးမယ့်ပုံစံမဟုတ်ပဲ သူ့ဆီဒူးလာထောက်ခိုင်းတဲ့ပုံစံပါပဲ ဒါကို လမ်းကြောင်းပေးတာက ဝမ်ယိဆိုရင် မှားမယ်မထင်ပါဘူး

တလရ အင်အားစုဘက်ကလဲ အဆုံးထိသွားဖို့ ရည်မှန်းထားတာကြောင့် MAH ဘယ်လိုပဲပြောပစေ လုပ်စရာရှိတာဆက်လုပ်ဖို့ပဲ ရည်ရွယ်ထားပါတယ် အခုရက်ပိုင်းထူးခြားတာတစ်ခုက အင်ဒို G20 အစည်းအဝေးကနေ US နိုင်ဝန် ဘလင်ကန် ထိုင်းမှာရှိတဲ့ မြန်မာစစ်ရှောင်စခန်းတွေကို လာမှာပါ

မြန်မာစခတပ်ကတိုက်လေယာဥ်တွေ ထိုင်းဘက်ကဝင်ပြီး တလရအင်အားစုတွေကိုဗုံးကြဲတာ ခပ်ပေါ့ပေါ့ပြော
ခဲ့တဲ့ ထိုင်ဝန်ချုပ် ပရာပွတ်ချန်အတွက်တော့ ပျော်စရာမဟုတ်ပါဘူး

ထို့အတွက်လဲ ထိုင်းလွှတ်တော်ထဲမှာ ပရာပွတ်ချန်တို့ သွားဖြေရှင်းရအုံးမှာပါ စစ်အာဏာရှင်ဘက်က ရပ်တည်ရမယ်ဆိုတဲ့ ထိုင်းသဘောထားဟာ အမေရိကန်ဖိအားအပေါ် ဘယ်လောက်ထိ တောင့်နိုင်မလဲဆိုတာတော့ကြည့်ရပါမယ်

စကစအနေနဲ့ ဥထရစ်ထ စခန်းကိုအတည်ထားပြီး တစ်ဖက်က တလရအင်အားစုတွေရဲ့ ခက်ခဲတဲ့ဘဏ္ဍာရေးပြသနာကို ခြွေနေတယ်ဆိုပေမယ့် စစ်စရိတ်နဲ့ အသက်ဆုံးရူံးမူ့ဟာ စကစဘက်ကဖြစ်နေပြန်တယ် ဥထရစ်ထကို တလရအင်အားစုတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ တလရ ရလဒ်ကပြောင်းမှာတော့မဟုတ်ပါဘူး

ပြည်သူဟာ တလရအင်အားစုတွေနောက်မှာ ရှိနေတာမို့
အချိန်ကြာလို့ လဲပြိုမယ်ဆိုရင် စကစတပ်တွေသာ ဖြစ်ပါ
လိမ့်မယ်

မြန်မာပြည်တစ်ဝက်လောက်မှာလဲ တလရအင်အားစုတွေ
က လုံလောက်တဲ့လက်နက်မရှိသေးလို့ နယ်မြေမသိမ်းနိုင်တာကလွဲရင် မြို့ပေါ်ကွက်ကွက်လေးသာ စကစတပ်
ရှိနေတာတွေရပြန်တယ်

အခုချိန်မှာတော့ MAH မာနေနိုင်ပါသေးတယ် သူပိုအထိနာတာ စီးပွားရေး မှာပါ ဘာမှကိုလုပ်မရပဲ တိုင်းပြည်ဟာ စကစအာဏာသိမ်းလိုက်တဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ နှစ် 20 လောက်နောက်ပြန်ရောက်သွားတယ်

ရှေ့ဆက်လဲ စကစအတွက်အခြေအနေပိုဆိုးလာဖို့ပဲရှိပါတယ် သူတို့လုပ်တတ်တာ ပြည်သူတွေကိုအဓိကထားပစ်မှတ်အနေနဲ့တိုက်ခိုက်တာနဲ့ ရွာတွေမီးလိုက်ရိူ့တာပါပဲဒီပြင်လဲဘာမှ မလုပ်တတ်တော့ဘူး လေကြောင်းပစ်ကူ
သာမပါရင် စစ်မတိုက်တတ်တော့ပဲ ဖောဖောသီသီသေ
ပေးနေတဲ့ စခတပ်အတွက် မနက်ဖန်တိုင်းဟာ အလောင်း
ကောက်ဖို့ချည်းပါပဲ

ဘလင်ကန်လာပြီး စစ်ရှောင်တွေနဲ့တွေ့ မြေပြင်ဖြစ်ရပ်မှန်တွေအမှန်တစ်ကယ်သိပြီး No Fly Zone တွေသာတစ်ကယ်ဖြစ်လာခဲ့ရင် စခတပ် စစ်တိုက်ရဲပါတော့မလားဆိုတာ မေးစရာဖြစ်လာပါပြီ ထိုအခါမှာ MAH ပါးစပ်က အခုလို စကားမျိုးထပ်ပြောနိုင်အုံးမလား ဆိုတာ စောင့်ကြည့်ရအောင်ပါလို့

မုဆိုး လက်

Crd

Unicode

ငါတို့အတွက် မနက်ဖန်………

အာဆမ်ကိုယ်စားလှယ်ကို MAH ပြောတဲ့စကားကြည့်ရင် ဒီပလိုမေစီအတွက် ဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်မှန်းသိသာနေတယ် ဒါဟာ ကမ္ဘာကိုလိမ်ညာဖို့သက်သက်ပြောတဲ့ စကားပဲလို့ကောက်ချက်ချလို့ရတယ်

သူ့စကားကိုပြန်သုံးသပ်ကြည့်တဲ့အခါ သူဟာအာဏာကို
လက်ဆုပ်လက်ကိုင်ကိုင်ထားသူ လက်နက်ကိုင်အဖွဲ့အစည်းကို ချုပ်ထိန်းထားနိုင်သူဖြစ်တာကြောင့် လာဆွေး
နွေးမယ်ဆိုရင် သူ့သဘောအတိုင်းသာ ဖြစ်ရမယ်ဆိုတဲ့ အောင်နိုင်သူပုံစံမျိုးပြော လာတာဖြစ်တယ်

တစ်ဖက်ကပြန်စဥ်းစားကြည့်ရင် သူ့ရဲ့တုန့်လူပ်မူ့နဲ့ ရေရှည်မှာသူဘယ်လို ရပ်တည်မလဲဆိုတာအတွက် စိုးရိမ်
တဲ့ပုံစံမျိုးဖြစ်လာပါတယ်

US နဲ့ UN အနောက်အုပ်စုကလဲ အာဆမ်ရဲ့ မူ ငါးချက်အပေါ် စကစဘာလုပ်မလဲ စောင့်ကြည့်နေရုံကလဲဲပြီး ခုထိတော့ ထိရောက်တဲ့ အရေးယူမူ့မျိုးတွေ လုပ်တာမတွေ့ရသေးဘူး တရားဝင်မူ့ကိုတော့ အသိအမှတ်မပြု ကန့်သတ်တာတွေပဲရှိပါသေးတယ်

စကစဘက်က အချိန်ဆွဲပြီး ရွာတန်းရှည်မယ်ဆိုရင်တော့
အပြောင်းအလဲဟာ မြန်သွားပါလိမ့်မယ် ဝမ်ယိဟာ စကစ တရားဝင်မူ့ရဖို့အတွက် ​ပုဂံမှာလုပ်တဲ့ မဲခေါင်အစည်းအဝေးကို လာတက်ပေမယ့် သူအပါအဝင် ဘယ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီး မှ နေပြည်တော်က MAHဆီသွားမတွေ့ကြပါဘူး

ဝမ်ယိက အတိုက်အခံတွေနဲ့ဆွေးနွေးသင့်တယ် 2008ခြေဥအောက်ကနေ ပြည်သူကိုအာဏာပြန်အပ်ပါဆိုတဲ့စကားသုံးလာတာ 2023 PR Election ကို ရည်ညွှန်းတယ်လို့ သဘောပေါက်နားလည်လို့ရတယ် MAH ကလဲ ဝမ်ယိနဲ့သာမတွေ့တာ ဝမ်ယိပြောတဲ့စကားနီးပါးထပ်တူပြောလာတာပါပဲ

ဆွေးနွေးရင် သူတို့ 2008 အောက်ကဆွေးနွေးပြီး သူတို့လိုသလိုဖြည့် သူတို့သာတစ်ဖက်သတ်အာဏာမြဲဖို့လုပ်ထားတဲ့ PR အတိုင်းဝင်လာခဲ့ပုံစံမျိုးပြောတာကြောင့် သူပြောဆိုပုံဟာ ဆွေးနွေးမယ့်ပုံစံမဟုတ်ပဲ သူ့ဆီဒူးလာထောက်ခိုင်းတဲ့ပုံစံပါပဲ ဒါကို လမ်းကြောင်းပေးတာက ဝမ်ယိဆိုရင် မှားမယ်မထင်ပါဘူး

တလရ အင်အားစုဘက်ကလဲ အဆုံးထိသွားဖို့ ရည်မှန်းထားတာကြောင့် MAH ဘယ်လိုပဲပြောပစေ လုပ်စရာရှိတာဆက်လုပ်ဖို့ပဲ ရည်ရွယ်ထားပါတယ်

အခုရက်ပိုင်းထူးခြားတာတစ်ခုက အင်ဒို G20 အစည်းအဝေးကနေ US နိုင်ဝန် ဘလင်ကန် ထိုင်းမှာရှိတဲ့ မြန်မာစစ်ရှောင်စခန်းတွေကို လာမှာပါ

မြန်မာစခတပ်ကတိုက်လေယာဥ်တွေ ထိုင်းဘက်ကဝင်ပြီး တလရအင်အားစုတွေကိုဗုံးကြဲတာ ခပ်ပေါ့ပေါ့ပြော
ခဲ့တဲ့ ထိုင်ဝန်ချုပ် ပရာပွတ်ချန်အတွက်တော့ ပျော်စရာမဟုတ်ပါဘူး

ထို့အတွက်လဲ ထိုင်းလွှတ်တော်ထဲမှာ ပရာပွတ်ချန်တို့ သွားဖြေရှင်းရအုံးမှာပါ စစ်အာဏာရှင်ဘက်က ရပ်တည်ရမယ်ဆိုတဲ့ ထိုင်းသဘောထားဟာ အမေရိကန်ဖိအားအပေါ် ဘယ်လောက်ထိ တောင့်နိုင်မလဲဆိုတာတော့ကြည့်ရပါမယ်

စကစအနေနဲ့ ဥထရစ်ထ စခန်းကိုအတည်ထားပြီး တစ်ဖက်က တလရအင်အားစုတွေရဲ့ ခက်ခဲတဲ့ဘဏ္ဍာရေးပြသနာကို ခြွေနေတယ်ဆိုပေမယ့် စစ်စရိတ်နဲ့အသက်ဆုံးရူံးမူ့ဟာ စကစဘက်ကဖြစ်နေပြန်တယ် ဥထရစ်ထကို တလရအင်အားစုတွေရသည်ဖြစ်စေ မရသည်ဖြစ်စေ တလရ ရလဒ်ကပြောင်းမှာတော့မဟုတ်ပါဘူး

ပြည်သူဟာ တလရအင်အားစုတွေနောက်မှာ ရှိနေတာမို့
အချိန်ကြာလို့ လဲပြိုမယ်ဆိုရင် စကစတပ်တွေသာ ဖြစ်ပါ
လိမ့်မယ်

မြန်မာပြည်တစ်ဝက်လောက်မှာလဲ တလရအင်အားစုတွေ
က လုံလောက်တဲ့လက်နက်မရှိသေးလို့ နယ်မြေမသိမ်းနိုင်တာကလွဲရင် မြို့ပေါ်ကွက်ကွက်လေးသာ စကစတပ်
ရှိနေတာတွေရပြန်တယ်

အခုချိန်မှာတော့ MAH မာနေနိုင်ပါသေးတယ် သူပိုအထိနာတာ စီးပွားရေး မှာပါ ဘာမှကိုလုပ်မရပဲ တိုင်းပြည်ဟာ စကစအာဏာသိမ်းလိုက်တဲ့ တစ်နှစ်ခွဲကာလအတွင်းမှာ နှစ် 20 လောက်နောက်ပြန်ရောက်သွားတယ်

ရှေ့ဆက်လဲ စကစအတွက်အခြေအနေပိုဆိုးလာဖို့ပဲရှိပါတယ် သူတို့လုပ်တတ်တာ ပြည်သူတွေကိုအဓိကထားပစ်မှတ်အနေနဲ့တိုက်ခိုက်တာနဲ့ ရွာတွေမီးလိုက်ရိူ့တာပါပဲဒီပြင်လဲဘာမှ မလုပ်တတ်တော့ဘူး လေကြောင်းပစ်ကူသာမပါရင် စစ်မတိုက်တတ်တော့ပဲ ဖောဖောသီသီသေ
ပေးနေတဲ့ စခတပ်အတွက် မနက်ဖန်တိုင်းဟာ အလောင်းကောက်ဖို့ချည်းပါပဲ

ဘလင်ကန်လာပြီး စစ်ရှောင်တွေနဲ့တွေ့ မြေပြင်ဖြစ်ရပ်မှန်တွေအမှန်တစ်ကယ်သိပြီး No Fly Zone တွေသာတစ်ကယ်ဖြစ်လာခဲ့ရင် စခတပ် စစ်တိုက်ရဲပါတော့မလားဆိုတာ မေးစရာဖြစ်လာပါပြီ ထိုအခါမှာ MAH ပါးစပ်ကအခုလို စကားမျိုးထပ်ပြောနိုင်အုံးမလား ဆိုတာ

စောင့်ကြည့်ရအောင်ပါလို့

မုဆိုး လက်

Crd

Leave a Reply

Your email address will not be published.