မြန်မာနိုင်ငံမှာတော့ ဆင်ဖြူတော်ဆိုပြီး တန်ဖိုးထားကြပေမယ့် တကယ့်လက်တွေ့ဘ၀မှာတော့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ပန်းရောင် ဆင်လေးအကြောင်း

Knowledge

Unicode

ဆင်တွေဟာ ကမ္ဘာပေါ်မှာ ခန္ဓာကိုယ်ကြီးထွားတဲ့သတ္တဝါအမျိုးအစားထံမှာ ပါဝင်သလို ၎င်းတို့ဟာ ချစ်စရာအကောင်းဆုံး တိရိစ္ဆာန်များထဲမှာ ပါဝင်တဲ့သတ္တဝါတွေပါဘဲ။

၎င်းတို့၏မျက်လုံးများဟာ အပြစ်ကင်းစင်ပြီး ဤတိရစ္ဆာန်များဟာ အလွန်ဖော်ရွေပြီး ချစ်ခင်စရာကောင်းကြပါတယ်။

၎င်းတို့ဟာ ငယ်ရွယ်စဉ်မှာ “ခွေးကလေး” လို စိတ်ဝိညာဉ်ကို ပိုင်ဆိုင်ထားကြပြီး အသက်တွေကြီးလာရင်တော့ ၎င်းတို့ကိုယ်ကို ဂရုစိုက်စောင့်ရှောက်လာတတ်ကြပါတယ်။

သို့ပေမဲ့ အသက်ကြီးလာတာနဲ့အမျှ ၎င်းတို့ဟာ ၎င်းတို့ရဲ့လူသားသူငယ်ချင်းတွေဆီကနေ ပွေ့ပိုက်ခံရခြင်းကို ချစ်နေကြတုန်းပါဘဲ။မကြာသေးမီက တောင်အာဖရိကတောရိုင်းတိရိစ္ဆာန်ဥယျာဉ်မှာ ရှားပါးတဲ့ albino ဆင်လေးတစ်ကောင်ကို ဖမ်းယူရိုက်ကူးမိခဲ့ပါတယ်။

မြင်တွေ့ရတဲ့အတိုင်းဘဲ ၎င်းဆင်လေးမှာ ပန်းနုရောင်ခြေသလုံးကြွက်သား၊ပန်းရောင်အမွေး၊ အသားအရေ နှင့် မျက်လုံးတို့ရှိတဲ့ ၎င်းဆင်လေးဟာ ဆင်အုပ်ကြီးထဲမှာ ပေါ်လွင်ထင်ရှာနေခဲ့ပါတယ်။

အရှေ့တောင်အာရှ နှင့် မြန်မာနိုင်ငံမှာတော့ ဒီလိုပန်းရောင်ဆင်ကို ဆင်ဖြူတော် ဆိုပြီး တန်ဖိုးထားကြပါတယ်

အချို့သော ကျွမ်းကျင်သူများက ၎င်းဆင်လေးက Leucism ဆိုတဲ့ရောဂါကြောင့် ၎င်းကဲ့သို့ အပန်းရောင် သို့မဟုတ် အဖြူရောင်ခန္ဓာကိုယ်ဖြစ်နေကြောင်းဆိုခဲ့ကြပေမဲ့ အကယ်လို့ Leucism သာဆိုရင်တော့ albinism နှင့်မတူဘဲ

၎င်းမျိုးရိုးဗီဇအခြေအနေဟာ တိရစ္ဆာန်ရဲ့မျက်လုံးများအပေါ်ကို မည်သည့် အကျိုးသက်ရောက်မှုမှရှိမှာမဟုတ်ဘူးလို့လည်း အခြားသောကျွမ်းကျင်သူများက ငြင်းဆိုခဲ့ကြပါတယ်။

တစ်ကယ်တော့ ၎င်းဆင်လေးဟာ albino အစစ်ပါ။၎င်းရဲ့အပန်းရောင်အသားအရေဖြစ်လာရခြင်းအကြောင်းက melanin မရှိခြင်းအပြင် အရေပြားကိုအရောင်ပေးတဲ့သဘာဝဆိုးဆေးတို့ကြောင့်ဘဲ ဖြစ်ပါတယ်။Albinism ရောဂါဟာ တိရစ္ဆာန်များရဲ့မျက်လုံးအရောင်ကိုပါ သက်ရောက်စေနိုင်ပါတယ်။

ကံမကောင်းစွာဖြင့် albino တိရိစ္ဆာန်များရဲ့ပန်းရောင်အသားက ၎င်းတို့ရဲ့အနာဂတ်မှာ ကြီးမားတဲ့စိန်ခေါ်မှုများကို ဖြစ်လာစေနိုင်ပါတယ်။၎င်းတိရိစ္ဆာန်များက သားကောင်များနှင့်တွေ့တဲ့အချိန်မှာ ထင်ရှားတဲ့အသားအရေကြောင့် ပိုဖြစ်နိုင်ခြေရှိနိုင်ပါတယ်။

၎င်းတို့အား ၎င်းတို့ရဲ့ကိုယ်ပိုင်အသိုင်းအဝိုင်းကပင် ငြင်းပယ်ခြင်းကို ခံရနိုင်ပါတယ်။

သို့ပေမယ့် အချို့သောတိရိစ္ဆာန်များက ၎င်းတို့ရဲ့အလေးသာမှုတွေကို ကျော်လွှားပြီး တောထဲမှာ ရအောင် ရှင်သန်နေထိုင်ကြရပါတယ်။ထို့ကြောင့် ဒီပန်းရောင်ဆင်ပေါက်လေးကလည်း ဘေးမသီရန်မခဘဲ ကျန်းမာစွာ ကြီးပြင်းလာလိမ့်မယ်လို့သာ မျှော်လင့်ဆုတောင်းနေမိပါတယ်။

Crd

Leave a Reply

Your email address will not be published.