မိခင်မှ အလုပ်ကနေအိမ်သို့ပြန်ရောက်စဉ် သားဖြစ်သူမှာ ငိုယိုနေသဖြင့် မေးမြန်းရာ ယူကြုံးမရဖြစ်ခဲ့တဲ့ မိခင်
Local News
Zawgyi
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဥာဏသိဒ္ဓိရပ်ကွက်အတွင်း (၉)နှစ်သား ကလေးငယ်တစ်ဦးအား အသက် (၆ဝ)အရွယ် အမျိုးသားကြီးတစ်ဦးက
ဒေါ် —– (၃၈)နှစ်သည် ယမန်ည (၈းဝဝ)နာရီအချိန်ခန့်က မိမိတာဝန်ထမ်းဆောင်သည့် ဌာန ရုံးမှ အိမ်သို့ ပြန်ရောက်စဉ် မိခင်ဖြစ်သူ ဒေါ်—- မှ ၄င်း၏သားဖြစ်သူ မောင်—- တတိယတန်းတွင် ပညာသင်ကြားနေသူသည်
Unicode
မိခင်မှ အလုပ်ကနေအိမ်သို့ပြန်ရောက်စဉ် သားဖြစ်သူမှာ ငိုယိုနေသဖြင့် မေးမြန်းရာ ယူကြုံးမရဖြစ်ခဲ့တဲ့ မိခင်
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက်အတွင်း (၉)နှစ်သား ကလေးငယ်တစ်ဦးအား အသက် (၆ဝ)အရွယ် အမျိုးသားကြီးတစ်ဦးက
ဓမ္မတာနှင့်ဆန့်ကျင်သည့် အဓမ္မပြုကျင့်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်းသိရသည်။အဆိုပါဖြစ်စဉ်မှာ ဇမ္ဗူသီရိမြို့နယ်၊ ဉာဏသိဒ္ဓိရပ်ကွက် နေထိုင်သူ
ဒေါ် —– (၃၈)နှစ်သည် ယမန်ည (၈းဝဝ)နာရီအချိန်ခန့်က မိမိတာဝန်ထမ်းဆောင်သည့် ဌာန ရုံးမှ အိမ်သို့ ပြန်ရောက်စဉ် မိခင်ဖြစ်သူ ဒေါ်—- မှ ၎င်း၏သားဖြစ်သူ မောင်—- တတိယတန်းတွင် ပညာသင်ကြားနေသူသည်
နံနက် (၁ဝ းဝဝ) နာရီကျော်ခန့်က တစ်တိုက်တည်းနေ ကိုကျော်နိုင်ဦး၏ အခန်းသို့ သွားရောက်ကာ ကိုကျော်နိုင်ဦး၏သားဖြစ်သူ မောင်စွမ်းထက်နိုင် (ခေါ်) မောင်ရှည်နှင့်အတူ ဆော့ကစားနေခဲ့စဉ်
ကိုကျော်နိုင်ဦး၏ ယောက္ခမ ဖြစ်သူ ဦးသာညို (၆ဝ)နှစ်မှ မောင်—- အား ဓမ္မတာနှင့်ဆန့်ကျင်၍ (၆)ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး၊ မေ (၁၁)ရက် နံနက်ပိုင်းကလည်း (၄)ကြိမ်ထမ်မံ၍ အဓမ္မပြုကျင့်ခဲ့ကြောင်းကို ငိုယို၍ ပြောပြခဲ့သည်။ထို့နောက် မိခင်ဖြစ်သူ ဒေါ် — က သားဖြစ်သူ မောင်—- အား
သေချာအောင်ထပ်မံ မေးမြန်းကြည့်ရာ အဖွားတော်စပ်သူ ပြောပြသည့် ဖြစ်စဉ်အတိုင်း ဟုတ်မှန်ကြောင်း သားဖြစ်သူက ပြောပြသိရှိရသဖြင့် ဓမ္မတာနှင့်ဆန့်ကျင်၍
အဓမ္မပြုကျင့်ခဲ့သူ ဦးသာညိုအား ဥပဒေအရ အရေးယူပေးပါရန် မိခင်ဖြစ်သူက လာရောက်တိုင်ကြားခဲ့သောကြောင့် အမှတ် (၇)နယ်မြေရဲတပ်ဖွဲ့စခန်းမှ အမှုဖွင့်အရေးယူ ဆောင်ရွက်ထား ကြောင်းသိရသည်။crd
Leave a Reply
Your email address will not be published.