လွယ်လင့်တကူ လုပ်စားနိုင်ဖို့ လက်ဖက်ထမင်

Food

လက်ဖက်ထမင်း
————————————
Stay Home ကာလမှာ အိမ်မှာ လွယ်လင့်တကူ လုပ်စားနိုင်ဖို့ လက်ဖက်ထမင်း ပြုလုပ်နည်းကို မျှဝေပေးလိုက်ပါတယ်နော်..

လက်ဖက်ထမင်း ပါဝင်ပစ္စည်းများ

– ချက်ပြီသားထမင်း – ၃ယောက်စာ
– နှပ်ပြီသား လက်ဖက် – ထုပ်တဝက်
– အကြော်စုံ – ၁ထုပ်
– ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
– ငါးငံပြာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
– ဆား – လက်ဖက်ရည်ဇွန်း ၃ ပုံ၁ပုံ
– ဟင်းခတ်မှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
– ခရမ်းချဉ်သီး – ၄လုံး (အစေ့ထုတ်ပြီ ပါးပါးလှီးပါ)
တွဲဖက်သုံးဆောင်ရန် ပါဝင်ပစ္စည်း
– ကြက်ဥ ၃လုံး
– ဂေါဖီချဉ်

– ကြက်သွန်ဖြူ
– ငရုတ်သီးစိမ်း
– ဆလတ်ရွက်

ပြင်ဆင်နည်း
၁. အရင်ဆုံး ကြက်ဥ ကို ခွက်ထဲသို့ ဖောက်ထည့်ထားပေးပါ။
၂. ပြီမှ ဒယ်ထဲ ဆီနည်းနည်းထည့်ပြီ ဆီပူလာလျှင် ကြက်ဥ ပကျက်ကြော်ပေးပြီမှ ဆားအနည်းငယ် ဖြူးပေးပါ။

၃. ကြက်ဥကြော်မကြိုက်လျှင် ကြက်ဥကို ကျက်အောင်ပြုတ်ပြီ ၄စိပ်စိပ်ပြီ တွဲဖက် သုံးဆောင်လျှင်ရပါသည်။
လက်ဖက်ထမင်းသုပ်နည်း
၁. ဇောက်စတီဇလုံထဲ (ထမင်း၊ အကြော်စုံ၊ ခရမ်းချဉ်သီး) တို့ကို သမအောင်ရောနုယ်ပါ။

၂. ပြီလျှင် (ငါးငံပြာရည်၊ ဆား၊ ဟင်းခတ်မှုန့်၊ ဆီ) တို့ကို ထည့်ပေးပြီ သမအောင်ရောနုယ်ပေးရမှာပါ။
၃. လက်ဖက်ထမင်း ရပြီဆိုလျှင် ပန်းကန်လုံးထဲ လက်ဖက်ထမင်းထည့်ပေးပါ။
၄. ပြီမှ ပန်းကန်ပြားထဲ လက်ဖက်ထမင်းကို မှောက်ထည့်ပေးပါ။

၅. လက်ဖက်ထမင်းဘေးမှ ဂေါဖီချဉ်၊ ခရမ်းချဉ်သီး၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ ကြက်ဥ၊ ဆလတ်ရွက်များထည့်ပေးပြီ အရသာရှိသော လက်ဖက်ထမင်းကို သုံးဆောင်နိုင်ပါပြီ…

————————————








Leave a Reply

Your email address will not be published.