ကြောင်လျှာသီးကြော်နည်း

Food

မထူးဆန်းပေမယ့် နည်းလေးတော့ မျှပါရစေ
~~~~~~~~~~~~~~~~~~~~~~~~


ကြောင်လျှာသီးကြော်
အရင်ဆုံးကြောင်လျှာသီးကို မီးအုံးပါ……
တအားမကျက်စေရပါ…အနည်းငယ် စိမ်းရုံသာ ပြပါ…
ပါးပါးလှီး ဆားနယ်ထားပါ…

ကြက်သွန်နီ ပါးပါးလှီးထား…ငြုပ်ပွ မညက်တညက်ထေါင်း…
ပုဇွန်ခြောက်ရောထောင်း… မြေပဲဆန်လေးပါ ထည့်ထေါင်းပါ…

စိမ်းစားငါးပိ ရေပျစ်ပျစ်ဖျော်ထားပါ…
အသီးများကို အရေညှစ်ပါ…အခါးကြိုက်ရင် တခါ…မကြိုက်ရင် ၂ခါ ၃ခါ ညှစ်ထုတ်ပါ…ရေဆေးပြီး ရေကုန်အောင်ညှစ်ထားပါ
ဆီအိုးတည်…ကြောင်လျှာကြော်ရင် ဆီသုံးရပါတယ်…ဆီနည်းရင် စားမကောင်းပါ…

ကြက်သွန်ဆီသတ်…အစိမ်းနံ့ပျောက်ရင် ပုစွန်ငြုပ်ထေါင်းထည့်
မီးမပြင်းစေပါနဲ့… စိတ်ရှည်ခြင်းဟာ ဟင်းကောင်းတခွက်အတွက် အရေးကြီးဆုံးပါ……

အနံ့မွှေးလာရင် အသီးထည့်ပါ ငါးပိဖျော်ထည့်ပါ……
အရသာအတွက် ဆား ဟင်းခတ်မှုန့် ထည့်ပါ…
သတိပြုရန်မှာ…ငံပြာရည် မထည့်ပါနဲ့……
ကြောင်လျှာ ကြက်ဟင်းခါး စတဲ့ အခါးဓါတ်ပါတဲ့အသီးအပွင့်တွေချက်ရင် ငံပြာရည်ကြောင့် ပိုခါးတတ်ပါတယ်…………
နူးရန်အတွက် ရေအနည်းငယ်ထည့်ပါ…

အဖုံးအုပ်ထား…ဆီပြန် လို့ အရသာလည်း စိတ်ကြိုက်ဖြစ်ရင်……အရသာရှိရှိ ဟင်းတခွက် ရပါပြီ……

ခံတွင်းမြိန်စေမှာ အသေအချာပါ……………………………

Credit Shwe Kwett

~~~~~~~~~~~~~~~~~~~~~~~~






Credit Shwe Kwett

Leave a Reply

Your email address will not be published.