အဖွားအိုတစ်ယောက်လိုမိတ်ကပ်ခြယ်လိမ်းပြီး သတို့သားအား သူမအပေါ်တကယ်ချစ်မချစ်ကို စမ်းသပ်ခဲ့သော မိန်းကလေး




လူတိုင်းက ကိုယ်ချစ်တဲ့သူဆီကနေ ဘယ်လိုအခြေအနေမျိုးပဲရောက်ရောက် သူတို့အပေါ်အချစ်မလျော့စေချင်ကြသလို




တကယ်ချစ်မချစ်ကိုလည်း နည်းလမ်းမျိုးစုံနဲ့ စမ်းသပ်ကြည့်တာမျိုး ပြုလုပ်တတ်ကြသည်။




ယခုတွင်လည်း တရုတ်နိုင်ငံ Shenzhenပြည်နယ်တွင် နေထိုင်သော ချစ်သူစုံတွဲနှစ်ဦးသည် လက်ထပ်ရန်ကြိုစီစဥ်




ထားကြပြီး တစ်လလောက်အလိုကတည်းက မင်္ဂလာစုံတွဲရိုက်ထားရန် ပြင်ဆင်ခဲ့ကြသည်။




သတို့သားသည် မင်္ဂလာစုံတွဲရိုက်ဖို့ မိတ်ကပ်နှင့်အလှပြင်နေသော သတို့သမီးလေးကို စိတ်ရှည်ရှည်နဲ့ စောင့်နေပေးခဲ့




သော်လည်း သတို့သမီးကိုမြင်လိုက်စဥ် အသက်၇၀အရွယ်အဖွားကြီးတစ်ယောက်လိုဖြစ်နေ၍ သိပ်တောင်မမှတ်မိပဲ ဖြစ်ခဲ့ရသည်။




သတို့သမီးလေးသည် သူမဘဝရဲ့အနာဂတ်ခင်ပွန်းလောင်းဖြစ်မည့်သူအား သူမအပေါ်မှာ အသက်တွေကြီးသွားသည်ထိ




ချစ်နိုင်ပါ့မလားဆိုပြီး စိုးရိမ်စိတ်နဲ့ တကယ်ချစ်မချစ်သိရအောင် အဖွားအိုလိုမိတ်ကပ်ပြင်ခဲ့သည်။




သို့ပေမယ့်လည်း သတို့သားသည် ထိုအပြင်အဆင်ကြောင့် ဒေါသထွက်ကာ သူ့ကိုမလေးစားရာရောက်တယ်ဆိုပြီး မင်္ဂလာ




စုံတွဲဓာတ်ပုံလည်းမရိုက်တော့ပဲမိန်းကလေးကိုထားကာ ထွက်သွားခဲ့ပစ်တာကြောင့် ကြေကွဲဝမ်းနည်းခဲ့ရသည်။




Rain (For Ialinks)
Crd