ခြင်ဆေးခွေ သွားဝယ်ရာ ခြင်ဆေးခွေ ရှိလာဟု အော်မေးစဉ် စကားများကြပြီး ဆိုင်ပိုင်ရှင်မှ… See more

Local News

Zawgyi

ျခင္ေဆးေခြ သြားဝယ္ရာ ျခင္ေဆးေခြ ရွိလာဟု ေအာ္ေမးစဥ္ စကားမ်ားၾကျပီး ဆိုင္ပိုင္ရွင္မွ… See more

ျခင္ေဆးေခြ ဝယ္ယူရာမွ စကားမ်ားရန္ျဖစ္ၿပီး လူသတ္မွု အထိျဖစ္သြားခဲ့ ျဖစ္စဥ္ ေတာင္ငူခရိုင္ ထန္းတပင္ ၿမိဳ့နယ္တြင္ ယမန္ေန႔ ညပိုင္းက ျဖစ္သြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႕ထံမွ သိရသည္ ။ေတာင္ငူခရိုင္ ၊ ထန္းတပင္ၿမိဳ့နယ္ ၊ အုန္းပင္ေက်းရြာအုပ္စု ၊ မိုးမခေက်းရြာတြင္

ယမန္ ည ပိုင္းက လူသတ္မွု ျဖစ္သြားခဲ့ေၾကာင္း သတင္းအရ တာဝန္ရွိသူမ်ားသည္ သြားေရာက္ခဲ့စစ္ေဆးခဲ့ၾကေၾကာင္းသိရသည္။စစ္ေဆးခ်က္အရ မိုးမခေက်းရြာေန သိန္းေဌး ဆိုသူသည္ ၄င္း၏ ဇနီးမယား ႏွင့္ ေနအိမ္တြင္ စကားမ်ားေနစဥ္

တစ္ရြာတည္းေန ေက်ာ္လင္းဦး ဆိုသူေရာက္ရွိလာၿပီး လမ္းေပၚမွ ျခင္ေဆးေခြ ရွိလာဟု ေအာ္ေမးစဥ္ ရွိတယ္လာယူဟု ျပန္လည္ေျဖၾကားရာ ေက်ာ္လင္းဦးမွ လာမယူနိုင္ဘူးဟု ျပန္လည္ေျပာဆိုၿပီး

ေနာက္ ႏွစ္ဦးသား စကားမ်ားရန္ျဖစ္ၾကၿပီး သိန္းေဌးမွ အနီးနားရွိ ၾကက္သြန္လွီးဓားျဖင့္ ထိုး ခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္ ။ထိုသို့ထိုးခဲ့ရာ ေက်ာ္လင္းဦး ( ၂၅ )ႏွစ္၏

ဘယ္ဘက္ ရင္အုံသို့ ဓားျဖင့္ ထိုးသြင္းခဲ့မိၿပီး ေသဆုံးသြားခဲ့သျဖင့္ သိန္းေဌး( ၄၃ )ႏွစ္အား ထန္းတပင္ၿမိဳ့မ ရဲစခန္းတြင္ အမွုေရးဖြင့္ ေဆာင္ရြက္ထားေၾကာင္းသိရသည္ ။

N.L.A / TGO

Unicode

ခြင်ဆေးခွေ သွားဝယ်ရာ ခြင်ဆေးခွေ ရှိလာဟု အော်မေးစဉ် စကားများကြပြီး ဆိုင်ပိုင်ရှင်မှ… See more

ခြင်ဆေးခွေ ဝယ်ယူရာမှ စကားများရန်ဖြစ်ပြီး လူသတ်မှု အထိဖြစ်သွားခဲ့ ဖြစ်စဉ် တောင်ငူခရိုင် ထန်းတပင် မြို့နယ်တွင် ယမန်နေ့ ညပိုင်းက ဖြစ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည် ။တောင်ငူခရိုင် ၊ ထန်းတပင်မြို့နယ် ၊ အုန်းပင်ကျေးရွာအုပ်စု ၊ မိုးမခကျေးရွာတွင်

ယမန် ည ပိုင်းက လူသတ်မှု ဖြစ်သွားခဲ့ကြောင်း သတင်းအရ တာဝန်ရှိသူများသည် သွားရောက်ခဲ့စစ်ဆေးခဲ့ကြကြောင်းသိရသည်။စစ်ဆေးချက်အရ မိုးမခကျေးရွာနေ သိန်းဌေး ဆိုသူသည် ၎င်း၏ ဇနီးမယား နှင့် နေအိမ်တွင် စကားများနေစဉ်

တစ်ရွာတည်းနေ ကျော်လင်းဦး ဆိုသူရောက်ရှိလာပြီး လမ်းပေါ်မှ ခြင်ဆေးခွေ ရှိလာဟု အော်မေးစဉ် ရှိတယ်လာယူဟု ပြန်လည်ဖြေကြားရာ ကျော်လင်းဦးမှ လာမယူနိုင်ဘူးဟု ပြန်လည်ပြောဆိုပြီး

နောက် နှစ်ဦးသား စကားများရန်ဖြစ်ကြပြီး သိန်းဌေးမှ အနီးနားရှိ ကြက်သွန်လှီးဓားဖြင့် ထိုး ခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည် ။ထိုသို့ထိုးခဲ့ရာ ကျော်လင်းဦး ( ၂၅ )နှစ်၏

ဘယ်ဘက် ရင်အုံသို့ ဓားဖြင့် ထိုးသွင်းခဲ့မိပြီး သေဆုံးသွားခဲ့သဖြင့် သိန်းဌေး( ၄၃ )နှစ်အား ထန်းတပင်မြို့မ ရဲစခန်းတွင် အမှုရေးဖွင့် ဆောင်ရွက်ထားကြောင်းသိရသည် ။

N.L.A / TGO

Crd

Leave a Reply

Your email address will not be published.