ပုစွန်ခြောက်ခရမ်းသီးနှပ်

Food

ပုစွန်ခြောက်ခရမ်းသီးနှပ် ခရမ်းသီးကို နူ

းအိနေပြီး သဘာဝအချိုဓာတ်ကဲအောင် ပုစွန်ခြောက်နဲ့ နှပ်ထားတဲ့ ပုစွန်ခြောက်ခရမ်းသီးနှပ်ရဲ့ အရသာက လျှာပေါ်မှာစွဲပြီး အကြိုက်တွေ့ကြမှာပါ အနှစ်များများနဲ့ ချက်ထားတာဆိုတော့ ထမင်းဖြူလေးနဲ့ နယ်ဖတ်ပြီးစား Very Good ပဲ

ဒါ့အပြင်အရသာရှိတဲ့ ပုစွန်ခြောက်ခရမ်းသီးနှပ်မှာ ကိုယ်ခံစွမ်းအားကို တိုးမြှင့်ပေးတဲ့ ဗီတာမင်ဓာတ်နဲ့ သံဓာတ်တို့ ပါဝင်သလို တခြား ဗီတာမင်နဲ့ သတ္ထုဓာတ်မျိုးစုံပါဝင်တဲ့အတွက် မိသားစုအတွက် ရောဂါတွေကို တစ်ဖက်တလမ်းက ကာကွယ်သလိုလည်း ဖြစ်စေမှာပါ

ပါဝင်ပစ္စည်းများ

ခရမ်းသီး ၃ လုံး
ကြက်သားမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ပုစွန်ခြောက် လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း
ကြက်သွန်နီ ၁ လုံး (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ ၃ မြွှာ (နုပ်နုပ်စဉ်းထားပါ)
ဂျင်း ၁ စင်တီမီတာ (ထောင်းထားပါ)
ငရုတ်သီးစိမ်း ၅ တောင့် (ခပ်ကြီးကြီးလှီးထားပါ)
နနွင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ချက်ပြုတ်ပြင်ဆင်ပုံ
၁။ ခရမ်းသီးတွေကို ရေသေချာဆေးပြီး ကြက်သားမှုန့်နဲ့ ဆုပ်နယ်ပြီး ခဏနှပ်ထားပါ။
၂။ ဟင်းအနှစ်ရဖို့အတွက် အိုးကို မီးအပူပေးပြီး ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ နနွင်းမှုန့်၊ ဂျင်း၊ ငရုတ်သီးစိမ်းနဲ့ ပုစွန်ခြောက်မှုန့်တွေ ထည့်ကာမွှေပေးပြီး ရွှေရောင်သမ်းလာသည်အထိ ဆီသတ်ပါ။

၃။ ဆီသတ်ပြီးပါက ခရမ်းသီးကို လောင်းထည့်ပြီး အနှစ်တွေနဲ့ သမသွားအောင် မွှေပေးပါ။ ပြီးရင် ရေအနည်းငယ်ထည့်ပြီး တည်ထားပေးပါ။ ပုစွန်ခြောက်ကြိုက်ရင် အကောင်လိုက်ကို အနည်းငယ်ထပ်ထည့်ပေးပါ။

၄။ ဆီပြန်လာပြီး ခရမ်းသီးတွေ နူးလာပြီဆိုရင်တော့ ပုစွန်ခြောက်ခရမ်းသီးနှပ်လေး ရရှိပြီဖြစ်ပါတယ်။
ထမင်းဖြူလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်ပါပြီ။
ပုစွန်ခြောက်ခရမ်းသီးနှပ်ကို ဟင်းအနှစ်များများနဲ့ ချက်ပေးပါ။ ဟင်းအနှစ်များများရအောင် ကြက်သွန်နီ၊

ကြက်သွန်ဖြူနဲ့ ပုစွန်ခြောက်မှုန့် များများသုံးပေးပါ။ ခရမ်းသီးကို အလုံးလိုက်နပ်လည်းရသလို စိတ်ကြိုက်အတုံးလေးတွေ တုံးပြီးနပ်လည်းရပါတယ်။

မိမိနှင့် မိမိ၏ မိသားစုကျန်းမာရေးအတွက် အချိုမှုန့်လျော့သုံးပေးပါ။

ပုစှနခြှောကခြရမြးသီးနှပြ ခရမြးသီးကို နူးအိနပှေီး သဘာဝအခွိုဓာတကြဲအောငြ ပုစှနခြှောကနြဲ့ နှပထြားတဲ့ ပုစှနခြှောကခြရမြးသီးနှပရြဲ့ အရသာက လွှာပေါမြှာစှဲပှီး အကှိုကတြှေ့ကှမှာပါ အနှဈမွားမွားနဲ့ ခကွထြားတာဆိုတော့ ထမငြးဖှူလေးနဲ့ နယဖြတပြှီးစား Very Good ပဲ ဒါ့အပှငအြရသာရှိတဲ့ ပုစှနခြှောကခြရမြးသီးနှပမြှာ ကိုယခြံစှမြးအားကို တိုးမှှငြ့ပေးတဲ့ ဗီတာမငဓြာတနြဲ့ သံဓာတတြို့ ပါဝငသြလို တခှား ဗီတာမငနြဲ့ သတျထုဓာတမြွိုးစုံပါဝငတြဲ့အတှကြ မိသားစုအတှကြ ရောဂါတှကေို တဈဖကတြလမြးက ကာကှယသြလိုလညြး ဖှဈစမှောပါ








Leave a Reply

Your email address will not be published.