ပြည်ပပြန်တွေဆီကနေကိုဗစ်အိုမီခရွန် မျိုးရိုးဗီဇာပြောင်း BA.4 နဲ့ BA.5 ကိုထပ်မံတွေ့( ထိုင်းမှာတော့ အကြီးအကျယ် ကူးနေပြီ )

News

ပြည်ပပြန်တွေဆီကနေ မြန်မာမှာ ကိုဗစ်အိုမီခရွန် မျိုးရိုးဗီဇာပြောင်း BA.4 နဲ့ BA.5 ကိုထပ်မံတွေ့

( ထိုင်းမှာတော့ အကြီးအကျယ် ကူးနေပြီမလို့ ရွှေမြန်မာများ သတိထားသင့်ပါတယ် )

မြန်မာမှာ ကိုဗစ်အိုမီခရွန် မျိုးရိုးဗီဇာပြောင်း BA.4 နဲ့ BA.5 ကိုထပ်မံတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။

ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားတွေမှာတွေ့တာလို့ ဖော်ပြထားပြီး ၎င်းတို့အား

ကိုဗစ်-၁၉ ရောဂါပိုး ဓာတ်ခွဲအတည်ပြုခဲ့စဉ်ကပင် သတ်မှတ်ရက်အတိုင်း သီးခြားထားရှိ ကုသမှုပေး ခဲ့ပြီး

ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိတယ်ဆိုပြီး

ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါပိုး တွေ့ရှိနိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာ

(၁၆)ခုအား ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇစစ်ဆေးခြင်းကို ဆေးသုတေသနဦးစီးဌာန (Department of Medical Research) တွင်

ဇွန်လ ၃၀ ရက်နေ့က ဆောင်ရွက်ခဲ့ရာ SARS-CoV-2 Variant Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်းရောဂါပိုး BA.4 ကို ဓာတ်ခွဲနမူနာ (၁)ခုတွင်လည်းကောင်း၊

BA.5 ကို ဓာတ်ခွဲနမူနာ (၅)ခုတွေ့ရှိခဲ့တာလို့ဆိုပါတယ်။ နိုင်ငံတကာလေ့လာတွေ့ရှိချက်များအရ

Omicron (အိုမီခရွန်) မျိုးရိုးဗီဇပြောင်း ရောဂါပိုးများ သည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးစီးသူများတွင်

ရောဂါလက္ခဏာ ပြင်းထန် မှုနှင့် သေဆုံးမှုတို့ လျော့နည်းကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာရဲ့အိမ်နီးချင်းထိုင်းနိုင်ငံတွင်ကိုဗစ်ကူးစက်မှုမြင့်တက်နေသလို

ထိုင်းနိုင်ငံတွင် Covid-19 ရောဂါဖြစ်ပွားမှုအရေအတွက်သည် လာမည့်အပတ်မှစတင်ကာ မြင့်တက် လာမည်ဖြစ်ပြီး

စက်တင်ဘာလတွင် ထိပ်ဆုံးသို့ရောက်ရှိသွားမည်ဖြစ်ကြောင်း Covid-19 အခြေအနေစီမံခန့်ခွဲရေးဗဟိုဌာန

(CCSA) မှပြောခွင့်ရသူကသတိပေး ပြောကြား ထားပါတယ်။crd

Leave a Reply

Your email address will not be published.