ဆေးဘက်ဝင်#သင်္ဘောဖူး သုတ်နည်း ?
အရမ်းကောင်းလို့ သုတ်စားကြည့်နော်?




ပြုလုပ်နည်း??
မြေပဲဆံစိမ်းလှော်ပီး ထောင်းထားပါ။
ကြက်သွန်နီဥ လိုသလို လှီးထားပါ။
ပုဇွန်ခြောက်အကောင်လေးတွေရေစိမ်ပြီး ထောင်းထားပါ။




သံပုရာသီး တစ်လုံး
ကြက်သွန်ဖြူ တပြားရိုက်ပီး ဆီချက်ချက်ရန်။




(ဆီချက် ချက်နည်း)
ချက်မဲ့အိုးကို ရေခြောက်အောင် လုပ်ပီး ဆီထည့်ပါ။
ဆီပူလျှင် ဆနွင်မှုန့် အနည်းငယ်ထည့်ပါ။
ကြက်သွန်ဖြူ ထည့်ပါ။
ကြက်သွန်ဖြူလေးတွေ ရဲရဲလေးဖြစ်ရင် ရပါပီ ။




သင်္ဘောဖူးနှင့်
အရွက်နုလေးတွေပါရောပြုတ်လိုက်ပါမယ်။
သင်္ဘောဖူးပြုတ်တဲ့ခါ
မခါးအောင်လို့ မာလကာရွက်ဆယ်ရွက်လောက်
ထည့်ပြုတ်ပါ။
ပထမရေပွက်ပြီးရင် အဲ့ရေသွန်ပစ်ပါ။
ရေထပ်ထည့်ပြီးနူးအိအောင်ထပ်ပြုတ်ပါ။




နူးပြီဆို ရေစင်အောင်ညစ်ပြီး
လက်နဲ့ဖြစ်လိုက်တာနဲ့ ကြေသွားပြီး
လိုသလိုလေးသုပ်စားလို့ရပါပီ။




ဆေးဖက်ဝင်ပြီး သိပ်ကိုစားကောင်းပါတယ်။?
Credit.bbk