လမ်းစရိတ်မတတ်နိုင်၍ မွေးရပ်မြေသို့ ၁၆ရက်ကြာ လမ်းလျှောက်ပြန်ခဲ့သော သနားစရာ အမျိုးသား




ကမ္ဘာတစ်ဝှမ်းရှိ လူသားအားလုံးသည် ကပ်ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲများကြုံတွေ့ရကာ ဒုက္ခရောက်ကြရသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Dak Nong ပြည်နယ်တွင် နေထိုင်သော Tran Van Khanh အမည်ရှိသော အသက် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် အိမ်ကနေ စွန့်ခွာပြီး Dak Lakမြို့ရှိ ဉယျာဥ်တစ်ခုတွင် သန့်ရှင်းရေးသမားလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
အမျိုးသားသည် အလုပ်လုပ်နေရင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၂လလောက်အလုပ်နားခဲ့ရကာဝင်ငွေပြတ်သွားခဲ့ရသည်။




ထို့ကြောင့် အမျိုးသားလည်း အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့ရာ ကားငှားဖို့ရာငွေကြေး မတတ်နိုင်ခဲ့၍ ၂၂၂ကီလိုမီတာ ကွာဝေးသော ခရီးကို တွေ့ရာအိပ် ကြုံရာစားဘဝနှင့် လမ်းလျှောက်ပြီး ပြန်ခဲ့ရာ ၁၆ရက်အကြာတွင် ၁၈၀ကီလိုမီတာသို့ ရောက်ရှိခဲ့သည်။
အမျိုးသားသည် ကံကောင်းချင်၍ ပရဟိတအဖွဲ့နှင့် တွေ့ရှိခဲ့ပြီး ဗီယက်နမ်ငွေ ၇သန်းအား လှူဒါန်းခဲ့၍ ဝမ်းသာလွန်းလို့မျက်ရည်များပင် ကျခဲ့ရပြီး ကျေးဇူးတင်စကားများ ဆိုခဲ့သည်။
Zawgyi
လမ်းစရိတ်မတတ်နိုင်၍ မွေးရပ်မြေသို့ ၁၆ရက်ကြာ လမ်းလျှောက်ပြန်ခဲ့သော သနားစရာ အမျိုးသား




ကမ္ဘာတစ်ဝှမ်းရှိ လူသားအားလုံးသည် ကပ်ရောဂါကြောင့် စားဝတ်နေရေး အခက်အခဲများကြုံတွေ့ရကာ ဒုက္ခရောက်ကြရသည်။
ယခုအခါတွင်လည်း ဗီယက်နမ်နိုင်ငံ Dak Nong ပြည်နယ်တွင် နေထိုင်သော Tran Van Khanh အမည်ရှိသော အသက် ၃၄နှစ်အရွယ် အမျိုးသားတစ်ဦးသည် မိသားစုစားဝတ်နေရေးအတွက် အိမ်ကနေ စွန့်ခွာပြီး Dak Lakမြို့ရှိ ဉယျာဉ်တစ်ခုတွင် သန့်ရှင်းရေးသမားလုပ်သားအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
အမျိုးသားသည် အလုပ်လုပ်နေရင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ၂လလောက် အလုပ်နားခဲ့ရကာ ဝင်ငွေပြတ်သွားခဲ့ရသည်။




ထို့ကြောင့် အမျိုးသားလည်း အိမ်ပြန်ရန် ဆုံးဖြတ်ခဲ့ရာ ကားငှားဖို့ရာငွေကြေးမတတ်နိုင်ခဲ့၍ ၂၂၂ကီလိုမီတာကွာဝေးသော ခရီးကို တွေ့ရာအိပ်ကြုံရာစားဘဝနှင့် လမ်းလျှောက်ပြီး ပြန်ခဲ့ရာ ၁၆ရက်အကြာတွင် ၁၈၀ကီလိုမီတာသို့ ရောက်ရှိခဲ့သည်။
အမျိုးသားသည် ကံကောင်းချင်၍ ပရဟိတအဖွဲ့နှင့် တွေ့ရှိခဲ့ပြီး ဗီယက်နမ်ငွေ ၇သန်းအား လှူဒါန်းခဲ့၍ ဝမ်းသာလွန်းလို့ မျက်ရည်များပင် ကျခဲ့ရပြီး ကျေးဇူးတင်စကားများ ဆိုခဲ့သည်။
crd