ခေါက်မုန့်လုပ်နည်း

Food

#ခေါက်မုန့်လုပ်နည်း

မေးထားသူအတွက်ရှာတင်ပေးလိုက်ပြီနော်😍
မုန့်နှစ်ရည်ပါဝင်ပစ္စည်းများ(၈လက်မ အချင်းမုန့်ချပ်၁၀ ချပ်စာ)
ဆန်မှုန့်- ၅၀ ဂရမ်
plain flour-100g (ရိုးရိုးဂျုံ)
Caster sugar(or) sugar -၁၀၀ ဂရမ်
အုန်းနို့ ၅၀ ဂရမ်
ဆိုဒါ ၁ဇွန်း (အချိုဇွန်း)
တဆေး ၁/၂ အချိုစားဇွန်း
ထောပတ် အနဲငယ်( စားပွဲ၂ဇွန်းစာ)
ဆား အနဲငယ်
ရေ ၂၅၀ မီလီလီတာ

အထက်ပါများကိုအကုန်ရောပြီး နှံ့အောင်မွှေပေးပါ။ ရလာတဲ့မုန့်နှစ်ရည်ကို ရေစိုအဝတ်ပါးနဲ့ အုပ်ပြီးအနဲဆုံး ၁နာရီ ထားပါ။ ၁ညသိပ်ထားနိုင်ရင် ပိုကောင်းပါတယ်။

မုန့်နှစ်ရပြီဆိုရင် ဒါလေးတွေ ထပ်လိုပါမယ်။
-ထောပတ် အနဲငယ်( စားပွဲ၂ဇွန်းစာ)
-အုန်းသီးဖတ်အမျှင်လေးများ
-ထန်းညက်ရည်

ဒယ်အပြန့်ကိုအပူပေး ၊ ထောပတ်အနဲငယ်သုတ်ပါ။ မုန့်သားကို ဒယ်ပေါ်ဖြန့်ခင်းပေးပါ။ တတ်နိုင်သလောက် အဝိုင်းပုံ ခပ်ပါးပါး လုပ်ပေးပါ။ ရွှေညိုရောင်သန်းသည်အထိအပူပေးထားပါ။

ပြီးရင် ထန်းညက်ကို ဇွန်းလေးဖြင့် လိုက်ဖြန့်ပေးပြီး အုန်းသီးဖတ်တင်ပေးပါ။ စက္ကန့် ၃၀ ခန့်အကြာ အနားသားတဖတ်ကိုယူပြီး ရပ်တောင်ပုံခေါက်ပေးလိုက်ပါ။

ဒယ်ပေါ်ကဖယ်လိုက်ပါ။ ခဏအကြာ မှာ ခေါက်မုန့်ကျွတ်ကျွတ်လေးဖြစ်ပြီး စားလို့အလွန်ကောင်းနေပါလိမ့်မယ်နော်။

Credit

Leave a Reply

Your email address will not be published.