ဆေးဘက်ဝင် တရုတ်စံကားပင် စားသုံးနည်း

Food

ဆေးဘက်ဝင် #တရုတ်စံကားပင်

တရုတ်စံကားပွင့်က အသည်းအဆီဖုံး ရောဂါကို သက်သာစေပြီး အဆီကျစေပါတယ်

တရုတ်စံကားပင်၏ ခါးသက်သက်အရသာ ရှိသောအရွက်က ဝမ်းမှန်၊ လေမှန်စေပါတယ်။ – ပန်းခြောက်ရေနွေးကြမ်းက အဆီကျစေပါတယ်။လေးဖက်နာ အတွက်လည်း ကောင်းကျိုးပြုပါတယ်။ – နားအူ၊ နားလေးခြင်းအတွက် တရုတ်စံကားအပွင့်နှင့် အရွက်တို့ကို ပုံစံအမျိုးမျိုး လုပ်၍ စားသောက်သင့်ပါတယ်။

တရုတ်စကားပန်းအနီပွင့်က နှလုံးသွေးကြောကျဉ်း သူတွေအတွက် အထူးကောင်းပါတယ်။ – ခန္ဓာကိုယ်ရောင်ရမ်းခြင်းအတွက် တရုတ်စံကားပင်၏ ပင်စည်အခေါက်ကို ပြုတ်၍ ရေချိုးပေးပါ။

ပန်းပွင့်တွင် triterprenoid amirin, lupeol နှင့် fulvoplumierin ဟူသော ဓာတ်များ ပါရှိနေကြပြီး ၎င်းဓာတ်ပေါင်းစုက အဖျားကြီးခြင်း၊ ကိုယ်တွင်းကိုယ်ပ ရောင်ရမ်းနာများနှင့် ခန္ဓာကိုယ်နာကျင် ကိုက်ခဲခြင်းတို့အတွက် ပဋိဇီဝအဖြစ် ဆေးစွမ်း ထက်မြက်စေနိုင်ပါတယ်။

တရုတ်စံကားပွင့်ကိုပြုတ်၍ စားသောက်ပေးခြင်းဖြင့် ဓမ္မတာရာသီလာစဉ် ကိုက်ခဲခြင်းကို သက်သာစေပါတယ်။

နေလောင်ဒဏ်ရာများအတွက် တရုတ်စံကားပွင့် ပြုတ်ရည်ဖြင့် လိမ်းပေးသင့်ပါတယ်။ – သွားပိုးစား၍ သွားကိုက်ခြင်းအတွက် အပွင့်နှင့် အရွက်တို့ကို ပြုတ်၍ရလာသော ပြုတ်ရည်ကို ငုံပေးပါ။

ဖက်ခွက်နာ၊ ပြည်တည်နာများ အနာမြုံ၍ နာကျင်ကိုက်ခဲခြင်း အတွက်ကိုလည်း တရုတ်စံကားအပွင့်နှင့် အရွက်တို့ကို အတန်ငယ်အပူပေး၍ သံလွင်ဆီသုတ်ကာ အနာပေါ်အုံပေးပါ။ ဆီးချို၊ သွေးချိုရောဂါအတွက် တရုတ်စံကားပင်၏ အမြစ်ကို လက်တစ်ဆစ်ခန့်ဖြတ်၍ ရေစင်စင်ဆေးပြီး နောက် နှစ်ခွက်၊ တစ်ခွက်တင်ကျို၍ သောက်ပေးပါ။ ဤဆေးရည်ကို တစ်နေ့တစ်ခွက်ပုံမှန်သောက်ပေးပါ။

အရေပြားပေါ် အနီအပိမ့်များထ၍ ယားနာခြင်းအတွက် အပွင့်နှင့်အရွက် တို့ကိုပြုတ်၍ ၎င်းပြုတ်ရည်ဖြင့် အရေပြားကိုပွတ်သပ်ပါ။ ၎င်းပြုတ်ရည်ဖြင့် ရေချိုးပါ။ – အပွင့်နှင့်အရွက်ထဲတွင် ဗီတာမင်စီ၊ ကစီဓာတ်၊ ရေငွေ့ဓာတ်များ ပါရှိနေ၍ အရိုးနှင့်သွားများကို ကောင်းစေပါတယ်။

Creditသမားတော်တိုင်းရင်းဆေး

Leave a Reply

Your email address will not be published.