Zawgyi




Unicode
ရန်ကုန် – မန္တလေးအမြန်လမ်းမှာ ကားဆရာအိပ်ငိုက်သွား၍ ချောက်တွင်းထိုးကျပြီး ကားပေါ်ပါသူများ… See more




ယနေ့နံနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ် တံတားဘေး ချောက်တွင်း ထိုးကျပြီး ၁ ဦးသေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။
ယနေ့ နံနက် ၀၆ ၂၀ အချိန်ခန့်က ရန်ကုန် – မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၄၅/၂)မိုင်အနီးတွင် ခရီးသည်တင်ယာဉ်(၁)စီး တံတားဘေးချောက်အတွင်းသို့
ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်ပေါ်ပါ ကျား(၇)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၁)ဦးအနက် ကျား(၂)ဦးနှင့် မ(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး၊ ကျား(၁)ဦး(သေဆုံး)တယ်လို့ သိရပါတယ်။
အဆိုပါ ယာဉ်မတော်တဆမှုကို ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်း၊ ဘောနီအမြန်လမ်းမီးသတ်စခန်း၊ ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဘုရားကြီးအရန်မီးသတ်စခန်းတို့မှ




အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပြီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)သူများနဲ့
ကျား(၁)ဦး(သေဆုံး)တို့အား အမြန်လမ်းမကြီးအရေးပေါ်လူနာတင်ယာဉ်နှင့် ဘုရားကြီးအရန်လူနာတင်ယာဉ်တို့ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရပါတယ်။
Crd