ရှမ်းကော်ရည် ခေါက်ဆွဲပြုလုပ်နည်း

Food

ရှမ်းကော်ရည် ခေါက်ဆွဲ

လိုအပ်သော ပစ္စည်း
ရေစိမ်ခေါက်ဆွဲ – တစ်ထုပ် (၇ပွဲစာပြင်နိုင်ပါတယ်)
ကြက်သားပြုတ် သို့ ပေါင်းထား – တစိတ်
ကြက်သွန်ဖြူဆီချက် – တဇွန်း စားပွဲဇွန်း
နှမ်း +(ဟွားကျောက် )ဆီချက် – တဇွန်း
ကော်ရည် – ၃ဇွန်း
ပဲငံပြာရည် – တဇွန်း
ငရုပ်သီးဆီချက် – လိုသလောက်
မြေပဲထောင်း- တဇွန်း
ခရမ်းချဉ်သီးချက် – တဇွန်း
ကြက်သွန်မိတ် နံနံမိတ် -တဇွန်း
ပဲရွက် သို့ နှစ်သက်ရာအရွက်
ရှမ်းချဉ်(မုန်ညင်းချဉ်) လိုသလောက်

ကော်ရည်ကျိုရန်
ရေ – ၁လီတာခွဲ
ကြက်သွန်ဖြူ – ၂ မြောင်း
ဆား – ၁ဇွန်း စားပွဲဇွန်း
အချိုမှုန့် သို့ ဟင်းခပ်မှုန့် – ၁ဇွန်း
လိမ္မော်ရောင် အနည်းငယ် (food color)
ထန်းလျက် – ၃လုံး
ကော်မှုန့် – ၈၀ ဂရမ် ( စားပွဲဇွန်း ၈ဇွန်း)
ကော်မှုန့်ဖျော်ရန် ရေ – ၁၀၀ ml ( ၁၀ဇွန်းခန့် )
ကော်ရည်ခေါက်ဆွဲတွင်တပွဲလုံးအရသာကိုကော်ရည်ကယူပါတယ် ။

ကော်ရည်ကျိုနည်း
1.ဦးစွာရေဆူအရင်တည်ပါ။ကြက်သွန်ဖြူ ရိုက်ထည့်ပါ။ပါဝင်သောအရသာအားလုံးထည့်ပါ ။ ချိုငန်အရသာလေးပါတယ်။အရသာအနေတော်ရပါကအရောင်အနည်းငယ်ထည့်ပါ။မထည့်လည်းရပါတယ်။

2.ပွက်ပွက်ဆူကကော်မှုန့်နှင့်ရေရောဖျော်ထားသည်ကိုတဖက်မှဖြည်းဖြည်းလောင်းကတဖက်မှအဆက်မပျက်မွေပေးပါ။ ပြီးလျှင်မီးလျော့ကာပြန်ဆူလာပါကမီးဖိုမှချပြီးအသုံးပြုနိုင်ပါပြီ။
***ယခုပြုလုပ်ထားသည့့်အချိုးသည်ပွဲနှစ်ဆယ်ခန့်ပြင်၍ရသည်။မိမိပြုလုပ်မည့်ပွဲအရေအတွက်ကိုတိုင်းတာကိုချိန်ဆပြုလုပ်ပါရန်။

ကော်ရည်ခေါက်ဆွဲပြင်ဆင်ပုံ
1.ဦးစွာ ရေစိမ်ခေါက်ဆွဲကိုရေနွေးဖျောပါ ။ ရေစိမ်ခေါက်ဆွဲအခြောက်ဖြစ်ပါက၂နာရီခန့်ကြိုတင်ပြီးရေစိမ်ထားရမည်။ရေနွေးဖျောပြီးပါကပန်းက န်တွင်ထည့်ပါ။
2.ပြီးလျှင်အပေါ်မှကော်ရည် ၊ကြက်သွန်ဖြူ ဆီချက်၊နှမ်းဆီချက်၊ကြက်သား၊ခရမ်းချဉ်သီးချက်၊ငရုပ်သီး ဆီချက်၊ပဲငံပြာရည်၊မြေပဲကြက်သွန်မိတ်တို့ထည်ြ့ ပီးရှမ်းချဉ်ဖြင့်တွဲဖက်သုံးဆောင်နိုင်ပါပြီ။
❀နှစ်သက်ပါကပဲရွက်မုန်ညင်းရွက်တို့ဖြင့်ရော၍သုံးဆောင်နိုင်ပါသည်။

❀ဂျုံခေါက်ဆွဲနဲ့လုပ်လျှင်ဂျုံကော်ရည်၊ဆန်ပြားေ ခါက်ဆွဲဖြင့်ဆန်ပြားကော်ရည်ရပါတယ်ရှင်။ပါဝင်ပစ္စည်းအားလုံးမှာအတူ တူဖြစ်ပါတယ်။
❀#ဟွားကျောက် ခေါ်ဇီချွမ်းငရုပ်ကောင်းကိုစျေးနှ င့်စူပါမာကတ်များတွင်ရနိုင်ပါတယ်။
❀နှမ်းဟွားကျောက်ဆီချက်ပြုလုပ်ရန်
နှမ်းလှော် တစ်ပန်းကန်
ဟွားကျောက်မှုန့် – တစ်ဇွန်း စားပွဲဇွန်း
ဆီပူ – တစ်ပန်းကန်

ပြုလုပ်ပုံ
နှမ်းလှော်ကိုထောင်းပြီးစတီးသို့မဟုတ်ကြွေပန်းကန်တွင်ထည့်ပါ။
#ဟွားကျောက် ကိုလှော်ပြီးထောင်းထားပါ။
နှမ်းလှော်ထောင်းတစ်ပန်းတွင်ဟွားကျောက်မှုန့် တစ်ဇွန်းထည့်ပါ။
မီးဖိုပေါ်တွင်ဆီတစ်ပန်းကန်စာအပူပေးပြီးအနည်းငယ်ကျွမ်းအောင်တည်ထားပါ။

ဆီပူပါကနှမ်းလှော်ထောင်းနှင့်ဟွားကျောက်အရောပန်းကန်တွင်လောင်းထည့်ပြီးအဖုံးအုပ်ထားပါ။၅မိနစ်ခန့်တွင်သုံးရန်အသင့်ဖြစ်ပါပြီ။
နှမ်းထောင်းနှင့်ဟွားကျောက်ကိုမရောဘဲသီးသန့်ဆီလည်းပြုလုပ်နိုင်ပါတယ်။
#Credit…Sofia Food Paradise

Leave a Reply

Your email address will not be published.