အုန်းနိူ့ငှက်ပျောပေါင်း

Food

#အုန်းနိူ့ငှက်ပျောပေါင်း

ရခိုင်ငှက်ပျောသီး………….၇လုံး
သကြား……………………..၁၀ကျပ်သား
အုန်းနိူ့……………………….၃ခွက်
ဆွမ်းမွှေးရွက်……………….၂ရွက်
သစ်ကြပိုးခေါက်…………….၁ခု
ဆား……………

…………..အနည်းငယ်
ဒီငှက်ပျောပေါင်းလုပ်စားဖို့အတွက်ရခိုင်ငှက်
ပျောသီးမှည့်စကိုရွေးချယ်ဝယ်ယူရပါမယ်။
စိမ်းလွန်းရင်ဖန်တာဖြစ်တတ်ပြီးမှည့်လွန်းရင်
ပျော်ဝင်သွားတတ်ပါတယ်။

ငှက်ပျောသီးကိုအခွံခွာ၊ထက်ခြမ်းခွဲပြီး(၄)စိတ်
ရအောင်ပိုင်းကာထုံးရည်ကြည်လေးထဲ(၅)
မိနစ်ခန့်စိမ်ထားပါ။
စတီးအိုးတစ်လုံးမှာ သစ်ကြပိုးခေါက်ကိုဖဲ့ခြွေပြီးအနံ့မွှေးလာအောင်လှော်ပါ။

အနံ့မွှေးလာလျှင်အုန်းနိူ့လက်ဖက်ရည်ပန်း
ကန်လုံး(၃)လုံးစာကိုထည့်ပြီးကျိုပါ။
ဆွမ်းမွှေးရွက်ကိုထုံးချည်ထည့်ပါ။
ဆားလက်ဖက်ရည်ဇွန်းတဝက်ခန့်ထည့်ပါ။
သကြားတွေထည့်ပါ။
အုန်းနိူ့တွေကိုအဆီပြန်ပြီးအဖတ်၊အလိတ်တက်လာသည်အထိကျိုပြီးရင်ထုံးရည်စိမ်ထားတဲ့

ငှက်ပျောသီးတွေကိုရေစစ်ပြီးထည့်ပါ။
အဖုံးပိတ်ပြီးမီးရှိန်အေးအေးမှာ(၂၅)မိနစ်မှ
နာရီဝက်ခန့်ထိအငွေ့ဖြင့်ပေါင်းပေးပါ။
သစ်ကြပိုးခေါက်အစတွေနဲ့ဆွမ်းမွှေးရွက်ကိုပြန်လည်ဖယ်ရှားပြီးရင်ပူပူနွေးနွေးငှက်ပျောပေါင်း
လေးရပါပြီ။








Leave a Reply

Your email address will not be published.