သားဖြစ်သူရဲ့အသုဘစျာပနာပွဲမှာ ဆုံခဲ့သောအသက်၁၇နှစ်အရွယ်ကောင်လေးကို မြင်မြင်ချင်းချစ်မိသွားခဲ့သည့် အသက်၇၁နှစ်အရွယ်အဖွား




အချစ်မှာ တစ်ဦးနဲ့တစ်ဦးကြား အသက်အရွယ်သည် ကိန်းဂဏန်းတစ်ခုသာဖြစ်ပြီး ရုပ်ရည်ပကာသနတွေနဲ့လည်းမသက်ဆိုင်ပေ။




သို့ဖြစ်၍ အမေရိကန်နိုင်ငံမှ အသက်၇၁နှစ်အရွယ် အဖွားအိုတစ်ဦးသည် ထိုအသက်အရွယ်ရောက်မှ သူမရဲ့မြေးလောက်




သာရှိသော အသက်၅၄နှစ်တောင်ကွာသည့်ကောင်လေးနဲ့ အိမ်ထောင်ထပ်ပြုခဲ့သောအဖြစ်အပျက်လေးသည် အများရဲ့ပြောစရာဖြစ်လာခဲ့သည်။




အဖွားအိုရဲ့ခင်ပွန်းသည် သူတို့အိမ်ထောင်သက်တမ်း ၄၃နှစ်အကြာမှာ ဆုံးပါးသွားခဲ့ပြီး မကြာမီသံယောဇဥ်တွယ်စရာ တစ်ယောက်တည်းသာရှိသော သားဖြစ်သူကလည်း




အူအတက်ပေါက်ပြီး ရုတ်တရက် ဆုံးပါးသွားခဲ့ရာ အဖွားအိုမှာ အရမ်းကြေကွဲဝမ်းနည်းခဲ့သည်။




သို့ပေမယ့် အဖွားအိုသည် သားဖြစ်သူရဲ့ အသုဘစျာပနာအခမ်းအနားပွဲပြုလုပ်ပေးနေချိန်အတွင်း အသက်၁၇နှစ်သာရှိသေးသော ကောင်လေးတစ်ဦးနဲ့ ဆုံခဲ့ရာ မြင်မြင်ချင်းမှာပဲ




သူတို့နှစ်ဦးကချစ်ကြိုက်ခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် မင်္ဂလာပွဲကျင်းပခဲ့ကြသည်။




Rain (For Ialinks)
Crd