သူမနှင့်ခရီးအတူတူထွက်ပေးရန် အဖော်အဖြစ်မိန်းကလေးတစ်ဦးကို ခရီးစရိတ်အတွက်အကုန်ကျခံကာ i Phoneတစ်လုံးကိုပါလက်ဆောင်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သော အမျိုးသမီးကြီးတစ်ဦး

International News

သူမနှင့်ခရီးအတူတူထွက်ပေးရန် အဖော်အဖြစ်မိန်းကလေးတစ်ဦးကို ခရီးစရိတ်အတွက်အကုန်ကျခံကာ i Phone

တစ်လုံးကိုပါလက်ဆောင်ပေးမည်ဖြစ်ကြောင်း ကြေညာခဲ့သော အမျိုးသမီးကြီးတစ်ဦး

တရုတ်နိုင်ငံ အလယ်ပိုင်း Henanပြည်နယ် Zhengzhouမြို့တွင် နေထိုင်သော အသက်၆၃နှစ်အရွယ် အမျိုးသမီးကြီး

တစ်ဦးသည် ခင်ပွန်းဖြစ်သူနဲ့ သမီးလေးတစ်ယောက်ရှိသော်လည်း သူမခရီးထွက်ချင်သည့်နေရာသို့ အဖော်လိုက်
ပေးမည့် မိန်းကလေးတစ်ဦးကို ဌားရမ်းရန် ကြေညာခဲ့သည်။

ခင်ပွန်းဖြစ်သူက အကြီးတန်းအင်ဂျင်နီယာတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်နေဆဲဖြစ်ပြီး သမီးလေးကလည်း နိုင်ငံခြားမှာ

အလုပ်ဝင်နေ၍ အမျိုးသမီးကြီးမှ သူတို့အားအနှောင့်အယှက်မပေးလိုတာကြောင့် သူမရဲ့ခရီးစဉ်အတွက်ကို အဖော်တစ်ယောက်ဌားခဲ့ခြင်းဖြစ်သည်။

အမျိုးသမီးကြီးသည် တရုတ်နိုင်ငံတောင်ပိုင်းရှိ ဟိုင်နန်ကျွန်းဆီသို့ အလည်အပတ်ခရီးထွက်ရာတွင် လိုက်ပေးမည့်

အဖော်မိန်းကလေးအနေနဲ့ သွက်လက်ပြီး အသက်၂၅နှစ်အောက်ဖြစ်ကာ ခရီးစရိတ်စကနှင့် စားတာသောက်တာ

အားလုံးအတွက်ပေးစရာမလိုပဲ အခမဲ့အပြင် iPhoneတစ်လုံးကိုပါ ဘောနပ်စ်လက်ဆောင်အဖြစ်ပေးအပ်မည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Rain (For Ialinks)
Crd

Leave a Reply

Your email address will not be published.