Zawgyi
ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ဒိုင္ႏိုေဆာစက္႐ုပ္ တီထြင္မႈ ေအာင္ျမင္ၿပီ (ျမန္မာေတြ မညံ့ပါဘူး၊ ပံ့ပိုးမႈ မရွိတာပါ)
ျမန္မာႏိုင္ငံရဲ႕ ပထမဆုံး ဒိုင္ႏိုေဆာ စက္႐ုပ္တီထြင္မႈ ေအာင္ျမင္ခဲ့ၿပီလို႔ သိရပါတယ္။ အခ်ိန္ (၂) လနီးပါး ျပဳလုပ္ခဲ့ရတဲ့ ဒိုင္ႏိုေဆာစက္႐ုပ္ကို ၿပီးခဲ့တဲ့ ေသာၾကာေန႔ကပဲ ေအာင္ျမင္စြာ ၿပီးစီးခဲ့တယ္လို႔ တီထြင္သူ ကိုေအာင္ေက်ာ္က သူ႔ရဲ႕ လူမႈကြန္ယက္အေကာင့္မွာ ေရးသားခဲ့ပါတယ္-
“ဒီေန႔ေတာ့ ၿပီးသြားပါၿပီ ခင္မ်ာ။ နည္းပညာ ရွာေဖြၿပီး အဆင့္ဆင့္ စမ္းသပ္မႈေတြနဲ႔ ျပဳလုပ္ရမည့္ ပစၥည္း မျပည့္စုံတာေတြေၾကာင့္ ၾကာသင့္တဲ့ အခ်ိန္ထက္ ပိုၾကာသြားပါတယ္။ ဒီထက္ အဆင့္ျမင့္ၿပီး အရည္ေသြးေကာင္းတဲ့ စက္႐ုပ္ေလးေတြ လုပ္ခ်င္ပါေသးတယ္ အပ္မည့္သူရွိရင္ေပါ့။”
ကိုေအာင္ေက်ာ္ဟာ အဆိုပါ ထ႐ိုင္ဆီရာေတာ့ဒ္ အမ်ိဳးအစား ဒိုင္ႏိုေဆာစက္႐ုပ္ကို တတ္ကြၽမ္းထားတဲ့ စက္႐ုပ္နည္းပညာကို အေျခခံကာ အြန္လိုင္းမွ ေလ့လာမႈ ျပဳလုပ္ၿပီး တီထြင္ခဲ့တယ္လို႔ သိရပါတယ္။
နည္းပညာပံ့ပိုးမႈနဲ႔ ပစၥည္းျပည့္ျပည့္စုံစုံသာ ရွိရင္ ယခုထက္ ပိုအဆင့္ျမင့္တဲ့ စက္႐ုပ္ေတြကို တီထြင္ဖန္တီးႏိုင္မွာ ျဖစ္တယ္လို႔ ကိုေအာင္ေက်ာ္က ေျပာပါတယ္။ ျမန္မာႏိုင္ငံမွာ ယခုလို ႐ြက္ပုန္းသီး ပညာရွင္ေတြ အမ်ားအျပား ရွိၿပီး စီးပြားေရးလုပ္ငန္းရွင္ႀကီးေတြ အေနနဲ႔ ေျမေတာင္ေျမႇာက္ ေပးသင့္တယ္လို႔ ျပည္သူမ်ားက မွတ္ခ်က္ခ်ေနၾကပါတယ္။
ျမန္မာျပည္က ပညာရွင္ေတြ အေနနဲ႔ ဂ်ပန္ႏိုင္ငံ ဟြန္ဒါကုမၸဏီက စက္႐ုံ မတီထြင္ႏိုင္မီ ၇ ႏွစ္ခန႔္ ေစာၿပီး တီထြင္ခဲ့တဲ့ သမိုင္းမွတ္တမ္းမ်ား ရွိခဲ့ၿပီး အာဏာရွင္ အစိုးရေတြရဲ႕ ဖိႏွိပ္မႈေၾကာင့္ ဆက္လက္ တီထြင္ႏိုင္ျခင္း မရွိခဲ့ဘဲ သုေတသန လုပ္ငန္းေတြအားလုံး ဝမ္းနည္းဖြယ္ရာ ရပ္ဆိုင္းခဲ့ရတာ ျဖစ္ပါတယ္။
ကိုေအာင္ေက်ာ္လိုမ်ိဳး ပညာရွင္ေတြကိုသာ စုစည္းၿပီး လူအား ေငြအား အျပည့္နဲ႔ သုေတသန တီထြင္မႈ လုပ္ငန္းေတြ ေဆာင္႐ြက္မယ္ဆိုပါက ျမန္မာ့ပညာေရး အဆင့္အတန္းလည္း ျမင့္မားလာၿပီး စက္မႈလုပ္ငန္းေတြလည္း တိုးတက္လာမွာ ျဖစ္ပါတယ္။
ဒါေပမယ့္ တိုင္းျပည္တိုးတက္ေရး ေခါင္းထဲမွာ မရွိဘဲ ကိုယ့္အာဏာတည္ၿမဲေရးသာ လုပ္ေနတဲ့ အာဏာသိမ္း လူတစုေၾကာင့္ ျမန္မာျပည္ရဲ႕ လက္ရွိအေျခအေနဟာ ပညာေရး၊ စီးပြားေရး၊ က်န္းမာေရး က႑ေတြ ၿပိဳလဲၿပီး ေနာက္ျပန္ဆုတ္သြားတာကို ဝမ္းနည္းဖြယ္ရာ ျမင္ေတြ႕ေနရပါတယ္။ (ကိုေအာင္ေက်ာ္ရဲ႕ ဒိုင္ႏိုေဆာ စက္႐ုပ္ လႈပ္ရွားမႈ ဗီဒီယိုဖိုင္ေတြကို ကြန္းမန႔္မွာ ၾကည့္ရႈႏိုင္ပါတယ္)
Unicode
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒိုင်နိုဆောစက်ရုပ် တီထွင်မှု အောင်မြင်ပြီ (မြန်မာတွေ မညံ့ပါဘူး၊ ပံ့ပိုးမှု မရှိတာပါ)
မြန်မာနိုင်ငံရဲ့ ပထမဆုံး ဒိုင်နိုဆော စက်ရုပ်တီထွင်မှု အောင်မြင်ခဲ့ပြီလို့ သိရပါတယ်။ အချိန် (၂) လနီးပါး ပြုလုပ်ခဲ့ရတဲ့ ဒိုင်နိုဆောစက်ရုပ်ကို ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အောင်မြင်စွာ ပြီးစီးခဲ့တယ်လို့ တီထွင်သူ ကိုအောင်ကျော်က သူ့ရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားခဲ့ပါတယ်-
“ဒီနေ့တော့ ပြီးသွားပါပြီ ခင်မျာ။ နည်းပညာ ရှာဖွေပြီး အဆင့်ဆင့် စမ်းသပ်မှုတွေနဲ့ ပြုလုပ်ရမည့် ပစ္စည်း မပြည့်စုံတာတွေကြောင့် ကြာသင့်တဲ့ အချိန်ထက် ပိုကြာသွားပါတယ်။ ဒီထက် အဆင့်မြင့်ပြီး အရည်သွေးကောင်းတဲ့ စက်ရုပ်လေးတွေ လုပ်ချင်ပါသေးတယ် အပ်မည့်သူရှိရင်ပေါ့။”
ကိုအောင်ကျော်ဟာ အဆိုပါ ထရိုင်ဆီရာတော့ဒ် အမျိုးအစား ဒိုင်နိုဆောစက်ရုပ်ကို တတ်ကျွမ်းထားတဲ့ စက်ရုပ်နည်းပညာကို အခြေခံကာ အွန်လိုင်းမှ လေ့လာမှု ပြုလုပ်ပြီး တီထွင်ခဲ့တယ်လို့ သိရပါတယ်။
နည်းပညာပံ့ပိုးမှုနဲ့ ပစ္စည်းပြည့်ပြည့်စုံစုံသာ ရှိရင် ယခုထက် ပိုအဆင့်မြင့်တဲ့ စက်ရုပ်တွေကို တီထွင်ဖန်တီးနိုင်မှာ ဖြစ်တယ်လို့ ကိုအောင်ကျော်က ပြောပါတယ်။ မြန်မာနိုင်ငံမှာ ယခုလို ရွက်ပုန်းသီး ပညာရှင်တွေ အများအပြား ရှိပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးတွေ အနေနဲ့ မြေတောင်မြှောက် ပေးသင့်တယ်လို့ ပြည်သူများက မှတ်ချက်ချနေကြပါတယ်။
မြန်မာပြည်က ပညာရှင်တွေ အနေနဲ့ ဂျပန်နိုင်ငံ ဟွန်ဒါကုမ္ပဏီက စက်ရုံ မတီထွင်နိုင်မီ ၇ နှစ်ခန့် စောပြီး တီထွင်ခဲ့တဲ့ သမိုင်းမှတ်တမ်းများ ရှိခဲ့ပြီး အာဏာရှင် အစိုးရတွေရဲ့ ဖိနှိပ်မှုကြောင့် ဆက်လက် တီထွင်နိုင်ခြင်း မရှိခဲ့ဘဲ သုတေသန လုပ်ငန်းတွေအားလုံး ဝမ်းနည်းဖွယ်ရာ ရပ်ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။
ကိုအောင်ကျော်လိုမျိုး ပညာရှင်တွေကိုသာ စုစည်းပြီး လူအား ငွေအား အပြည့်နဲ့ သုတေသန တီထွင်မှု လုပ်ငန်းတွေ ဆောင်ရွက်မယ်ဆိုပါက မြန်မာ့ပညာရေး အဆင့်အတန်းလည်း မြင့်မားလာပြီး စက်မှုလုပ်ငန်းတွေလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တိုင်းပြည်တိုးတက်ရေး ခေါင်းထဲမှာ မရှိဘဲ ကိုယ့်အာဏာတည်မြဲရေးသာ လုပ်နေတဲ့ အာဏာသိမ်း လူတစုကြောင့် မြန်မာပြည်ရဲ့ လက်ရှိအခြေအနေဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ကဏ္ဍတွေ ပြိုလဲပြီး နောက်ပြန်ဆုတ်သွားတာကို ဝမ်းနည်းဖွယ်ရာ မြင်တွေ့နေရပါတယ်။ (ကိုအောင်ကျော်ရဲ့ ဒိုင်နိုဆော စက်ရုပ် လှုပ်ရှားမှု ဗီဒီယိုဖိုင်တွေကို ကွန်းမန့်မှာ ကြည့်ရှုနိုင်ပါတယ်)
crd