ကြက်သားလုံးကြော်နည်း (၂)နည်း

Food

CP ကြက်ကို အနံ့မကြိုက်လို့ ချက်မစားချင်ဘူးဆိုတဲ့သူတွေအတွက်

#ကြက်သားလုံးကြော်နည်း (၂)နည်း

နည်း (၁)
#ပါဝင်ပစ္စည်းများ
ကြက်ရင်ပုံသား
ဂျင်း
ကြက်သွန်ဖြူ
ငရုတ်ကောင်းမှုန့်
ဆား
ငံပြာရည်
ပဲငံပြာရည်
ကော်မှုန့်
ဆီ
#ချက်ပြုတ်ပုံ

ကြက်သားများကို ကြိတ်စက်ဖြင့်ကြိတ်ပါ (ကြိတ်စက်မရှိပါက စင်းတီတုံးပေါ်တွင် နုတ်နုတ်စင်းပါ)
ရရှိလာသောကြက်သားများကို ဆား၊ ငံပြာရည်၊ ပဲငံပြာရည်၊ ကော်မှုန့်၊ ငရုတ်ကောင်းမှုန့်များထည့်ပါ
ထောင်းထားသောဂျင်းနှင့် ကြက်သွန်ဖြူကို အရည်ညှစ်ထည့်ပါ(သပ်သပ်စီထောင်းရန်၊ ရောမထောင်းရ)
အားလုံးကို ရောမွှေပါ

ကြော်မည့်အိုးထဲသို့ ဆီထည့်ပါ
ကြက်သားများကို နှစ်သက်သလို လုံး၍ မီးအေးအေးဖြင့်ကြော်ပါ
မီးအေးမှသာ အတွင်းအပြင် အကျက်ညီမည်ဖြစ်ပါသည်
ရွှေညိုရောင်သန်းလာပါက ဆယ်ယူ၍ ထမင်းသုတ်/ထမင်းပူပူလေးနှင့် သုံးဆောင်နိုင်ပြီ ဖြစ်ပါသည်

ကြက်သားလုံးကြော်များကို ဆီစိမ်ထားပါက ၂/၃ ရက်ထားသော်လည်း အပေါ်ယံမာခြင်းမရှိဘဲ မူလအတိုင်း စားသုံးနိုင်မည် ဖြစ်ပါသည်

ငံပြာရည်သည် အသားအချိုကိုလေးစေပြီး ငရုတ်ကောင်းသည် အသားအညှီနံ့ကို ပျောက်ကင်းစေသောကြောင့် အနံ့အရသာနှင့် ပြည့်စုံရုံသာမက ပဲငံပြာရည်၏ စွဲမက်စရာအရောင်ဟာလည်း ဆာလောင်မှုကို တိုးစေပါသည်

ကြိတ်/နုတ်နုတ်စင်းထား‌သောကြောင့် အသက်အရွယ်ကြီးသော လူကြီးများသာမက ကလေးငယ်များအတွက်ပါ ဝါးရလွယ်ပြီး အစာကြေညက်စေပါသည်
တစ်ခါကြော်ပြီး ဆီစိမ်ထားလိုက်သည်နှင့် နောက်ရက်များမှာပါ အသင့်စားသုံးနိုင်သော ကြက်သားလုံးကြော်ကို ကြော်စားကြပါစို့

#Credit Healthy_food_center

CP ကှကကြို အနံ့မကှိုကလြို့ ခကွမြစားခငွဘြူးဆိုတဲ့သူတှအတှေကြ

#ကှကသြားလုံးကှောနြညြး (၂)နညြး








crd

#Credit Healthy_food_center

Leave a Reply

Your email address will not be published.