ကိုနိုင်လင်းကိုထားခဲ့ပြီး မမဦး နောက်တစ်ယောက်ရှာတွေ့သွားခဲ့ပြီဆိုတဲ့အကြောင်း စုံတွဲပုံလေးနဲ့တကွပြောပြလာတဲ့ ဆုထက်လှိုင်

Cele News

ပရိတ်သတ်ကြီးရေ……အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲကနေစပြီး အနုပညာလောကထဲကိုဝင်ရောက်လာခဲ့သူတစ်ယောက်ဖြစ်တဲ့

ဆုထက်လှိုင်ကတော့ စာရေးဆရာကြီးနွမ်ဂျာသိုင်း ရဲ့အောင်မြင်ခဲ့သောဝတ္ထုကို ပြန်လည်အသက်သွင်းရိုက်ကူးထားသောဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ်ဆိုတဲ့

ဇာတ်လမ်းတွဲလေးကတော့ ထုတ်လွှင့်ပြသနေပြီး ပရိသတ်တွေရဲ့အားပေးမှုကိုရရှိနေတာလည်းဖြစ်ပါတယ်။

လတ်တလောပရိသတ်တွေကြားမှာအကြိုက်တွေ့နေတဲ့ ကျော်ထင်ဇော်နဲ့ ဆုထက်လှိုင်တို့ရဲ့ မနဲ့မောင်ရဲ့ ရိုမန်တစ်ဆန်မှုလေးတွေကြောင့်အားပေးမှုတွေမြင့်တတ်နေတာလည်းဖြစ်ပါတယ်။

ယဉ်ကျေးပြီးနူးညံ့တယ်၊အရမ်းမိန်းမဆန်တဲ့ တင်မေဦးအဖြစ် သရုပ်ဆောင်အဆိုတော်ဆုထက်လှိုင်က သရုပ်ဆောင်ထားပြီး

ကျော်ထက်အောင်နဲ့ အတွဲညီညီနဲ့ လိုက်ဖက်မှုတွေကြောင့် ပရိသတ်တွေကြားမှာနာမည်ကြီးလာတာလည်းဖြစ်ပါတယ်။

ဒီတစ်ခါမှာဆိုရင်တော့ ဆုထက်လှိုင်က ပရိတ်သတ်တွေအံ့သြသွားစေလောက်တဲ့ Pre Wedding ဓာတ်ပုံလေးတွေကို ချပြလာခဲ့ပါတယ်။

ထိုင်မသိမ်းဝတ်စုံလေးနဲ့ ကျက်သရေရှိရှိလှပနေတဲ့ ဆုထက်လှိုင်က သရုပ်ဆောင် ရဲရင့်မောင်မောင်နဲ့အတူတူ KMA Wedding Photo Studio အတွက် ဓာတ်ပုံလေး ရိုက်ကူးပေးခဲ့တဲ့ပုံရိပ်လေးတွေကို ပြသလာရင်း ဆုထက်လှိုင်ကတော့

“မမဦးလေးတယောက် နောက်တယောက်တွေ့သွားရှာပြီ ?” ဆိုတဲ့စာသားလေးနဲ့အတူ Pre Wedding ဓာတ်ပုံလေးတွေ ရိုက်ကူးခဲ့တဲ့ပုံရိပ်လေးတွေကိုပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။။

Source: KMA Wedding Photo Studio’s fb
Credit ; Celebtity Platforms

Leave a Reply

Your email address will not be published.