ခရမ်းချဉ်သီးပန်ထွေဖျော်နည်း မေးထားသူအတွက်

Food

ခရမ်းချဉ်သီးပန်ထွေဖျော် မေးထားသူအတွက်

ပန်ထွေဖျော်လုပ်ဖို့လိုတာလေးတွေက
#ကိုင်းခရမ်းချဉ်သီး
#ငရုတ်သီးစိမ်း
#မျှင်ငပိ
#ကြက်သွန်ဖြူ
#ကြက်သွန်နီ
#ဆား
#အရသာမှုန့်
#ငံပြာရည်
#နံနံပင်

လုပ်နည်းလေးတွေတော့ အနည်းငယ်ကွဲပြားနိုင်ပေမယ့်
ကျွန်မအမေရဲ့ အညာလုပ်နည်းအတိုင်းမျှဝေလိုက်ပါ
တယ်😊

ကိုင်းခရမ်းချဉ်သီးနဲ့ငရုတ်သီးကို ရေဆေးပြီး အိုးတလုံး
ထဲကို ရေ၊ခရမ်းချဉ်သီး၊ငရုတ်သီး၊ကြက်သွန်ဖြူ၊ဆား
အရသာမှုန့်၊ငံပြာရည်၊မျှင်ငပိထည့်ပြီး ပြုတ်ပါ။

ရေကိုအများကြီးထည့်ဖို့ မလိုပါ။သောက်ရေခွက်တခွက်စာ
လောက်ဆိုရပါပြီ။ခရမ်းချည်သီးနူးရင်တော့ အအေးခံထားပါ။အိုးထဲမှာ ပြုတ်ထားတဲ့အရည်ကျန်ရပါမယ်။

အေးသွားရင် ခရမ်းချဉ်သီးကို အခွံခွာပါ။ခွာပြီးရင်
စဉ့်တီတုံးသန့်သန့်အပေါ်မှာ ခရမ်းချဉ်သီးတွေကို စင်းပါ
ငရုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို ထောင်းပါ။

ထောင်းထားတဲ့အထဲကို ခရမ်းချည်သီးထည့်ထောင်းပါ။ပြုတ်ထားတဲ့အရည်တွေကိုထည့်ပါ။နံနံပင်ညှပ်ထည့်ပါ။ကြက်သွန်နီပါးပါးလှီးထည့်ပါ။အရသာမြည်းပါ။လိုရင် ငံပြာရည်လေးထပ်
ထည့်ပါ။

ဒါဆို ထမင်းမြိန်တဲ့ ခရမ်းချဉ်သီးပန်ထွေဖျော်လေးရပါပြီ
Credit Moe Moe Htun

Leave a Reply

Your email address will not be published.