Zawgyi
ဇနီးျဖစ္သူမွ အဝတ္ေလွ်ာ္ေနစဥ္ ခင္ပြန္းျဖစ္သူကို လွ်ပ္စစ္ေရေမာ္တာခလုတ္ မီးဖြင့္ခိုင္းရာ အျဖစ္ဆိုးႀကဳံလိုက္ရတဲ့ လင္မယား




မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ၿမိဳ႕နယ္ ထားဝယ္ေက်း႐ြာတြင္ ယမန္ေမ့နံနက္ ( ၁၁း၃၀)အခ်ိန္ခန႔္က ဓာတ္လိုက္၍ ေသဆုံးေနသူႏွစ္ဦး ေက်ာက္ဆည္ ျပည္သူ႔ေဆး႐ုံးႀကီးသို႔ေရာက္ရွိလာေၾကာင္း အေၾကာင္းၾကားသျဖင့္
ၿမိဳ႕မစခန္းမႈး ဒုရဲမႈးျမင့္ဦးႏွင့္ အဖြဲ႕ ၊ သက္ေသမ်ားႏွင့္အတူ သြားေရာက္ၾကည့္ရႈ စစ္ေဆးရာ ေသဆုံးသူ ကိုသက္ႏိုင္စိုး (၄၀)ႏွစ္ ၊ ဇနီးျဖစ္သူ မနန္းေစာေအး( ၃၉)ႏွစ္ ထားဝယ္ေက်း႐ြာေနသူတို႔ ျဖစ္ေၾကာင္း သိရသည္။၎တို႔ ေနအိမ္အေရွ႕ဘက္ရွိ ေရတုန္ကင္တြင္း၌
မနန္းေစာေအးမွ အဝတ္ေလွ်ာ္ရင္း ခင္းပြန္းျဖစ္သူကိုသက္ႏိုင္စိုးအား လွ်ပ္စစ္ေရေမာ္တာခလုတ္ မီးဖြင့္ခိုင္းရာ ဓာတ္ ႀကိဳးေပါက္ၿပဲေနရာမွ ဓာတ္လိုက္ၿပီး ဇနီးျဖစ္သူ လည္ပင္း ဓာတ္လိုက္ဒဏ္ရာ ၊ ခင္ပြန္းျဖစ္သူမွာ
ဝမ္းဗိုက္ႏွင့္ ညာလက္ခ်ိဳင္းတို႔တြင္ ဓာတ္လိုက္မီးေလာင္ဒဏ္ရာတို႔ ရ ရွိ ေသဆုံးေၾကာင္းသိရွိရသည္။၎တိုႏွစ္ဦးေသဆုံးမႈႏွင့္ ပက္သက္၍ ဓမၼတာအတိုင္းေသဆုံးျခင္း ဟုတ္မဟုတ္စစ္ေဆးႏိုင္ရန္ ေက်ာက္ဆည္ၿမိဳ႕မရဲစခန္း စခန္းမႈး ဒုရဲမႈးျမင့္ဦးမွ




အမႈအား စစ္ေဆးၿပီး ရဲလုပ္ငန္းမ်ား ၿပီးျပည့္စုံေအာင္ ေဆာင္႐ြက္လွ်က္ ၎အား ေက်ာက္ဆည္ေဆး႐ုံသို႔ မႈခင္းေဆးစာႏွင့္အတူ ပို႔အပ္ၿပီး တာဝန္က် ဆရာဝန္ေဒါက္တာ အိအိဝင္းမွ ကိုသက္ႏိုင္စိုးအား




မဏာမ ရင္ခြဲစစ္ေဆးခ်က္မနန္းေစာေအးအား စစ္ေဆးခဲ့ရာလင္မယားႏွစ္ေယာက္မွာ ႏွလုံးေသြးရပ္၍ ေသဆုံးခဲ့ျခင္းျဖစ္ေၾကာင္း လက္တေလာ စစ္ေဆးေတြ႕ရွိေၾကာင္း သိရသည္။




ေက်ာ္ေခါင္ (ေက်ာက္ဆည္)
Unicode
ဇနီးဖြစ်သူမှ အဝတ်လျှော်နေစဉ် ခင်ပွန်းဖြစ်သူကို လျှပ်စစ်ရေမော်တာခလုတ် မီးဖွင့်ခိုင်းရာ အဖြစ်ဆိုးကြုံလိုက်ရတဲ့ လင်မယား




မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ထားဝယ်ကျေးရွာတွင် ယမန်မေ့နံနက် ( ၁၁း၃၀)အချိန်ခန့်က ဓာတ်လိုက်၍ သေဆုံးနေသူနှစ်ဦး ကျောက်ဆည် ပြည်သူ့ဆေးရုံးကြီးသို့ရောက်ရှိလာကြောင်း အကြောင်းကြားသဖြင့်




မြို့မစခန်းမှုး ဒုရဲမှုးမြင့်ဦးနှင့် အဖွဲ့ ၊ သက်သေများနှင့်အတူ သွားရောက်ကြည့်ရှု စစ်ဆေးရာ သေဆုံးသူ ကိုသက်နိုင်စိုး (၄၀)နှစ် ၊ ဇနီးဖြစ်သူ မနန်းစောအေး( ၃၉)နှစ် ထားဝယ်ကျေးရွာနေသူတို့ ဖြစ်ကြောင်း သိရသည်။၎င်းတို့ နေအိမ်အရှေ့ဘက်ရှိ ရေတုန်ကင်တွင်း၌




မနန်းစောအေးမှ အဝတ်လျှော်ရင်း ခင်းပွန်းဖြစ်သူကိုသက်နိုင်စိုးအား လျှပ်စစ်ရေမော်တာခလုတ် မီးဖွင့်ခိုင်းရာ ဓာတ် ကြိုးပေါက်ပြဲနေရာမှ ဓာတ်လိုက်ပြီး ဇနီးဖြစ်သူ လည်ပင်း ဓာတ်လိုက်ဒဏ်ရာ ၊ ခင်ပွန်းဖြစ်သူမှာ




ဝမ်းဗိုက်နှင့် ညာလက်ချိုင်းတို့တွင် ဓာတ်လိုက်မီးလောင်ဒဏ်ရာတို့ ရ ရှိ သေဆုံးကြောင်းသိရှိရသည်။၎င်းတိုနှစ်ဦးသေဆုံးမှုနှင့် ပက်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ်စစ်ဆေးနိုင်ရန် ကျောက်ဆည်မြို့မရဲစခန်း စခန်းမှုး ဒုရဲမှုးမြင့်ဦးမှ




အမှုအား စစ်ဆေးပြီး ရဲလုပ်ငန်းများ ပြီးပြည့်စုံအောင် ဆောင်ရွက်လျှက် ၎င်းအား ကျောက်ဆည်ဆေးရုံသို့ မှုခင်းဆေးစာနှင့်အတူ ပို့အပ်ပြီး တာဝန်ကျ ဆရာဝန်ဒေါက်တာ အိအိဝင်းမှ ကိုသက်နိုင်စိုးအား




မဏာမ ရင်ခွဲစစ်ဆေးချက်မနန်းစောအေးအား စစ်ဆေးခဲ့ရာလင်မယားနှစ်ယောက်မှာ နှလုံးသွေးရပ်၍ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း လက်တလော စစ်ဆေးတွေ့ရှိကြောင်း သိရသည်။




ကျော်ခေါင် (ကျောက်ဆည်)
Crd