KGZ ရဲဘော်နဲ့ ရဲမေတို့ရဲ့ မင်္ဂလာအခမ်းအနား
မြေလတ်အသံ၊ ဇူလိုင်၁၂၊ ၂၀၂၂။
Karenni Generation Z အဖွဲ့က ရဲဘော်နဲ့ ရဲမေ တို့ရဲ့ မင်္ဂလာပွဲအခမ်းအနားကို ဇူလိုင်လ ၁၁ရက်မနေ့က နှစ်ဖက်မိဘတွေနဲ့ တပ်မ ၅ခုက ရဲဘော်တွေနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
သတို့သားနဲ့ သတို့သမီး ရဲဘော်၂ဦးစလုံးဟာ ကရင်နီပြည်နယ်ဘက်က ဒေသခံတွေပဲဖြစ်ပြီး ပြင်ပဧည့်သည်တွေမပါပဲ KGZ ရဲဘော်တွေနဲ့ ပဲ အခမ်းအနားကျင်းပခဲ့ကြတယ်လို့ Karenni Generation Z တာဝန်ခံက ပြောပါတယ်။
” တပ်မ ၁ ၂ ၃ ၄ ၅ ရဲဘော် ရဲမေတွေနဲ့ပဲကျင်းပပြုလုပ်တယ်၊ ရဲဘော် ရဲမေတွေရဲ့ မိဘတွေခေါ်ပြီးလက်ထပ်ခဲ့ကြပါတယ်၊အကျွေးအမွေးကတော့ ထမင်းနဲ့ဝက်သား ကျွေးပါတယ်” လို့ Karenni Generation Z တာဝန်ခံကပြောပါတယ်။
မနက် ၉ နာရီကနေ နေ့လယ် ၁၂နာရီအထိ ပြုလုပ်ခဲ့ကြပြီး မင်္ဂလာအခမ်းအနားပြီးတဲ့အချိန်မှာ ရဲဘော်တွေကို လက်ဝှေ့အားကစားပွဲကျင်းပပေးခဲ့ကာ ပထမဆု ၃သောင်းနဲ့ ဒုတိယဆု ၂သောင်း ဆုပေးခဲ့တယ်လို့ သိရပါတယ်။
ဓါတ်ပုံ – Karenni Generation Z
#မြေလတ်အသံ

Crd